အောင်ပန် ၊ ၊မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ကူးပြောင်းလာပြီး အမေရိကန်နိုင်ငံနှင့်မဟာမိတ်ဖြစ်လာခြင်း
ကို တရုပ်အစိုးရ၏ ပူပင်သောကရောက်နေခြင်းအပေါ် မြန်မာ့သမ္မတဦးသိန်စိန်မှ တရုပ်ဒုသမ္မတ
Xi Jinping အား ဒီမိုကရေစီလမ်းစဉ်ပြောင်းလဲမှုကြောင့် အစဉ်အလာခိုင်မြဲသော ဆွေမျိုးပေါက်
ဖေါ်ချစ်ကြည်ရေးပျက်ပြားမည်မဟုတ်ကြောင်းကို စိတ်ထက်သန်စွာပြောကြားလိုက်ကြောင်း
ရိုက်တာသတင်းဌာနက ယနေ့ရေးသားလိုက်သည်။
မြန်မာဒီမိုကရေစီပြုပြင်ပြောင်းရေးအပေါ် ဝါရှင်တန်အစိုးက စိတ်ဝင်တစားကူညီချဉ်းကပ်လာခြင်း
အပေါ် တရုပ်အစိုးရလွှမ်းမိုးမှုလျော့ကြလာမည်ကို စိုရိမ်ပြီး အမေရိကန်စတိုင်ဒီမိုကရေစီအစိတ်
အပိုင်းတခုအဖြစ်ပြောင်းလဲသွားမည်ကိုလိုလားခြင်းမရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးပါဝါ
ကိုအာရှတွင်ပြန်လည်ထောင်ထူလာမည်ကို မလိုလားကြောင်း တရုပ်အစိုးရမှ နိုင်ငံပိုင်မီဒီ
ယာတွင်တရားဝင်ပြောကြားလိုက်သည်။
တရုပ်ပြည်တောင်ပိုင်းကုန်သည်ပြပွဲတက်ရောက်နေသော မြန်မာသမ္မတဦးသိန်းစိန်မှ” မြန်မာနိုင်ငံ
အနေနှင့် တရုပ်အစိုးရနှင့် ရင်းနှီးစွာဆက်ဆံမှုပြောင်းလဲမည်မဟုတ်ကြောင်း၊ မိမိတို့ခက်ခဲကြမ်းတမ်း
အထီးကျန်စဉ်က တရုပ်အစိုးရရဲ့ ရပ်တည်ထောက်ခံ ကူညီပေးခဲ့မှုဟာ ချစ်ကြည်မှု အတွက်အရေးပါ
သလို မြန်မာအစိုးရအနေနဲ့ ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာလက်တွဲသွားရန် ကြီး
မားသောအလေးဂရုထားကြောင်းနှင့် တရုပ်အစိုးရဟာမိမိတို့အတွက်စစ်မှန်သောမိတ်ဆွေဖြစ်ကြောင်း”
ဘေဂျင်းအစိုးရအား သောကြာနေ့ကပြောကြားခဲ့သည်။


