မြစ်ကြီးနား မှာ လူ့ အခွင့် အရေး နှင့် လူ့ ဂုဏ်သိက္ခာ အတွက် ဆန္ဒပြ

ကချင် ပြည်နယ် မြစ်ကြီးနား မြို့  တွင် ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံကချင်ပြည်သူ
လူထုများ အင်အား(၂၀၀၀)ခန့် မှ မြစ်ကြီးနားမြို့ တွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှု ပြု
ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆန္ဒပြ ပွဲ တွင် အစိုးရ မှ ဖမ်းဆီးထား သည့် ဦးဘရန်ရှောင် ၏ ဇနီး က ခရစ်ယာန် သင်းအုပ် ဆရာ
များ နှင့် အတူ သူမ ၏ ခင် ပွန်း ကို လွှတ်ပေး ရန် တောင်း ဆို ဆန္ဒပြ ခဲ့ သည်။

(၁) မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော စစ်ဘေးဒုက္ခသည်များ၏
လုံခြုံရေး ကိစ္စအ၀၀ အား လက်ရှိမြန်မာအစိုးရ မှ လုံးဝ တာဝန်ယူပေးရန် ။

(၂) မတရားသဖြင့် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား အမြန်ဆုံးပြန်လည်လွတ်ပေးရန်။

(၃) စစ်ဘေး ဒုက္ခသည်များ၏ လူ့ အခွင့်အရေးများအား လေးစားလိုက်နာရန် ။

(၄) တရားမျှတမှု ကို လေးစားလိုက်နာ ကျင့်သုံးသွားရန် ။

တို့ ဖြစ်ကြောင်းသိရသည် ။

By Jade Land via Aung Pan

3 thoughts on “မြစ်ကြီးနား မှာ လူ့ အခွင့် အရေး နှင့် လူ့ ဂုဏ်သိက္ခာ အတွက် ဆန္ဒပြ

  1. ဒီသတင်းကို ဘာကြောင့် BBC, VOA စတဲ့နာမည်ကြီးသတင်းဌာနတွေက မဖော်ပြတာပါလိမ့်…ဒီသတင်းကို ဖတ်ရတော့ မျက်ရည်ကျသည် အထိ စိတ်ထိခိုက်ရပါတယ်။

Comments are closed.