အောင်ပန်၊ ၊နိုဝင်ဘာလတတိယပါတ်တွင် ကျင်းပမည့် နေရူးအမှတ်တရဟောပြောပွဲ
တက်ရောက်ရန်အတွက်အိန္ဒိယအစိုးရအားဖိတ်ကြားကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံ
လိုက်ကြောင်း The Time of India သတင်းစာတွင်ရေးသားထားသည်။
အိန္ဒိယဝန်ကြီးချုပ်မက်မိုဟန်ဆင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံပြီး နေရူးအမှတ်တရဟောပြောပွဲတွင် တက်ရောက်ဟောပြောပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းကြည်အား ၁၉၉၂ခုနှစ်က ဂျဝါဟလာနေရူးဆု ချီမြင့်ခဲ့သည်။ ဂျဝါဟလာနေရူးသည် အိန္ဒိယနိုင်ငံ၏
ပထမဆုံးဝန်ကြီးချုပ်တဦးဖြစ်ပြီး လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခင်မင်ရင်းနှီးသူတဦးဖြစ်သည့်အပြင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှလည်း ” ကျမပေါ်မှာ ငြိမ်းချမ်းရေဖခင် မဟတ္တမဂန္ဒီနှင့် ဂျဝါဟနေရူးတို့ရဲ့ အတွေး
အခေါ်အယူအဆတွေလွှမ်းမှုရှိကြောင်းကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ နေရူးအမှတ်တရ ဂေါပကအဖွဲ့ကို ၁၉၆၄ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ပြီး နေရူးနှင့်ခင်မင်ရင်းနှီးသူ လော့မောင်ဘက်တန်ပါဝင်ခဲ့သည်။နေရူးအမှတ်တရ ဂေါပက
အဖွဲ့တည်ထောင်ပြီး နှစ်စဉ် လူဘောင်တိုးတက်ရေး၊သိပ္ပံနည်းပညာ၊စက်မှုနည်းပညာတို့တိုးတက်ရေးအတွက်
ပညာသင်ဆုများချီးမြှင့်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် နေရူးအမှတ်တရဟောပြောပွဲတွင် ပထမဆုံး Lord Butler of Saffron Walden မှ ” နေရူး၏
အိန္ဒိယလွတ်လပ်ရေးအတွက်လှုပ်ရှားမှု” အကြောင်းကို ဟောပြခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင့်ဘက်တန် က
“အာဏာပြောင်းလဲမှုနှင့် ဂျဝါဟလာနေရူးအပေါ်ရောင်ပြန်ထင်ဟပ်မှုများ”အကြောင်း ကိုဟောပြောခဲ့သည်။
ဂျဝါဟလာနေရူးအမှတ်တရ ဟောပြောပွဲတွင် ၂၀၁၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များ၊ပါမောက္ခ
များစုစုပေါင်း (၃၂)ဦးဟောပြောခဲ့ကြပြီးဖြစ်သည်။
