မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ မြန်မာ ပျက်ကွက် နေဆဲ ဟု အမေရိကန်ကြေညာ

အောင်ပန် ၊      ၊ မြန်မာ၊ဘိုလီဗီးယား၊ဗင်နီဇွဲလား (၃)နိုင်ငံ သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်
ပျက်ကွက်သော နိုင်ငံများအဖြစ် အမေရိကန်အစိုးရက  နာမည်ပျက်စာရင်းတွင် သောကြာနေကထည့်
သွင်းလိုက်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင်ဆောင်ရွက်နေမှုကြောင့် အမေရိကန်
အစိုးရမှ ပိတ်ဆို့တားဆီးထားသော အရာများကိုလျော့ပေါ့ပေးပြီး ၂နိုင်ဆက်ဆံရေးလည်းတိုးတက်လာခဲ့
သည်။

Myanmar’s War on Opium (မြန်မာ့ ဘိန်းစစ်ဆင် ရေး ) မှ ဓာတ်ပုံ ၃၁ ပုံ ကိုကြည့် ရန် ကလစ်နှိပ်ပါ။

အမေရိကန်အစိုးရမှ ၂၀၀၂ခုနှစ်ကတည်းက မြန်မာနိုင်ငံအားကမ္ဘာ့ မူးယစ်ဆေးဝါးဒုတိယအကြီးဆုံး
ထုတ်လုပ်သောနိုင်ငံအဖြစ် နာမည်ပျက်စာရင်းမှတမ်းတင်ခဲ့သည်။ မြန်အစိုးရအနေနဲ့ ဖမ်းဆီးရမိ
သောမူးယစ်ဆေးဝါးများကို ၃ကြိမ်ထက်မနည်း ယမန်နှစ်ကဖျက်ဆီးခဲ့သောကြောင့် အမေရိကန်အစိုးရမှ
အကူအညီပေးရန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်မူးယစ်ဆေးဝါးပေါ်လစီ
သဘောထားထုတ်ပြန်ခဲ့သေးသည်။

မြန်မာ သည် ကမ္ဘာ့ မူးယစ်ဆေးဝါး ထုတ်လုပ် သော နိုင်ငံ များ တွင် ဒုတိယ အကြီးဆုံး ဖြစ် ပြီး ၂၀၀၂ ခု
နှစ် ကတည်း က မူးယစ်ဆေး ၀ါး နှင့် ပတ် သက် ပြီး နာမည် ပျက် စာရင်း သွင်းခံ ထား ရသည်။

မြန်မာ နိုင်ငံ တွင် စစ်သား တစ်ပိုင်း အရပ် သား အစိုးရ ပြောင်းလဲ အုပ် ချုပ်လာ ပြီး နောက် မူးယစ်ဆေးဝါး
တိုက် ဖျက် ရေး အတွက် ကုလ သမဂ္ဂ ၊ အမေရိကန် နှင့် အခြား နိုင်ငံ တကာ အဖွဲ့  အစည်း များ နှင့် ပူးပေါင်း
လုပ်ဆောင် များရှိလာ ခဲ့ သည်။

မူးယစ်ဆေးဝါး မှ ရရှိ သည့် ငွေ များ ကို ယခင် မြန်မာ စစ်အစိုးရသည် စစ်လက်နက် ၀ယ်ယူရေး တွင်
အသုံးပြုခဲ့ ကြသည်။

Story  Written by Aung Pan and FNG contributing this article accomplished. 

Photo : (Reuters/Damir Sagolj)