“ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
တွေ့ ရလေသည် “
( ကာနယ် ချစ်ကောင်း )
မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ တို့ ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့ အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့ ။
၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတစ်ယောက်ရဲ့ 
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့ 
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့ 
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ ဖို့ 
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ ကိုယ်တွေ့ 
ရန်/ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့ လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
သရော်လှောင်ပြောင်တာ
ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တစ်ယောက်ရဲ့ မေးခွန်းကို
ဖြေဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့ မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ ရှို့ လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့ စွဲခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။
တို့ ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
ဒေါင်းတစ်ကောင်ကိုတောင်
စော်ကားရဲမှတော့…။
ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့ တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့ အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့ တောင်သွားမချိုင်လေနဲ့ ။
မင်းရဲ့ တချို့ ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
” ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်“
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ- မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့ လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့ လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့ နဲ့ တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့ လား။
ညီလေးရေ
မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
တို့ ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့ နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့ အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။
ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့ 
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့ ။
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့ လား။
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့ 
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ ၀က်သေ ထားခဲ့တော့။
ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့ ။
ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့ ။
တိုင်းပြည်ချစ်စိတ်နဲ့ 
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ ဆဋ္ဌမ ဗမာနိုင်ငံတော် “ ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ 
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတစ်ယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။
အောင်ဝေး
(စက်တင်ဘာ ၆-၂၀၁၂)

ရီးပဲ
နိုင်ငံရေးသမားတွေ…ရီးပဲ
စုပ်ပြတ်နေတဲ့တိုင်းပြည်ကိုကယ်တင်မလား
နောက်ကြောင်းပြန်ခလဲ့စားချေမလား….
ရီးပဲ…
ဘယ်တော်လှန်ရေးသမားကမှ
မပေးဆပ်ခဲ့ရတာမရှိဘူး
ရီးပဲ
ရှေ့ဆက်ရန်ပဲစဉ်းစားပါ…ရီးပဲ
မနေတတ်မထိုင်တတ် မိုးသီးဘက်မှာငါရပ်တယ်
ဘုန်းမောင်(ဒုတပ်သား)
အေဘီကွဲတယ် အေဘီတင်ပဲလား
ဟော.ခု တနိုင်ငံလုံးကွဲတယ်
မိုးသီး နိုင်အောင်ကွဲတယ်
အောင်ဝေး မေသင်္ကြန်ဟိန်းကွဲတယ်
မင်းတို့ ငါတို့ကွဲတယ်
ရှစ်ဆယ့်ရှစ်လည်းကွဲတယ်
မြန်မာပြည်မှာလည်းကွဲတယ်
အမေရိကားမှာလည်း ကွဲတယ်
ဥရောပမှာလည်း ကွဲတယ်
ဘန်ကောက်ချင်းမိုင်လည်းကွဲတယ်
နယူးယောက်မှာလည်းကွဲတယ်
ဒီမိုကရေစီလည်း ကွဲတယ်
ကဗျာတွေလည်း ကွဲတယ်
ကဗျာဆရာတွေလည်း ကွဲတယ်
အောင်ဝေးက ကဗျာမွန်ကိုချစ်တယ်
မေသင်္ကြန်ဟိန်းက ဆရာဝန်ကိုချစ်တယ်
မိုးသီး နိုင်အောင် မတူတာတွေကဒါပဲ
မိုးသီး ရှစ်ဆယ့်ရှစ်လမ်းမကြီးပေါ်က လာတယ်
ကျောင်းသားတို့သဘာဝ စွာတယ် ကျယ်တယ်
နိုင်အောင်က နားကြပ်ကိုင်ပြီး
မြန်မာ့ပြည်မှာ(အမေရိကန်မပါ) အလကားနေရင်း
လူအထင်ကြီးခံရတဲ့ နားကျပ်ကိုင်လူတန်းစားကလာတယ်
မိုးသီးကနာမှာမကြောက်ဘူး
ကြမ်းတယ်၊ရမ်းတယ်၊ ပြောချင်တာဒဲ့ဒိုးပြောတယ်
စည်းကမ်းမရှိဘူး၊ တပည့်မွေးတယ်
နိုင်အောင်ကနာမှာကြောက်တယ် ပျော့တယ်၊နှော့တယ်
ဝှေ့လည်ကြောင်ပတ်ပြောတယ်၊
အချောင်သမားမွေးတယ်၊ လပ်ပေးတယ်
ဇာဂနာကိုပေးတယ် မွေးတယ်
အမ်အယ်ဒီကိုပေးတယ် မွေးတယ်
မိုးသီးမှားတာ တစ်ယောက်ထဲ
နိုင်အောင်မှားတာ (၃၈)ယောက်
မိုးသီးရတာ သူများအကျ
နိုင်အောင်ရတာ သူများဟာကိုမ
မိုးသီးရတာ တစ်ဒေါ်လာ
နိုင်အောင်ရတာ မရေနိုင်ပါ
မိုးသီးနောက်မှာ ရှိနေတာ ရှစ်ဆယ့်ရှစ်
လမ်းမကြီးပေါ်ကလာတဲ့ရှစ်ဆယ့်ရှစ်
စာနည်းပေနည်း လမ်းပေါ်တက်ရဲ
လက်ရဲဇက်ရဲ တိုက်ရဲသူတွေက အများသား၊
နိုင်အောင်နောက်မှာ ရှိနေတာ
ဆရာဆရာပညာတတ်တွေအများသား
အချောင်သမားတွေအများသား
အလှူ့ရှင်လဖက်နဲ့မျက်နှာလုပ်ပေးထားတဲ့
အိုအက်အိုင်ပညာတော်သင်တွေအများသား
မိုးသီးလည်း မှားခဲ့တယ်
နိုင်အောင်လည်း မှားခဲ့တယ်
မိုးသီးနည်းတယ် နိုင်အောင်များတယ်
ရီးပဲ..မိုးသီး မင်းပြင်လို့ရသေးတယ်
ရီးပဲ..နိုင်အောင်..မင်းလိမ်လို့ရသေးတယ်
မိုးသီး..မင်းဟာပါးစပ်ပိတ်
တိတ်တိတ်နေ မစွာရင်လေ
မင်းဟာမိုးသီး ရှစ်ဆယ့်ရှစ်
ပြန်ဖြစ်မယ်
နိုင်အောင်..မင်းဟာပါးစပ်ပိတ်
တိတ်တိတ်နေရင်
ကြိုးစင်ကိုလေ မြင်နေရတယ်
မိုးသီးဟာ ရှစ်ဆယ့်ရှစ်ရနံ့
သင်းသင်းလေးကျန်သေးတယ်
နိုင်အောင်မှာ မင်းမှာ
ဒေါ်လာရနံ့ပြင်းပြင်း သင်းနေတုန်းပဲ
ငါလည်းကြားမှာ မနေတတ်မထိုင်တတ်
မိုးသီးဘက်မှာငါရပ်တယ်
ရီးပဲ.. မိုးသီး မင်းဘက်မှာငါရပ်တယ်
မှတ်ချက်၊ ၊မိုးသီးနိုင်အောင်နှစ်ယောက်စလုံးအမှားအတွက်
မကဒတအတွက်တာဝန်ရှိပါသည်ဟုအပြည့်အ၀ယူဆသည်၊
မိုးသီးဘက်မှာငါရပ်တယ် ဆိုတာမှာ နှစ်ခုထဲကတခုကိုလက်ခံရမယ်ဆိုရင် မိုးသီးကိုလက်ခံမည်ဟုကျနော်၏အယူအဆမျှသာဖြစ်ပါသည်
ရသစုံ..ပါပဲ..အလွမ်း၊အကြမ်း၊အရမ်း၊အဆဲ၊ဟာသ comment ပေါင်းစုံကို ဖတ်ရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်…း)
အစစ စိတ်မကောင်းပါ ဒီလိုမဖြစ်သင့် ကဗျာဆရာကြီးအတွက်လဲစိတ်မကောင်းပါ အကုန်ခုတ်ရာတခြား ရှရာတလွဲတွေလိုဘဲ ခံစားမိ မြန်မာပြည်နှင့်ဝေးသောသူတိုင်း မြန်မာမဟုတ်သလိုဘဲခံစားမိလို့ အမေစုကို အများကြီး အားကိုးမိပါသည်
၁၉၇၂-၇၃ မှာ တက္ကသိုလ်ရောက်တာမို့ အရေးအခင်းတွေ အများကြီးကြုံခဲ့ပါသည် ။ အမေစုကိုဘဲယုံပါသည်။
ငါ့ အကို နဲ့ သူ့အဖေ ငါတို့ညီ တွေ နဲ့ သူတို့ အကို တွေ ငါတို့ အမျိုး ငါတို့ပြည် အတွက် အသက်ပေးလို့ စတေး ပြီး ပြီး လေပြေ လေညင်းတွေ အတွက် မုန်တိုင်းတွေကို ပေးဆပ် ပြီးပြီ ၊သာယာ ချိန်မှာတော့ မင်းတို့ ကောင်တွေက ရီးပဲ မိုးသီးဇွန် ရီးပဲ။
ရီး ပဲ အောင်ဝေး ရီးပဲ ၊ ခုံ ဖိနပ် ကို တံဆိပ်တပ် ၊ မင်းကိုမင်း aerosoft တဲ့ ၊ လဒ ဆို တာ မိုးသီး လိုပဲ အညှီ နဲ့ လောက်ကြိုက်တယ် ၊ ရီး ပဲ အောင် ဝေး ရီးပဲ ABSDF ဆိုတာ လူမိုက် မျက်ကန်းတွေ နဲ့ ဖွဲ့ စည်း ခဲ့တာ အတောင် တောင် မတက်ရသေးဘူး ဟန်ရေး ပဲ ပြတတ
်တယ် ၊ ရီးပဲ အောင်ဝေး ရီးပဲ မာနယ်ပလော ၊မယ်သဝေါ နဲ့ အစိတ်စိတ် အမွှာမွှာ ကွဲစေချင်တဲ့ ကောင်တွေ ရီးပဲ အောင်ဝေး ရီးပဲ ၊
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အာလ၀ီး)
မိုးသီး
ထွေးပြီးသား တံတွေးပဲ
ပြန်မြိုချတာ့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
အရက်ပုလင်းထဲက အရက်လိုပဲ
လက်ကျန်အမြဲ ထားရတယ်။
မင်းသောက်တတ်တာလည်း
အစ်ကို သိတယ်။
အစ်ကိုခွက်ပုန်းခုတ်တာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့အရက်ပုလင်းကို
သူများတွေ သေးပေါက်ထည့် ကြပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
လေဆိပ်မှာ ကားပေါ် မင်းတက်ပီး ဘဲလေးက ကတာကို
အဆီဘူးခါတယ်ဆိုပီး ၀မ်းပန်းတသာ ကြို ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ သရဲဘောကြောင်ကြောင်နဲ့ 
ပတ်ပြေးနေတဲ့  သီလကြောင်တယောက်ရဲ့
အိမ်ပြန်လမ်းဟာ
ထောက်လှန်းရေးတွေ ပြုံနေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
၅၀၀၀ ပေးပီးခေါ်လာတဲ့ သူတွေနဲ့
ရက်လည်ဆွမ်းကြွေးတရားနာလာတဲ့  မသာလိုပါလားကွာ။
ရန်ကုန်မှာ
ဒေါ်လာ ကုန်ခါနီးရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဦးသိန်းစိန်ကို ဖိနပ်နဲ့ ပေါက်ဘို့ 
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
သူများမယား ကြာခိုဘို့ 
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
မိုးမကုန်သေးတဲ့ ရန်ကုန်က
မိုးတွေရွာလို့ ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
သီလကြောင် တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ဆန်/ မဆလာ ပြတ်ရမယ်
မယားငယ်/ဖာသည် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ဆန်/ မဆလာ ပြတ်လို့
ဂျပန်မှာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
ဒလန်တွေလား၊ အကြံအဖန်တွေလား
၅၀၀၀ထောင်ပေးပီးခေါ်လာတာလား။
အခုတော့
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်းစော် အကားခံရတယ်။
မနက်ဖြန်
ငါ့ စော် ကိုထပ်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဖင်ကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
လဒဟာ
စော်အကားခံခဲ့ရ။
သူရဲဘောကြောင်သူဟာ
စော်အကား ခံခဲ့ရ။
အမေ့နွားဟာ
စော်အကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
အဖမ်းခံရမှာကြောက်လို့ ပါ
အခုတော့
ဘီယာမော့ ပီး လာတဲ့သူကို
ပဲကြီးလှော်ထုပ် ပစ်ပေးကြပြီ။
အခုတော့
ရှစ်ဆယ့်ရှစ် ဆီ ပြန်တဲ့သူကို
၂၀၁၂ က လက်မခံတာ့ ပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
ငါတို့ လို ကြောက်လို့ ပတ်ပြေးနေတဲ့ သူတွေ
သိတ်မရှိကြသေးဘူး
မင်း ရန်ကုန်သွားတာဟာ
မင်းပြောချင်ရာပြောတိုင်း
သတင်းထောက်တွေက ယုံမှာဟုတ်ဘူး။
မင်း ရန်ကုန်သွားတာဟာ
၂၄နှစ်လုံးလုံး စောက်တလွဲလုပ်ခဲ့ သမျှ
ရိုဟင်ဂျာကိစ္စ ချော်လဲရောထိုင်ဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ဆမူစာရောင်းဘို့ သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
ဘယ်စားခွက်ကိုဝင်လုရမလည်း
မင်းသွားတာ
နာမည်ကြီးအောင်ဘယ်လိုဂွင်ဆင်ရမလည်း
မင်းသွားတာ
ဈေးခပ်ပေါပေါ ယုဇနဟိုတယ်ကိုပဲ။
မင်းသွားတာ
မင်းကိုအရူးလုပ်နေတဲ့  ဦးအောင်မင်းဆီကိုပဲ။
အခုတော့
လဒကို ဒမြသတ်လေခြင်း။
တောမီးမနိုင်
ဘောကြီးကိုင် ဖြစ်ရလေခြင်း။
ပန်းချစ်သူ သီချင်းခမျာ
ကိုတိုးကြီးမဆိုရတာကြာခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းစောက်တင်းကို သူတို့
ဖေ့ စဘုတ်ပေါ် တင်ကြတော့မယ်။
ဒို့ဗမာ့နိုင်ငံရေးကလည်း
ဒို့ လိုရှောင်ပြေးတွေအတွက်နေရာမရှိပါလား။
ညီမလေးက
အဝေးကြီးက လှန်းလှန်းအော်တာကိုကြောက်သတဲ့လား။
ညီမလေးက
နိုင်ငံရေးသမား သူတောင်စားတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း အိမ်ထောင်မကျဖူး
(ငါကလည်း လင်မယူဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ် သူရဲဘောကြောင်တဲ့ ကောင်
မင်းလို ကျောင်းသားချင်းသတ်တဲ့ အဖွဲ့  ဥက္ကဋ္ဌဟောင်း
လဒ တကောင်ကိုတောင်
အမွှေးနုတ်ရဲမှတော့
ဟေ့ကောင် မိုးသီး
တကယ်လို့ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
၂၀၀၇ သံဃာအရေးနဲ့  ရှောင်ပြေးသွားလို့ 
မယ်သီလရှင် ၀တ်ခိုင်းကြတော့ မှာ
ငါ မပြန်တော့ဘူး
မိုးသီးရေ။
ဘတ်စကားတိုးစီးရတဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
ငါလိုအရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့အိမ်ပြန်လမ်းမှာ
စတုဒီသာ ခေါ်မကြွေးကြတာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့စရိုက်အတိုင်း
ကောင်မလေးတွေကို ပုခုံးဖက်စရာရှိရင်လည်း
ဖက်ခဲ့ ပေါ့ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင်သွားမချိုင်လေနဲ့။
သေဂျင်းဇိုးနဲ့ တောင်သေသွားဦးမှာ
မင်းရဲ့တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ – မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ ဆူးလေဘုရားလမ်းမှာမရှိတော့။
တော်လှန်ရေးရဲ့အခြေခံပြဿနာဟာ
အာဏာလိုခြင်တဲ့ ပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
ဆရာလုပ်ခြင်တဲ့ ပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ဂူဂယ်ဘလော့ ပေါ်က နိုင်ငံရေး။
ပိုက်ဆံရ ရေးကို
အဓိက ထားမှတော့
ငါတို့လိုစားဖားတွေလည်း
ဘာ စောက်သုံးကျတော့မှာလဲ ညီလေး။
ညီလေး
အဲယားကွန်းမရှိတာထက်
ကြမ်း ၇ချောင်းဘဲရှိတဲ့ အိမ်က
ပိုအေးပါတယ်ကွာ။
ဖဲသမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်ဥကိုပဲ
ကိုယ် ထုချလိုက်ကြရုံ။
ကိုယ့် ဇစ်ကိုပဲ
ကိုယ် ပြန်ဆွဲတင်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ မတော်မတရားကြံဖို့လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ ဂယောင်ချောက်ချားလုပ်ဖို့လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ တာလဘောဟင်းစားရဖို့လား။
ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးတွေတောင်အနားလာ မသီဘူး။
ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က မင်းအကြောင်းသိတွေ
ဟာသပြဇတ်တပုတ်ဘဲ
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
နယူးယောက်တိုင်း သတင်းစာကြီးမှာ မပါဖူးဘူး
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား – တဲ့။
မင်းဖျာဝင်ခင်းမဲ့ နေရာကိုလည်း
လူတိုင်းကသိနေမှတော့
ဒို့သောက်နေကြ ဘီယာဆိုင်ကြီးလည်း
နောက်ဆို အကြွေးမရောင်တော့ ဘူးတဲ့  ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်
၂၄နှစ် ပြည့် ဆွမ်းကပ်ပေးကြတဲ့ အကြောင်း
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွ ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်ဖင် ကိုယ်ပြန်မနမ်းဘူး။
ပြည်ပြေးမှန်ရင်
ဘယ်တော့မှ ရဲစခန်းရှေ့ ဖြတ်မလျှောက်ဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမစားနဲ့ ညီလေး။
ကောင်မလေးက အသစ်လေးဆိုပေမဲ့ 
မန္တလေးမှာ ၆လ မော်လမြိုင်မှာ ၆လ
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
နေ့ တိုင်းနေ့ တိုင်း
ပန်းကုန်းလာလာစွပ်တဲ့ သူတွေကို လေးစားတယ်လား
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အဆီဘူးခါချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ အုတ်ဂူကို ဆေးအသစ်လေးသုတ်ထားလိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
မာမီမြင့် ဆွေတို့လက်ထဲမှာ
ဖင်တု ရင်တုတွေနဲ့  ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
လဒပုံ အလံအုပ်ပြီး
ငါ မင်ဟတ်တန်မြစ်ထဲမျှောပေးမယ်
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မသာယုတ် နင်သွားလိုရာသွားနိုင်ပီ ပြောပေးဦး
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
စောက်ရှက်မရှိ ဗမာနှစ်ကောင်ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ မင်းအတွက်
နတ်ကန္နားပေး ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်တယောက်ကို
ဖာတန်းသာပို့ လိုက်ပါတော့
အလာဟို အရှင်မြတ် အမိန့် တော်ပေးပါ
အရှင်ရေရှု ခရစ်တော်မှာကောင်းချီးပေးပါ။
အာလ၀ီး
(စက်တင်ဘာ ၆ – ၂၀၁၂)
အရမ်းကိုကြိုက်ပါတယ် ကိုအာလဝီးရေ…။
သရော်စာကတော့ ထိမိနေတာပဲ။
ကြိုက်တယ်ဗျာ။
ကို့ဂုဏ်ကိုဖော်ချင်တာနဲ့တတိုင်းပြည်လုံးကိုအော်ဆဲတာကတော့ ဆရာလိုတော့ရိုင်တက်ပါတယ်မရိုင်းတော့ပါဘူးဒါပေမဲ့ဆရာသိထားဖိုက(ဆရာပြောသလို)တသက်လုံးကောင်းပေမဲ့တခါမှားရင်မှားတာပါပဲအမှားကိုကိုမိုးသီးမလိုအမှန်ပေးလိုမရပါဘူးအဲဒီဟာကိုပဲရှင်းပါရန်ကုန်ကလူတွေ သတင်းထောက်မတွေ facebook ပေါ်ကလူတွေကိုမရမ်းပါနဲ(ကိုမိုးသီးပြောသလို)တောင်ထိပ်ပေါ်ကလူကလေတိုက်ခံနိုင်ဖို့မဟုတ်ပါဘူးစံပြဖြစ်နေရမှာပါ
တောက်…..
ကဗျာဆရာအောင်ဝေးတဲ့
ကျနော်တို့နဲ့တော့ခေတ်ချင်းကွာပေါ့
အရင်ကတော့လေးစားလို့
ခုတော့……ဘာ…
“အရူးတွေရဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး”
ဟုတ်လား
ဒီစာကားကိုတစ်တစ်ခွခွနဲ့ ခင်ဗျားမို့ပြောရက်တယ်
အောင်သိန်းလင်းလက်သစ်
အာဏာလက်တစ်စစ်မရလို့လား
သွားစမ်းပါ
အဲ့ဒီလိုမာန်တက်တဲ့စာကားမျိုး ကျွန်တော်တို့မလိုချင်ဘူး
အနာခံတာ အသာစံဖို့လို့ မတွေးပါနဲ့
ဗိုလ်ချုပ်ရဲ့ သမိုင်းကိုကြည့်
သူဘာတွေများခံစားမိခဲ့လို့လဲ..
ဘာရယ်…
ခင်ဗျားပဲထပ်ပြောတယ်..
ဘာတဲ့……..
“မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့”
ဆိုပဲ…..
တစ်ကယ်ပဲမနာလိုစိတ်ကလည်းများလိုက်တာဗျာ
ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီး၊ ကိုမြအေး… စသည်…
တို့ဆိုတာ… ခင်ဗျားတို့ရဲ့ သူငယ်ချင်း
တိုက်ပွဲကိုဘဝနဲ့ရင်းခဲ့သူတွေပါ..
ခုတော့ဗျာ…
ခင်ဗျားမို့ ဒီစိတ်တွေထားဝံ့တယ်
အံပါတယ်ဗျာ… ခင်ဗျားတို့ကိုဘယ်လိုများယုံရပါ့..
၉၂က အေဘီမြောက်ပိုင်းအဖြစ်အပျက်တွေကလည်း
ကျွန်တော်တို့ မျိုးဆက်သစ်ရင်ထဲမှာခိုးလိုးခုလု
ခုတော့ကြည့်စမ်း
ခင်ဗျားရော်ရမ်းတဲ့ မျှော်လင့်ချက်တွေကစိတ်ပျက်စရာ
” ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်
ဂျူးလိယက်ဆီဇာ ကတော့ပြောတာပဲ” တဲ့
အင်္ဂလန်ကိုရောက်စ
ကာပယ်လိုကိုမီဒီယာတွေဖွကြသလို
ခင်ဗျားတို့ကိုဝိုင်းမကြရမှာလား
စိတ်ပျက်စရာကောင်းလိုက်တာဗျာ…
နိင်ငံ့အတွက် ကိုယ်ကျိုးစွန့်တယ်ဆိုတာ
နေရာတစ်နေရာအတွက်လား
ခင်ဗျား စကားထဲကဇာတိကိုတော့မြင်နေရတယ်…
တစ်ကယ်ကိုဝမ်းနည်းစရာပဲ
တစ်ကယ်ဆိုလည်း
“မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ ကွာ“
ဆိုတာကတော့ မှားတာပေါ့ဗျာ
ကွန်မြူနစ်ဆန်တာတော့ ကျွန်တော်တို့မလိုချင်ဘူး
ငြိမ်းချမ်းရေးရူး ရူးနေကြတဲ့ပြည်သူတွေကို
၂၀၁၂လိုခေတ်မှာ ညင်ညင်သာသာလုပ်ကြပါ
အတ္တဆိုတာ ရှေ့တန်းတင်သင့်တဲ့အရာမဟုတ်ဘူး
ကိုယ်လိုတာမရူးကြပါနဲ့
ပြည်သူရဲ့မျက်နှာကိုပဲကြည့်
ဘယ်အထိလုပ်နိုင်သလဲ
ကိုယ်ကျိုးမဖက်ပဲလုပ်
သမိုင်းသရုပ်ဆိုတာပေါ်လာမှာပေါ့
ဘယ်တော့မှမှောက်ထားလို့မရစကောင်းပါ
ဆရာအောင်ဝေးအတွေး
မျိုးဆက်သစ်တွေအတွက်တော့ ဆေးဖြစ်စေချင်တယ်………………………
နယူးယောက်မှာ ဦးသိန်းစိန်ကို ငါနဲ့ ကိုင်တုတ်ပြီး ဆဲခဲ့တာ ဒီမိုကရေစီ ရဖို့တဲ့လား… ဟားဟားဟား…အဲ့လိုဆဲတာကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ကဗျာစပ်ပြီး ဂုဏ်ပြုတယ်တဲ့လား… ချီးကျူးပါတယ်… အရင် ခင်ဗျားကဗျာတွေ ကြိုက်ခဲ့တာတောင် သဲထဲရေသွန်ပဲ…
သူ့အမြင်ကိုယ့်အမြင်ကိုရေးတဲ့နေရာမှာ ကိုအောင်ဝေးရဲ့ အဝေးရောက်အမြင်ကလည်း မှန်နေပြန်ပါတယ်၊ တယောက်ကဖဲ့ရင် နောက်တယောက်ကပြန်ခဲ့ကြမှာပါပဲ၊ တကယ်ဆိုရင် သမိုင်းကို ဘာမျှကောင်းကောင်းမသိသေးတဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးနေပုံရှိတဲ့ ဂျနယ်မလေးတစ်ယောက်က ဖွလိုက်တဲ့ ဗုံးတစ်လုံးလိုပါပဲ၊ ဗုံးစတွေက ကြီးကြီးငယ်ငယ်အကုန်လုံးဆီကိုလွင့်စင်သွား ခွဲလိုက်တဲ့သူကိုယ်တိုင်ကလည်းထိပြီဆိုပါတော့ သင်ခွဲတဲ့ဗုံးအသုံးကျရဲ့လား ကိုယ်ဟာကိုယ်ပြန်မေးပေတော့ဗျာ
zizawar အကြီးကြီး မှားတယ် ဒေါ်မေသင်္ကြန်ဟိန်း ဖွလို့ မဟုတ်ပါ။ေ၇ဆုံးေ၇ဖျား လေ့ လာပါ။ ၇ဇူလိုင် ကိစ္စမှာ ဒေါ်သင်္ကြန် ဘယ်လို တုံ့ ပြန်ခံ ၇လဲ သိလား။ ဒီဆောင်းပါးလောက် ဖတ်ပြီး ပြောတဲ့ လူတွေ ၇ှိချင်၇ှိပါလိမ့် မယ်၊ သိပ်အများကြီးတော့ မဟုတ်။
မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့်
အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .
ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက
ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .
ကိုနိုင်အောင် မှာတာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .
လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက်
ဇက်တူသားခြင်းစား
ကျောင်းသား ကျောင်းသားခြင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျို တဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်
ကိုအောင်ဝေး ခဗျားနှယ်
ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတီသာ ကိုတင်ရက်
ဒီမှာ ကိုယ်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မရဘူး . . .
ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့အကွက်ချ
စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
ကိုအောင်ဝေး
ခဗျားလေသံအရဆို ရီးပဲ
အကြီးကြီးရီးပဲ
အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . .
ကိုအောင်ဝေး ခဗျားပြောသလို
ကိုမိုးသီးပြည်တော်ပြန်တာ အမျိုးသားသင့်မြတ်ရေးအတွက်လား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ်
လုပ်စားစရာမရှိတော့လို့ ဂွင်သစ်ဖန်တာလား ဆိုတာ
ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ
ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .
ရန်ကုန်နိုင်ငံရေး
မြန်မာနိုင်ငံရေး
ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ဖုံးပြီးသား
ထပ်မသယ်နဲ့ . . . ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲခေါင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .
မာဃ
https://www.facebook.com/margaluelin
ဟုတ်တယ် ကိုမိုးသီးရေ — မြန်မြန်တာ ပြန်လိုက် — ဟိုဒေါက်တာအောင်နိုင်ဆိုတဲ့လူကော ခေါ်သွားလိုက် — ခင်ဗျားတို့လို့ စစ်အာဏာရှင်မုန်းတယ်ဆိုပြီး စစ်အာဏာရှင်စစ်ဖြစ်ခဲ့တဲ့လူတွေ ကျူပ်တို့နိုင်ငံက အလိုမရှိဘူး —
စစ်ဆိုရင် ရေတောင် စစ် မသောက်ချင်လောက်အောင် အရမ်းမုန်းတယ်။
စစ် ဆိုတာ ဘယ်သူတွေ အတွက်မှ မကောင်းဘူး။ဘ၀တွေ စတေးရတယ်။
နှလုံးသားတွေ နာကျဉ်းရတယ်။မြန်မာပြည်ကို ဆင်းရဲမွဲတေအောင်။ပြည်သူတွေ အောက်ကျနောက်ကျ မျက်နှာမွဲရအောင် …..
တိုင်းပြည်ကို ချောက်ထဲ ချခဲ့တဲ့ ……အဓိကရန်သူ နေ၀င်း။သန်းရွှေ ။ခင်ညွှန့် အပါအ၀င် အလီဘာဘာ နှင့် အဘ ၅၀၀ ကျော် တို့ကတော့ အခုထက်ထိ….
…နုရင်ဘတ် ခုံရုံ မရောက်သေး….ခုံရုံးမတင်နိုင်သေးတဲ့ အပြင်………
စိတ်မပါဘဲ……..သမ္မတကိုတောင်….. ထောက်ခံပြနေရသေးတယ်…
ရန်ကုန်တစ်မြို့လုံး….. မန္တလေးတစ်မြို့လုံး….. ကားစီး..တိုက်ဆောက်နေတာ …တရုတ်။ကုလား…. နဲ့ စစ်တပ်က အလီဘာဘာတွေဘဲ…..
ထောင်ထဲဝင်တဲ့သူက၀င်။တောထဲရောက်တဲ့သူကရောက်။ အနစ်နာခံနေရဆဲ က ၈၈ မျိုးဆက်တွေ….
တို့ ၈၈ ကျောင်းသား သွေးသားရဲဘော်တွေ အချင်းချင်း မပြေလည်မှုတွေ ရှင်းနေရတာ ရာဇ၀င်ရိုင်းလိုက်တာနော်။
ပြည်သူဟာ ကျေးဇူးကန်းတတ်တာ မဟုတ်ပါဘူး။
၂၄ နှစ်ကြာ ပြည်ပ မှာ အတိုက်အခံ လုပ်လာတဲ့ ကိုမိုးသီးဇွန်ကို လာကြိုတဲ့သူတွေ
ခေါင်းစဉ်တပ်မှားနေတာရယ်။
မြန်မာပြည်မြေကြီးကို စရောက်ရောက်ခြင်း ကားခေါင်မိုးပေါ်တွေတက်။
fly kiss တွေပေး။ ရာဇာနေ၀င်းလိုလို။ ကျော်ဟိန်းလိုလို ။ပုံစံတွေ ဖြစ်သွားလို့သာ။
လူငယ် အသိုင်းအ၀ိုင်းက သမိုင်းကြောင်းကို ကျေးဇူးမတင်ကြတော့ဘဲ။
ဘာကောင်ကြီးလဲကွ. ။ဘယ်လိုပုံလဲကွ ။ဆိုတာ မျိုးဖြစ်သွားရတာ။
ဒီထဲ မှာ ရောက်ကထဲက ကြောင်လျှာသီးက မချွတ်။ ၈၈ ရုံးခန်းမှာ ဖိနပ်ကမချွတ်။
ယုဇနဟိုတယ် သတင်းစာရှင်းလင်းပွဲ မှာ အလံရှုးမေးခွန်းတွေက ၀င်လာ။
သတင်းသမားတွေက မေးချင်တဲ့ မေးခွန်းမေးမရတာမျိုး။
အချိန်ကိုက် ပြည်တော်ပြန်လာချိန်မှာ …အချိန်ကိုက် … မြောက်ပိုင်းက အရိုးတွန်သံက ကြားရ။
ပြည်သူတွေက လဲ မအအောင် သမိုင်း သင်နေတဲ့ အချိန်…
ဘယ်သူဘာကောင်လဲ။ ဘယ်လိုတွေလဲဟ ဆိုပြီး မေးခွန်းတွေထုတ်လာ။
ဒီကြားထဲက ABSDF က နှစ်ခြမ်းကွဲ…ဒီတော့ ပြည်သူက အကြည်ညိုနဲ…..
စစ်အာဏာရှင် လူစုက တော့ ၀မ်းသာတာပေါ့….ဒီလို မျိုးဖြစ်ရပ်တွေကို….
တကယ်တမ်းမှာ….ဘောလုံးပုတ်လွှဲမချဘဲ. .ဒေါက်တာအောင်နိုင်တို့။ကိုမိုးသီးဇွန် တို့က
ပြတ်ပြတ်သားသား .မြောက်ပိုင်းကိစ္စ ကို သေသေချာချာ ဖေါ်ထုတ် ဖို့ အရင် ကြိုးစားသင့်တယ်။
အဲ့ဒီ့ပြဿနာတွေ ဖြစ်တုံးက ကျွန်တော် မရှိပါဘူးလို့ ခေါင်းမရှောင်ဘဲ ….
အဲ့ဒီ့ပြဿနာတွေ ဖြစ်တုံးက တာဝန်ကျတဲ့ သူတွေ စာရင်းကို ဖေါ်ထုတ်..
ဒါတွေ လုပ်ပြီးမှ…ဒီလိုကြိုးစားပြီးမှ ပြည်တော်ပြန်လာလို့ရတာဘဲလေ….
ထူးပြီးနောက်မကျပါဘူး….
အဝေးရောက် ၈၈ ကျောင်းသားမျိုးဆက် များ ။
ABSDF ရဲဘော်ဟောင်းများ။ မြန်မာနိုင်ငံတွင်လက်ရှိရောက်ရှိနေကြသော ခေါင်းဆောင်ဟောင်းများ ဖြစ်ခဲ့သည့်ဒေါက်တာနိုင်အောင်။ ကိုမိုးသီးဇွန် နှင့် တစ်ကွ သက်ဆိုင်သူများ။
လွတ်လပ်မှု။တရားမျှတမှုကို အလွန်ချစ်မြတ်နိုးပါတယ်။
စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်လောက်အောက် မုန်းတီးပါတယ်။
၈၈မှာ နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက်ဖြစ်လို့နှလုံးသားမှာ ဝေဒနာများစွာရခဲ့ပြီးပါပြီ။တို့ ၈၈ ကျောင်းသားတွေ ခွပ်ဒေါင်းသမိုင်း မှာ စိတ်ဒါဏ်ရာ တွေ ထပ်မရစေချင်ပါဘူး။
မြောက်ပိုင်းက အရိုးတွန်သံကို ကြားလာရတဲ့ အခါမှာ ….
ညှင်းပန်းနှိပ်စက် အနိုင်ကျင့်မှု တွေကို အလွန်စက်ဆုပ်ရွံရှာ မိလို့သာ….
ပြည်သူတစ်ဦးအနေနဲ့ကော။၈၈ မျိုးဆက် ကျောင်းသူတစ်ဦး အနေနဲ့ကော…..
အမှန်တရား ကို တကယ်သိချင်မိပါတယ်။
တောထဲတောင်ထဲ မှာ ဘ၀တူ ရုန်းကန်ပြီး တိုက်ပွဲ ၀င်နေကြတဲ့ အချိန်…
တကယ်ဘဲ ထောက်လှမ်းရေး ဖြစ်လို့ဘဲဖြစ်ဖြစ်။
တကယ်မဟုတ်ဘဲ အထင်လွဲတာဘဲဖြစ်ဖြစ်။
ဒီအဖြစ်အပျက်ကြီးက တကယ်ဖြစ်ပျက်သွားခဲ့ပါပြီ။
မြောက်ပိုင်းအရိုးတွန်သံ ကို ဖတ်ပြီးတဲ့ အခါ မှာ စဉ်းစားစရာတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။မှားယွင်းစွာ စီရင်ခဲ့မိတာလား။
စစ်အစိုးရက ၈၈ ABSDF ကျောင်းသားတပ်မတော်ပြိုကွဲအောင် သပ်ရှိုတာ ခံလိုက်ရတာလား။အတွေးပေါင်းများစွာ ရှိနေခဲ့ပါတယ်။
ABSDF ကျောင်းသား တပ်မတော် သောင်းချီ မရှိလောက်ဘူးလို့ ယူဆလို့….
အဲ့ဒီကိစ္စ တွေ ဖြစ်ပျက်ခဲ့တုံးက … မသေဘဲ ကျန်နေသေးတဲ့ ရဲဘော်တွေ အခုချိန်ထိ သက်ရှိထင်ရှား……ရှိကိုရှိမှာဖြစ်လို့။သမိုင်းအမှန်ကို တကယ်သိချင်လို့….ခွပ်ဒေါင်းတွေ သမိုင်း အပေါစား အဖြစ်မခံနိုင်လို့…
လုပ်ငန်းကြီး။လုပ်ငန်းကျယ်တွေဖြစ်တဲ့…..
မြန်မာပြည် ဒီမိုကရေစီ ရဖို့ ငြိမ်းချမ်းရေးအတွက် ညှိုနှိုင်းတာတွေ။
သမ္မတနဲ့လက်တွဲလုပ်တာတွေ…. နောက်မှဆက်လုပ်လို့လဲ နောက်မကျသေးပါဘူး။လက်ကျန်လွတ်မြောက်ရဲဘော်တွေရယ်။
ဒေါက်တာနိုင်အောင်ရယ်။ကိုမိုးသီးဇွန်ရယ်။
မျက်နှာခြင်းဆိုင်စုံညီပြီး ….
.ဒီအဖြစ်အပျက်တွေရဲ့ အမှန်တရားကို….
တာဝန်ရှိသူတွေကို……
တရားခံ အစစ်တွေကို….
နောက်ကြောင်းပြန် ဖြေရှင်း ဖေါ်ထုတ်ဖို့ လိုအပ်ပါလိမ့်မည်။
မြောက်ပိုင်းက အရိုးတွန်သံရဲ့ ……သမိုင်းအမှန်….အဖြစ်မှန်တွေ ကို
ကာယကံရှင်တွေ သက်ရှိထင်ရှား ရှိနေတုံးမှာ
အမှန်တရားကို သိရရင်ပြည်သူတစ်ဦး အနေနဲ့ကော။
၈၈ မျိုးဆက် ကျောင်းသူတစ်ဦး အနေနဲ့ကော။ကျေနပ်ပါပြီ။
ဆူးနစ်ဝင်နေတဲ့ ညှောင့်လေးတစ်ခုကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ကိုမိုးသီးကိစ္စနဲ့ပြောရရင်..
အသေးအဖွဲ့ပင်ဖြစ်သော်လည်း သေးဖွဲ့သည်ဟု
မအောက်မေ့ပဲ သတိထားဆင်ခြင်၊ ပြုမူဆက်ဆံတတ်မှ
နွေးထွေးမှု၊ မျှော်လင့်မှု၊ ရင်းနှီးမှုတွေက ဖော်ရွေမှာပါဆရာ..။
ဘယ်လောက်ပင် ကမ္ဘာတွင်အောင် မြန်မာ့အကျိုးကို
ရွက်ဆောင်ပေမယ့်၊ (ဥပမာ ပြောရရင်..သိန်းသန်းထောင်ချီလှူနေလည်း
အလှူရှင်ရဲ့မဏ္ဍိုင်တိုင်တက်ပြမှုဟာ လူတွေအမြင်မှာ
ကသိကအောက်ဖြစ်စရာရှိတာပဲဗျ..။) ဒီမိုကရေစီကိုလိုလားတာ၊
စစ်အာဏာရှင်ကိုမုန်းတီးတာတွေ တူပေမယ့်၊ မတူတာလေးတွေက
မြန်မာတွေရဲ့ ပင်ကိုယ် ကိုယ့်ယဉ်ကျေးမှု အငွေ့အသက်ပေါ့။
စောင့်ထိန်းပြုမူရမဲ့ ကျင့်ဝတ်ပေါ့။ သေ၀ပ်ရမယ့် မြန်မာ့သဘောပေါ့။
ဆရာက လူကိုခွေးသတ်တယ်လို့ ပြောတော့..။
မြန်မာပြည်သူအများစုက ခွေးလို့ ဆရာစကားကို ကျနော်
ဘာသာမပြန်ရဲပါဘူး။ ဆိုလိုသူရဲ့ အနက်အဓိပ္ပာယ်ကို သိဖို့
ကျနော်ဆရာ့ရင်တွင်းဆူဝေမှုကို ကျနော်နားလည်တယ်။ ဆရာ့
တိုင်းပြည်အတွက် စေတနာအမှန်ကြောင့် မြန်မာပြည်သူကို
ခွေးလို့မသုံးဖူးဆိုတာ ကျနော်ယုံပါတယ်။
ဆရာ့လို မြန်မာမှု၊ မြန်မာကျင့်ဝတ်နဲ့ ရိုးဖြောင့်သူအတွက်
အိမ်ပြန်လမ်းခရီးက နွေးထွေးမှုရှိနေမှာပါ..။ “
အောင်ဝေးလည်း ကြာလေ
လူတွေနဲ့  ဝေးသလို
အမျိုးတွေနဲ့ ဝေးသွား
သူငယ်ချင်းနဲ့ ဝေးသွား
မြို့ နဲ့ ဝေးသွား
အိမ်နဲ့ ဝေးသွား
နိုင်ငံနဲ့ ဝေးသွား
,,,,,,,,,ဝေးရင်း ဝေးရင်း ဝေးရင်းဝေးရင်း။
ကြားမိသလား
အောင်ဝေးလေ
ဟုတ်ပါတယ်ဆို သူအောင်ဝေးလေ??????????………….။
ပရိတ်သတ်များ စိတ်ရှည်သီးခံ အားပေးကြပါ ခင်ဗျာ ….Visa သက်တမ်း ၂၁ ရက်ပြည့် တဲ့ နေ့  မှာ America ပြန်ခွင့်  ပေးမြည်မဟုတ်ပါ ….. အင်းစိန်ထောင် မှ လှိုက်လှဲ စွာ ကြို ဆိုနေ မှာပါ……….
အောင်ဝေးက အောင်ဝေးပဲ ။ မိုးသီးဇွန်က မိုးသီးဇွန်ပဲ။
အိမ်ရဲ့အဝေးကိုရောက်နေသူရဲ့အိမ်လွမ်းစိတ်က
ဖွဲမီးဆိုရင်
ကျန်ခဲ့သူတွေရဲ့မျက်ရည်မြစ်နှစ်စင်းက
တိမ်ဖွဲ့တိုင်းရွာတတ်တဲ့မိုး။
ဟုတ်တယ်..ဗမာ့ဓားဟာ ထက်တယ်..
ခေတ်အဆက်ဆက် ထက်ခဲ့တယ်
နှစ်နှစ်ဆယ်ကျော် ရေထဲ၊ လေထဲ၊ နေပူထဲမှာ ပစ်ချခံခဲ့ရလည်း
ထက်နေတုန်းပဲ
ဆယ်ကျော်သက် ကျောင်းသားဘ၀ကတည်းက
ရခဲ့တဲ့ဒဏ်ရာတွေနဲ့ အဝေးရောက်နောင်တော်ကြီးတွေက
အိမ်ရဲ့အဝေးမှာ
မွေးကတည်းက ဘ၀ဆိုတာ ဒဏ်ရာတွေချည်းလားဆိုတတဲ့အသိနဲ့
လူဖြစ်စ အခု လူငယ်လေတွေ
အနာဂတ်လေးတွေ
ပြောင်းပြန်ပြန်ထားပြီးသား သမိုင်းစာအုပ်ကိုပဲ တစ်လုံးမကျန် အလွတ်ကျက်
တစ်လုံးမှား မင်နီတစ်ချက်တားတဲ့ ပညာရေးစနစ်နဲ့
ဘွဲ့ရခဲ့ရတဲ့ သမီးတို့တွေက
အိမ်ထဲမှာ
အနာဂတ်ဟာ ဝေးကွာခြင်းနဲ့ အမုန်းတရားလား။
ဒီမိုကရေစီ ရောင်နီသန်းချိန်မှာ
တီတီတာတာအိပ်တန်းထလာတဲ့ငှက်ကလေးတို့ရဲ့တေးသံသာဟာ
ကျွန်မတို့ပျော်ရွှင်ခံစားရမယ့် လက်ဆောင်ဆိုတာလည်း
မသိတတ်သေးဘူး။
အမှောင်ထဲမှာ ခေါင်းညိမ့်ယုံသာတတ်တဲ့ အလိမ်မာတုံးလေးတွေကို
အမှန်တရား၊ အလှတရားနဲ့ ချစ်ခြင်းမေတ္တာအကြောင်း
ဘယ်သူပြောပြပေးမှာတုန်း…
တစ်ရက်ပြီးတစ်ရက်…သတင်းစာတွေ တစ်ရွက်ပြီးတစ်ရွက်ဟာ
ူနှစ်နှစ်တာကာလမှာ
အပြုံးတွေသယ်လာလိုက်
ထိတ်တလန့်လန့် အိပ်မက်ဟောင်းတွေ ယူလာလိုက်နဲ့
မျက်လှည့်ပြသလို အပြောင်းအလဲတွေဟာ
ငြိမ်းချမ်းရေးတဲ့လား။
အဆိပ်ပြင်းတဲ့မြွေဟာ
တစ်ချက်ထိတာနဲ့ အစွယ်နဲ့ပေါက်ပစ်လိုက်တယ်
ဦးအောင်ဝေးဟာ
ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမှာ ပါမပါ ကျွန်မ မပြောတတ်ဘူး
(အောင်ဝေးကဗျာတွေကိုတော့ ဆယ်ကျော်သက်ကတည်းကဖတ်ဖူးတယ်)
ဦးရဲ့အဆိပ်နဲ့
လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကတော့
တုံးခနဲပဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး
ပြည်တွင်းငြိမ်းချမ်းရေး
ကလေးဘ၀ကတည်းက တစ်ခါမှ မစားဘူးသေးတဲ့မုန့်ပဲ
ကျွန်မတို့လေးတွေလည်း လူသားပီသချင်တယ်
ပုံနှိပ်စာလုံး မပီသတဲ့ သင်ရိုးညွှန်းတမ်းတွေမှာ
မြန်မာကဗျာ ပီပီသသမဖတ်တတ်တဲ့ မြန်မာပေါက်စလေးတွေ
ကိုရီးယားစတိုင်ဝတ်ရင် ခေတ်မီတယ်ထင်နေကြပြီ
မြန်မာမှုစစ်စစ်နဲ့မိသားစုထမင်းဝိုင်း
ခန့်ခန့်ကြီးနဲ့ မြိန်မြိန်ကြီး စားဖူးချင်တယ်
ကျွန်မလိုပဲ ဒီကကလေးအားလုံးဟာ ဒါကိုဆာလောင်နေတယ်။
ကျွန်မဟာ-
ပေးသလောက်နဲ့ပဲရောင့်ရဲခဲ့ရတဲ့ ကလေးကြီးပါ
ပထမတန်း၊ သင်းခန်းစာ (၇)၊ ဖတ်စာ (၇)
“စက်မှုလယ်ယာအားပေးပါ..
ထွန်စက်နဲ့ထွန်ယက်ပါ..”.အသံထွက် အော်ဆိုနေတုန်း
ကျောင်းဆင်းခေါင်းလောင်း ကြောင့် အိမ်မှာ
တစ်နှစ်တာ စာဖတ်နားခဲ့ရတဲ့
နောက်ပြန်ဖွင့်တော့ သမိုင်းဖတ်စာ စောက်ထိုးဖတ်ပြီး ဘွဲ့ယူခဲ့တဲ့
ကျိန်စာသင့် မျိုးဆက်သစ်ပါ
ဘ၀မှာ နားထောင်ပြီး ခေါင့်ညိမ့်တတ်ဖို့ပဲ အသင်ခံခဲ့ရတယ်
ခံစားတတ်လို့သာ
ဦးတို့ကဗျာတွေဖတ်ခဲ့မိတာ
လယ်ယာမဲ့ တောင်သူလယ်သမားတွေရဲ့ ထမင်းအိုးဗလာကိုဖတ်တတ်ခဲ့မိတာ
လုံမစုံတဲ့ မိသားစုကဗျာကို ဖတ်ခဲ့မိတာ-
ပြည်တော်ပြန်ခရီးမှာ-
ခဲနဲ့ပေါက်တဲ့သူတွေ
ပန်းနဲ့ပေါက်တဲ့သူတွေ…
ဘယ်သူမှန်လည်း မသိရခင်
ကျွန်မတို့က
အလွမ်းနဲ့ပဲ သူ့ကို ငေးကြည့်နေရတာ
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကို
ခဏတစ်ဖြုတ်တော့ စောင့်ပါဦးလားကွာ ဆိုရင်
ဆဲသံဆိုသံတွေကို ခဏတော့ သည်းခံပါစေအုံးလား
ကျွန်မတို့ဟာ
ဒီလို မိဘ၊ မောင်နှမမစုံဘဲ ကြီးပြင်းခဲ့ရတာ။
ဆိုးဆိုးကောင်းကောင်း
တစ်ရပ်တစ်ရွာကိုရောက်ရင်တောင် ဆွေမျိုးဟောင်းကို လိုက်ရှာနေတတ်တာ
ဦးအောင်ဝေး
ချစ်ခြင်းကို ဝေးအောင်လုပ်အုံးမှာလား ဖြေပါ။
( “စာလုံးတယ်မလှပေဘု မိန်းမလက်ရေး” ဆိုသလို ကျွန်မက ကဗျာဆရာမဟုတ်လို့ ဒီဟာကလည်း ကဗျာလည်း ဟုတ်ချင်မှဟုတ်မှာပါ…. မြန်မာပြည်က လူငယ်လေးတစ်ယောက်ရဲ့အသံကို ကြားရရင်ပဲ တော်ပါပြီ)
all are good comment that’s hit something