ဘိုရှီလိုင်း ရဲ့  ဇနီး ကျူးလွန် တယ် ဆိုတဲ့ လူသတ် မှု ကို စတင်ကြားနာ

ဗြိတိသျှ စီးပွား ရေး လုပ်ငန်း ရှင် နီးလ်း ဟေးဝဒ် သေဆုံး မှုမှာ သင်္ကာ မကင်း ဖြစ်ခံ ရတဲ့
တရုတ် ကွန်မြူနစ် ပါတီ ဗဟို နိုင်ငံရေး ဦးဆောင် ကော်မတီ  အဖွဲ့  ၀င် ဟောင်း (ပေါ်လစ်ဗျူရို )
တစ်ဦး ဖြစ်သူ ဘို ရှိ လိုင်း ရဲ့  ဇနီး ဖြစ်သူ ဂူကိုင်လိုင်း ကို ဒီနေ့  ချုံချင့် ပြည်နယ် နဲ့  မိုင် ၇၅၀
ကျော် ဝေးတဲ့ ဟိုင့်ဖိုင် မြို့  မှာ တရား သူကြီး တွေ က ကြား နား စစ်ဆေး တော့ မှာ ဖြစ် ပါတယ်။

ဟားဗတ် တက္ကသိုလ် မှ ပြည်သူ့ ရေးရာ စီမံ ခန့် ခွဲ မှု မဟာ ဘွဲ့  ကိုမေလ ရရှိခဲ့ သည့် ဘိုဂွာဂွာ
REUTERS/Brian Snyder/Files (UNITED STATES – Tags: POLITICS CRIME LAW)

အသက် ၅၃ နှစ် အရွယ် ရှိ ပြီ ဖြစ်တဲ့ ရှေ့ နေ တစ်ဦး ဖြစ်သူ ဂူကိုင်လိုင်း နဲ့  သူ့  လက် ထောက် တစ်ဦး
တစ်ဦး တို့  ဟာ ခင်ပွန်း ဖြစ်သူဘိုရှိလိုင်း ချုံချင့် ပြည် ပြည်နယ် ရဲ့  ကွန်မြူ နစ် ပါတီ အကြီး အကဲ ဖြစ်
ခဲ့ စဉ် က စီးပွားရေး သမားတစ်ဦး ဖြစ်သူ မစ္စတာ နီးလ်း ကို အဆိပ် ခတ် ပြီး သတ် ဖြတ် မှု နဲ့  စွပ်
ဆွဲ ခံ ထား ရ ပါတယ်။

ဘိုရှီလိုင်း (သို့  မဟုတ် ) တရုတ် နိုင်ငံ ရေး အာဏာ လွန် ဆွဲ ပွဲ

ဘို ရှိ လိုင်း ကို မတ်လက ပေါ်လစ် ဗျုရို အဖွဲ့  ၀င် ရာထူး နေရာက ရော ၊ ချုံ ချင့် ပြည်နယ် ပါတီ ခေါင်း
ဆောင် နေရာ က ပါ တရုတ် အစိုးရက  ဖယ် ရှား ခဲ့ ပါတယ်။

ဟားဗတ် တက္ကသိုလ် မှာ တက် ရောက် နေ တဲ့ ဘိုရှိလိုင်း ရဲ့  သား ဖြစ်သူ အသက် ၂၄ နှစ် အရွယ်
ဘို ဂွာ ဂွာ ကတော့ ” CNN သတင်း ဌာန ကို ပေး ပို့  ထား တဲ့ မျက် မြင် သက် သေ အစစ်ခံ ချက် မှတ်
တမ်း တွေ ကို ကိုးကား ပြီး သူ့  မိခင် ဖြစ်သူ မှာ အပြစ် မရှိ ဘူး ဆို တာ ယုံကြည် တယ် လို့  ကာ
ကွယ် ပြော ဆို ပါတယ်။

ဂူကိုင်လိုင်း ဘက် က နေ လိုက် ပါ ဆောင် ရွက် ဖို့  အတွက် တရုတ် အစိုးရ က ရှေ့  နေ စီစဉ် ပေးထား
ပါတယ်။

တရုတ် ရေးရာ ကျွမ်းကျင်သူ တွေ က တော့ ဘိုရှီလိုင်း ကို ဖယ်ရှား ပြီး  သူ့  ဇနီး ကို လူသတ်မှု နဲ့  စွပ်
ဆွဲထား တာ ဟာ နိုင်ငံရေး လုပ် ကြံ မှု ပဲ လို့  သုံး သပ် ကြ ပါတယ်။

တရား ရုံးမှာ ဒီနေ့  မနက် အစာ ပိုင်း ကတည်း က အစောင့် အကြပ် တွေ တိုး မြှင့် ချထား AFP

Bo Xi Lai, China , Scandal