အင်္ဂါ နေ့  က ဆီးရီးယား နိုင်ငံ ရဲ့  ဒုတိယ အကြီး ဆုံး မြို့  တော် နဲ့  သမိုင်းဝင် မြို့  ဟောင်း တစ်
ခု ဖြစ် တဲ့ အယ်(လ) လက် ပို မှာ ဖြစ် ပွား ခဲ့ တဲ့ တိုက် ပွဲ တွေ အတွင်း လူ ၁၀၀ ကျော် တစ် ရက်
တည်း သေဆုံး ပြီး တဲ့ နောက် ဆီးရီးယား သမ္မတ အယ်(လ) အာဆဒ် ကို နှုတ် ထွက် ဖို့  ဖိအား
ပေး မှု တွေ တိုး ပွား လာ ခဲ့ ပါ တယ်။
ရာမဒန် ဥပုတ် ကာလ ပြီး ဆုံး တဲ့ အထိမ်း အမှတ် ဘာသာ ရေး ပွဲ တော် နေ့  တွေ အတွင်းမှာ ပဲ
ဆီးရီးယား နိုင်ငံ တွင်း မှာ သေဆုံး သူ ၅၀၀ ကျော် ရှိ တယ် လို့  ဆီးရီးယား အတိုက် အခံ တွေ က
ပြောပါတယ်။
ဆော်ဒီအာရေး ဗီးယား က ငွေသား သက်သက် ကိုပဲ ဒေါ်လာ သန်း ၅၀၀ ကျော် ထောက် ပံ့ ထား
လို့  လက်နက် ကောင်း တွေ တပ် ဆင် ထား နိုင်တဲ့ ဆီးရီးယား လွတ် မြောက် ရေး တပ် မတော်
တပ် ဖွဲ့  ၀င် တွေ ဟာ အာဆဒ် အစိုးရ ရုံး စိုက် တဲ့ မြို့  တော် ဓမ္မစကတ် ကို အလုံး အရင်း နဲ့  ၀င်
ရောက် တိုက် ခိုက် နိုင် ခြင်း မရှိ သေး ပေ မယ့် ၊ နိုင်ငံ ရဲ့  ၃၀ ရာ ခိုင် နှုန်း လောက် ကို ထိမ်းချုပ်
ထား နိုင် ပြီး အရေး ပါ တဲ့ နေ ရာ အချို့  မှာ လည်း တပ် စွဲ ထား နိုင် တယ် လို့  ဆိုပါတယ်။
၁၈ လကြာ မြင့် ပြီ ဖြစ်တဲ့ ဆီးရီးယား ပဋိပက္ခ အတွင်း အာဆဒ် ကို သစ္စာ ခံ တဲ့ တပ် ဖွဲ့  ၀င် တွေ
ရဲ့  လက် ချက် နဲ့  လူ တစ်သောင်း ကျော် သေဆုံး ခဲ့ ပြီး အဲဒီ ထဲ မှာ အသက် ၁၈ နှစ် အောက်
ကလေး ငယ် ထောင် နဲ့  ချီ ပါ ၀င် ပါတယ်။
Japan Press သတင်း ဌာန အတွက် ဆီးရီးယား နိုင်ငံ မှာ သွား ရောက် သတင်း ယူနေ တဲ့ အသက်
၄၅ နှစ် အရွယ် အမျိုး သမီး သတင်း ထောက် မီကာ ယာမာ မို တို ဟာ အယ်(လ)လက် ပို မှာ သွား
ရောက် သတင်း ယူ နေ ရင်း သေဆုံး ခဲ့တယ် လို့  ဂျပန် အစိုး ရ က ထုတ် ဖော် ပြောကြား ပါတယ်။
ယာမာ မိုတို ဟာ ၂၀၀၁ ခုနှစ် အာဖဂန် နစ္စတန် စစ် ပွဲ ကာ လ နဲ့  ၂၀၀၃ ခုနှစ် ဆက်ဒမ် ဟူစိန် ကို
ဖြုတ် ချ တဲ့ အမေရိကန် ရဲ့  Operation Iraqi Freedom စစ်ဆင် ရေး တွေ မှာ သွား ရောက် သတင်း
ယူ ခဲ့ သူ ဖြစ်ပါတယ်။
ယာမာ မိုတို ရဲ့  ကြွင်း ကျန် ရစ် တဲ့ အလောင်း ဟာ သူပုန် အဖွဲ့  ၀င် တွေ ရဲ့  အကူအညီ နဲ့  ဆီးရီးယား
နယ်စပ် ကို ဖြတ် ကျော် ပြီး တူရကီ နိုင်ငံ ထဲ ကို ရောက် ရှိ ပြီ တူရကီ သတင်း ဌာန တစ် ခု က ပြော
ပါ တယ်။
ဆီးရီးယား နိုင်ငံ မှ လူထု အုံ ကြွမှု တွေ ပေါ် ပေါက် ပြီး လက် နက် ကိုင် တိုက် ပွဲ တွေ စတင် ကတည်း
က နိုင်ငံ ခြား သတင်း ထောက် လေး ဦး သေဆုံး ခဲ့ ပြီး ဖြစ် ပါတယ်။
ဒီနေ့ မနက် အစော ပိုင်း က တော ရုရှား နိုင်ငံ က အမေရိကန် ရဲ့  တစ် ကိုယ် တော် စစ် ရေး အရ ၀င် ရောက်
စွက် ဖက် မှု ကို ပယ် ချ ခဲ့ ပါတယ်။
အမေရိကန် သမ္မတ အို ဘားမား က ဆီး ရီးယား နိုင်ငံ အနေ နဲ့  ဓါတု ၊ ဇီဝ လက် နက် တွေ သုံး စွဲ ခဲ့ ရင်
အမေရိကန် ရဲ့  ပြင်း ထန် တဲ့ အရေးယူ ဒဏ် ခတ် မှု တွေ ကြုံ တွေ့ ရမယ် လို့  သတိ ပေး ပြီး နောက်
မှာ ဆီးရီးယား နဲ့  ရုရှား က ပယ် ချ ခဲ့ တာ ဖြစ်ပါ တယ်။
နောက် ဆုံး ရရှိ တဲ့ သတင်း တွေ အရ တူရကီ နိုင် ငံ ကို ရောက် ရှိ နေ ပြီ ဖြစ် တဲ့ ယာမာ မို တို ရဲ့  အလောင်း
ကို ဗုဒ္ဓဟူး နေ့  အစော ပိုင်း မှာ ဂျ ပန် နိုင်ငံ ကို သယ် ဆောင် ဖို့  ပြင် ဆင် နေ ပြီ လို့ 
ဆို ပါတယ်။
၂၀၀၇ ခုနှစ် က ဂျပန် သတင်း ထောက် ကန်ဂျိနာဂါအိ မြန်မာ နိုင်ငံ မှာ အဲဒီ အချိန် က ပေါ်ပေါက်နေ တဲ့
လူထု အုံကြွ မှု သတင်း ရယူ စဉ် သေနတ် ကျဉ် ထိ မှန် လို့  သေဆုံး ပြီး နောက် မှာ ယာမာမိုတို ဟာ
ဒုတိယ မြောက် သေဆုံး ရတဲ့ သတင်း ထောက် တစ်ဦး ဖြစ်ပါတယ်။

Syria , Assad
Related articles
- Japanese reporter killed in Syria (rawstory.com)
- Japanese TV journalist killed in Aleppo gunfight – Reuters (reuters.com)
- Japanese reporter shot dead in Syria (nation.com.pk)
