စစ်ပွဲ များ ရပ်စဲရေး လမ်းလျှောက် ဆန္ဒပြပွဲ ရန်ကုန် မှာ ကျင်းပ

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ စက်တင်ဘာ ၂၁ ရက်နေ့ တွင် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို
မြို့တော်ခန်းမရှေ့ မှစတင်စုဝေးကာ ဟာဗန္ဓုလလမ်း ၊ ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်
လမ်း၊ ဗညားဒလလမ်း၊ အရှေ့ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်း၊ လင့်လမ်း၊ ဓမ္မစေတီလမ်း၊
ဗားကရာလမ်း၊ ပြည်လမ်း တို့ကိုဖြတ်၍ တံတားဖြူအင်းလျားကန်ဘောင်တွင် ညနေ ၃ နာရီ ဝန်း
ကျင်ခန့်သို့ ရောက်ရှိစုဝေးမည်ဖြစ်သည်။ ခန့်မှန်းလူဦးရေ ၃၀၀ ခ န့်ဖြင့် လျှောက်ထားခဲ့သည်။

သတင်း နှင့် ဓာတ်ပုံ များ ကို International Day of Peace Myanmar တွင် ကြည့် ရှု နိုင်ပါသည်။
ခွင့်ပြုမိန့် လျောက်ထားခြင်းနှင့်ပတ်သတ်၍ ရန်ကုန်တိုင်း ။ ။ရန်ကုန်မြို့တွင်း ၈ မြို့နယ်ဖြတ်၍
ငြိမ်းချမ်းရေးလမ်းလျောက်ပွဲ နှင့်ပတ်သတ်၍ ခွင့်ပြုမိန့်ကို စမ်းချောင်းရဲစခန်းသို့ ကြာသပတေးနေ
့ ( ၁၃.၉.၂၀၁၂ ) ညနေ ၅ နာရီခန့် တွင်လျောက်ထားခဲ့ရာ အသုံးပြုမည့် ပိုစတာ၊ ဗီနိုင်းစသည့်
အသုံးပြုမည့်ပစ္စည်း နမူနာ မပါ၍ လျောက်ထားချက်ကို လက်မခံခဲ့ပါ။

ထို့အတွက် သောကြာနေ့ ( ၁၄.၉.၂၀၁၂ ) တွင် လျှောက်ထားချက်အပြည်အစုံဖြင့် မင်္ဂလာတောင်
ညွန့်ရဲစခန်းသို့ စတင် လျှောက်ထားခဲ့ရာ မင်္ဂလာတောင်ညွန့် မြို့နယ်မှူး ဒုရဲမှူး မျိုးမြင့်ကြိုင် မှ
ရုံးချိန်ပြင်ပဖြစ်နေ၍ လက်မခံနိုင်ကြောင်း ၊ စနေ (၁၅.၉.၂၀၁၂) နှင့် တနင်္ဂနွေ (၁၆.၉.၂၀၁၂)
နေ့များတွင်လည်း ရုံးပိတ်ရက်ဖြစ်သဖြင့် လျှောက်ထားမှုကို လက်ခံကြမှာမဟုတ်ကြောင်း ပြန်
လည်ဖြေကြားခဲ့သည်။ ထို့အတွက် ဥပဒေအတိုင်း ၅ရက် မတိုင်မီကြိုတင်လျှောက်ထားမည်
ဆိုသော်လည်း ရုံးချိန်ပြင်ပနှင့် ရုံးပိတ်ရက် (စနေ၊ တနင်္ဂနွေ) တို့တွင် လက်မခံနိုင်ပါဟု ဆိုသည့်
အတွက် တနလာင်္နေ့မှ စတင်လျှောက်ထားခဲ့ရသည်။

ထို့အတွက် တနင်္လာနေ့ (၁၇.၉.၂၀၁၂ ) တွင် ကျောက်တံတားရဲစခန်းမှစ၍ မြို့နယ် ၈ မြို့နယ်စလုံးသို
့ စတင်လျှောက်ထားခဲ့သည်။

ထို့နောက် အင်္ဂါနေ့ (၁၈.၉.၂၀၁၂) တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှခေါ်ယူ၍ ၈မြို့နယ်စလုံးအတွက်
ခွင့်ပြုမိန့်မပေးနိုင်ကြောင်း တွေ့ဆုံအကြောင်းသည်။ ခွင့်ပြုမိန့်မပေးရခြင်း၏ အဓိက အကြောင်းရင်းများမှာ –

၁) လူအင်အားများပြားလာနိုင်သည့်အတွက် ယဉ်ကြောပိတ်ဆို့မှုများ ဖြစ်နိုင်ကြောင်း

၂) မြို့ချင်းဆက်လမ်းကြောင်းရှည်သည့်အပြင် ၊ လူစည်ကားရာနေရာများကို ဖြတ်သန်းသွားမည်ဖြစ်သဖြင့် အ
များပြည်သူ အနှောက်အယှက်ဖြစ်နိုင်ကြောင်း

၃) မလိုလားအပ်သော အကြမ်းဖက်မှုများဖြစ်နိုင်ကြောင်း

သည့် အချက်များဖြင့် ခွင့်ပြုချက်မပေးခဲ့ပါ။

ရှမ်းမြောက် ငြိမ်းချမ်းရေးလှုပ်ရှားမှု အတွက် ခွင့်ပြုမိန့်လျောက်ထားမှုအခြေအနေ

ကျောက်မဲလူငယ်ကွန်ယက်မှ ကျောက်မဲမြို့တွင် ခွင့်ပြုမိန့်မရကြောင်း၊ ခန်းမများငှားရမ်းရာတွင်လည်း
ဋ္ဌငှားရမ်း၍မရကြောင်း ကျောက်မဲလူငယ်ကွန်ယက်မှ အကြောင်းကြားသည်။

နေပြည်တော်လှုပ်ရှားမှု

နေပြည်တော်သို့ သွားရောက်မည့် အစီအစဉ်အတွက် လည်း ခွင့်မပြုကြောင်း Kachin Peace Network မှ အကြောင်းကြားသည်။

မှတ်ချက်

ခွင့်ပြု မိန့်မရရှိကြသော်လည်း ငြိမ်းချမ်းရေးလှုပ်ရှားမှုများအားလုံး ကို လုပ်ဆောင်သွားမည့်ဖြစ်သည်။
News Source : International Day of Pece Myanmar

Feature Photo : The Messenger Journal

Gallery Photo Credit San Kyaw