အမေရိကန် အစိုးရ နိုင်ငံ ခြားရေး ၀န်ကြီးဌာ န ရဲ့  မှတ်တမ်းမှတ် ရာ တွေ ကို ပေါက်ကြား စေခဲ့
တဲ့ ၀ီကီလိခ် တည် ထောင် သူ ဂျူလီယန် အဆန်း ကို တောင် အမေရိကတိုက် နိုင်ငံ တစ်ခု ဖြစ်
တဲ့ အီကွေဒေါ နိုင်ငံ က နိုင်ငံ ရေး ခို လှုံ ခွင့် ပေး လိုက် ပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့  ကတည်း က လန်ဒန် မှာ ရှိ တဲ့ အီကွေ ဒေါ သံရုံး ကို ပြေး ၀င် ခို လှုံ ပြီး နိုင်ငံ
ရေး ခိုလှုံ ခွင့် တောင်း ခံ မှု ပြု လု့ပ် ခဲ့ တဲ့ အဆန်း ကို အီကွေ ဒေါ သမ္မတ ရာဖယ်(လ) ကော်ရီယာ
က သူ့  နိုင်ငံ မှာ နိုင်ငံ ရေး အရ ခို လှုံ ခွင့် ပြု ဖို့  ခွင့် ပြု လိုက် ပြီ ဖြစ်ပါတယ်။
ဗြိတိသျှ နိုင်ငံခြား ရေး ၀န်ကြီး ၀ီလျှံ ဟိဂ် က တော့ အဆန်း အနေနဲ့  အီကွေဒေါ နိုင်ငံ ကို ရောက် ဖို့ 
ဗြိတိသျှ မြေကို ကျော် ဖြတ် သွား ရ ဖို့  ဆို တာ မဖြစ် နိုင် ဘူး လို့  ဆို ပါတယ်။
လန်ဒန် က အီကွေဒေါ သံရုံး ရှေ့ မှာ တော့ ၀ီကီလိခ် တည် ထောင်သူ ဂျူလီယန် အဆန်း ကို ထောက်
ခံသူတွေ က အီကွေဒေါ နိုင်ငံ ရဲ့  ဆုံးဖြတ် ချက် ကို ကြို ဆို လိုက် ကြ ပြီး ၊ ဗြိတိသျှ အစိုးရ အနေနဲ့ 
လည်း အဆန်း ကို ဆက် ပြီး ဖိအာား မပေး ကြ ဖို့  တောင်း ဆို ခဲ့ ကြ ပါတယ်။
အီကွေ ဒေါ ပြည်သူ တွေ က တော့ သူတို့  သမ္မတ ရဲ့  ဆုံး ဖြတ် မှု ကို ထောက်ခံ ကြို ဆိုတဲ့ အနေနဲ့ 
မြို့ တော် ကွီတို မှာ ထောက်ခံ ဆန္ဒ ပြ ပွဲံ တွေ ကို ပြု လုပ် ခဲ့ ကြ ပါတယ်။
သံရုံး တွင်း မှ ရှိ နေတဲ့ ဂျူလီယန် အဆန်း ကို ၀င်ရောက် ဖမ်းဆီး နိုင်ဖို့  အခွင့် အရေး ဗြိတိန် မှာ ရှိတယ်
သံ ရုံး ဆိုတာ အခြား နိုင်ငံ ရဲ့  ပိုင်နက် တစ်ခု ဆို ပေမယ့် တစ်ကယ် တမ်းမှာ အိမ်ရှင် နိုင်ငံ က ပိုင်တာ
လို့  နှစ် ၃၀ ကြာသံ အရာ ရှိ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ တဲ့ ပေါ်လ် ၀ှိုက်ဝေး က CNN
ကို ပြေပါတယ်။
ဂျူလီယန် အဆန်း ရဲ့  ဇာတိ သြစတေးလျှ နိုင်ငံ က တော့ ဒီကိစ္စ နဲ့  ပတ် သက် ပြီး ငြိမ် သက် နေပါတယ်။
အီကွေဒေါ သမ္မတ နဲ့  ဂျုလီယန်း အဆန်း ဆက်နွယ်မှု
၂၀၁၀ ခုနှစ် မှာ ၀ီကီလိခ် ၀ဘ် ဆိုတ် က နေ ပြီး အီရတ်မှာ အပြစ်မဲ့ အရပ်သား တွေ ကို အမေရိကန်
စစ်သား တွေ က ရက် ရက် စက် စက် သတ် ဖြတ် မှု တွေ နဲ့  ပတ်သက် ပြီး Collateral Murder
ဆိုတဲ့ ဗီဒီိယို နဲ့  ဓာတ်ပုံ တွေ ကို စတင် ထုတ် လွင့် ချိန် က စပြီး အီကွေဒေါ သမ္မတ က သူ့ နိုင်ငံ
တွင်း ကနေ လွတ်လပ် စွာ လုပ်ဆောင် ဖို့  ကမ်းလှမ်း ခဲ့ ပါတယ်။
ရုရှား အစိုးရ က ထောက်ပံ့ထား တဲ့ Russia Times TV ရဲ့  ” The World’s Tomorrow” အစီအစဉ်
မှာ ဂျူ လီ ယန် အဆန်း တင် ဆက် သူ အဖြစ် တာဝန်ယူ စဉ် မှာ အီကွေဒေါ သမ္မတ နဲ့  ဆွေးနွေးမှု အစီ
အစဉ် ပြီး နောက် မှာ သူ တို့  နှစ်ဦး ဟာ ပို ပြီး ရင်း နှီး ခဲ့ ကြ ပါတယ်။
ရာဖယ်(လ) ကော်ရီယာ ဟာ အမေရိကန် နိုင်ငံ အီလီနွိုက် တက္ကသိုလ် က နေ မဟာသိပ္ပံ နဲ့  ပါရဂူ ဘွဲ့ 
ရရှိ ခဲ့ ပေမယ့် ၊ အမေရိကန် အစိုးရ ကို ကိုလိုနီ လက်သစ် ၀ါဒ ကို ပုံ ဖော် မှု နဲ့  အမြဲတမ်း ပဲ ဝေဖန် တိုက်
ခိုက် ခဲ့ ပါတယ်။
” ကျွန်တော် အမေရိကန် ပြည်သူ တွေ နဲ့  တွေ့ ဆုံ ဆက်ဆံ ခွင့် ရ ခဲ့ တာ ကို အရမ်း ပဲ ကြိုက်ပါတယ်”
နောက် တော့ ကျွန်တော် လည်း အမေရိကန် ဆန့် ကျင်သူ ဖြစ်လာ တာ ပါ ပဲ။ ကျွန်တော်က စကား
ကို ပွင့်ပွင့် လင်းလင်း ပြောရ တာ ကို ပဲ ကြိုက် တယ် လို့  CNN သတင်း နဲ့  တွေ့ ဆုံ စဉ် မှာ ပြောခဲ့ ပါ
တယ်။
၂၀၁၁ ခုနှစ် ၀ီကီလီခ် မှတ်တမ်း တွေ ထဲ မှာ အီကွေဒါ နိုင်ငံ နဲ့  ပတ်သက် တဲ့ အကြောင်း တွေ ပါလာ
တဲ့ အခါ သမ္မတ ကော်ရီယာ က အမေရိကန် သံ အမတ် ကြီး ကို တိုင်း ပြည် တွင်း က နှင် ထုတ် ခဲ့
ပါတယ်။ ၂၀၀၇ ခုနှစ် တုန်း က လည်း ကိုလံဘီယာ က မူးယစ် ဆေး ၀ါး ဂိုဏ်း တွေ ကို ချေမှုန်း ဖို့ 
ငှား ရမ်းထား တဲ့ အမေရိကန် ရဲ့ မန်တာ လေတပ် စခန်း ကို လည်း ပိတ် ပစ် ခဲ့ ပါတယ်။
အီကွေဒေါ နိုင်ငံ အကြောင်း
ဗြိတိနိုင်ငံ အကျယ် အ၀န်း ထက် အနည်း ငယ် ကြီး ပြီး လူဦးရေ ၁၄. ၅ သန်း ကျော် နေ ထိုင် သည့်
အီကွေ ဒေါ နိုင်ငံ သည် တောင်အမေရိက တိုက် ရှိ ဆင်း ရဲ သော နိုင်ငံ များ တွင် နေ ထိုင် ကြ ပြီး လူ
ဦးရေ ထက် ၀က် ကျော် သည် ဆင်းရဲ မှတ် အောက် တွင် နေ ထိုင် ကြ သည်။
ရေနံ တင် ပို့  ရောင်းချ သည့် အိုပက် အဖွဲ့  ၀င် နိုင်ငံ ဖြစ် ပြီး နိုင်ငံ ၏ အဓိက ပို့  ကုန် မှာ ငှက် ပျော
သီး ၊ ကိုကိုး နှင့် ကော်ဖီ ဖြစ်သည်။
လှပသည့် တော တောင် ရေ မြေ ရာ သီ ဥတု ရှိ သော်လည်း ၊ မီးတာင် များ ရှိသည့် နိုင်ငံ ဖြစ်သည်။
ရွှေ့ ပြောင်း အမာဇုန် လူ မျိုး များ နေ ထိုင် ကြသည်။
ချားလ်(စ) ဒါ ၀င် ၏ ကျော် ကြား လှသည့် ဆင့် ကဲ ပြောင်းလဲ မှု ဖြစ်စဉ် ( Theory of Evolution) နှင့်
မျိုး စိတ် တို့  ၏ မူလ အစ (Origin of Species) တို့  ကို ရေးသား ရန် အီကွေဒေါ ရှိ ဂါလာ ပါဂို ကျွန်း
တွင် နေ ထိုင် စဉ် စိတ် ကူး ရလာ ခြင်း ဖြစ်သည်။
FNG မှ ယခင် တင် ဆက် ခဲ့ သည့် ဂျူလီယန်း အဆန်း နှင့် ပတ်သက် သည့် သတင်း များ
ဆွီဒင် က အမေရိကန် သို့ လွှဲပေးလျှင် သေဒဏ်အပေးခံရမည် ကို အဆန်းရှေ့ နေ စိုးရိမ်
ဂျူလီယန် အဆန်း အာမခံ ဖြင့်လွတ် (ဗီဒီယို)
ဝီကီလိခ် တည်ထောင်သူ အာမခံ ရရှိသော်လည်း ဆွီဒင် ၏ အသနားခံစာ ကြားနာမှု ကို စောင့်ဆိုင်းရမည်
အီရတ်စစ်ပွဲ အတွင်း အပြစ်မဲ့ အရပ်သားများ ရက်စက် စွာ အသတ် ခံရ ကြောင်း wikileaks ဖော်ထုတ်
Julian Assange, Wikileaks, Sweeden , Ecuador


သူ တစ်ဦး က ကော်ဖီ တိုက် နေစဉ်
Related articles
- Ecuador and its president Rafael Correa (lfpress.com)
- After this, Julian Assange has very few friends left in Sweden | Karin Olsson (guardian.co.uk)
- Cenk: @Wikileaks’ Julian Assange should be your hero (current.com)

