ဒေါ်အောင်ဆန်းစုကြည် အပြန် ခရီးစဉ် တစ်ခဲနက် ကြို ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နှင့် လွှတ်တော် အမတ် ဖြစ်သူ  ဒေါ်အောင်ဆန်းစုကြည်
သည်  ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့
၁၆ ရက်ကြာ သွား ရောက် ခဲ့ ပြီး ယနေ့   ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည် ရောက်
ရှိလာ သည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန် တွင် ရောက် ရှိလာ ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ဦး
တင်ဦး သရုပ်ဆောင် ထွန်း အိန္ဒြာဗိုလ် ၊ အဆိုတော် သျှီ နှင့် ထင် ရှား ကျော်ကြား သူ များ က သွား
ရောက် ကြို ဆို ခဲ့ ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အပြန် ခရီး တွင် ရန်ကုန် လေဆိပ် မှာ သည် နေ အိမ် လမ်း တစ်လျှောက် ထိ
ပြည်သူ များ ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့  ၀င် များ က ကြို ဆို ခဲ့ ကြသည်။

ဒေါ်အောင်ဆန်း စု ကြည် ၏ ဥရောပ ခရီးစဉ် အတွင်း နိုဘဲလ် ဆု ပို့ ချ မှု မိန့် ခွန်း အပါ အ၀င် ၊ ဗြိတိသျှ
လွှတ်တော် နှစ် ရပ် ပေါင်း ပါလီ မန်  တို့  တွင် သမိုင်း ၀င် မိန့် ခွန်း များ ပြော ကြား ခဲ့ သည်။

ငယ် စဉ် က စာ သင် ကြား ခဲ့ ရာ အောက်စဖိုဒ့်  တက္က သို လ် မှ ချီး မြှင့် သည့် တရား မမှု ဆိုင် ရာ ဒေါက်
တာ ဘွဲ့  ကို အခမ်း အနား ဖြင့် တက် ရောက် လက္ခံ ရယူ ချိန် တွင် လည်း မိန့် ခွန်း ပြော ကြား ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ အပြန် ခရီး ကို မင်္ဂလာ ဒုံ နှင့် မရမ်း ကုန်း မြို့  နယ် တွင် အခြေခံ ပညာ ကျောင်း
သူ ၊ ကျောင်းသား များ က ပါ ကြို ဆို ခဲ့ ကြသည်။

အသက် ၆၇ နှစ် အရွယ် ရှိ ဒေါ်အောင်ဆန်းစုကြည်  အား ကြို ဆို သူ များ က ” ဒေါ်အောင်ဆန်းစုကြည် သက်
တော် ရာ ကျော် ရှည် ပါ စေ ” ဟု ဆုတောင်း ကြွေး ကျော်ခဲ့ ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပ ခရီးစဉ် ဓာတ်ပုံ များ ကို ကြို ဆို နေသူ များ က ဗီနိုင်း ၊ ပိုစတာ များ
ထုတ် ပြီး ကြို ဆို ကြသလို NLD အလံ များ ဝှေ့ ယမ်း ပြီး လည်း ကြို ဆို ခဲ့ ကြသည်။

Photo Credit : Soe Zaya Htun ( Reuters) , AP, AFP , Getty  via Daylife ,  Nay Myo Zin