အတ္တလန်တစ် ကောင်စီ၏ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဆု ကို ဒေါ်အောင်ဆန်းစုကြည် လက္ခံရယူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်အခြေစိုက်
Atlantic Council မှ ပေး အပ် ချီးမြှင့် သည့် Global Citizen Award  ဆု  လက်ခံ ရ ယူ ခြင်း
အခမ်း အနား နှင့် ညစာစား ပွဲ သို့  ယနေ့  တက်ရောက်ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။

Atlantic ကောင်စီ မှ ပေး အပ် ချီးမြှင့် သည့် ဆု ကို စက်တင်ဘာလ ၂၁ ရက်နေ့  တွင် တက်ရောက်
လက်ခံ ရယူ ခဲ့ရာ ထို အခမ်း အနား တွင် အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟောင်း ဒေါက်တာ
ဟင် နရီ ကစ်ဆင် ဂျာ ၊ လူသားချင်း စာနာမှု အစီအစဉ် များ ကို ဆော်သြသူ နှင့် ဂီတမှုး ဖြစ်သူ ကွင်
ဆီ ဂျုံး တို့  လည်း ဆု တက်ရောက်လက္ခံရယူ ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်  အား အတ္တလန်တစ် ကောင်စီ၏ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဆု ကို နိုင်ငံ တကာ
ငွေကြေး ရံပုံငွေ အဖွဲ့  အမှုဆောင် ညွှန်ကြား ရေး မှုး ပြင်သစ် နိုင်ငံ သူ ခရစ္စတင်း လာဂဒ် က ပေး အပ်
ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ် ထိ သူမ အလုပ်တာဝန် ထမ်းဆောင်ခဲ့ သည့်
နယူးယောက်ရှိ ကုလ သမဂ္ဂ ဌာန ချုပ် သို့  သွား ရောက် လည် ပတ် ခဲ့ ရာ ကုလ အထွေထွေ အတွင်း
ရေးမှုးချုပ် ဘန်ကီမွန်း က ဂုဏ်ပြု နှုတ် ဆက်ခဲ့သည်။


(Photo credit should read STAN HONDA/AFP/GettyImages)

One thought on “အတ္တလန်တစ် ကောင်စီ၏ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဆု ကို ဒေါ်အောင်ဆန်းစုကြည် လက္ခံရယူ

Comments are closed.