အောင်ပန် ၊ ၊ပါကစ္စတန်ပြည်ထောင်မီးရထားဝန်ကြီး Ghulam Ahmed Bilour က
အစ္စလာမ်ဘာသာကိုစော်ကားသော ရုပ်ရှင်ရိုက်ကူးသူ ကယ်လီဖိုးနီးယားအခြေစိုက်
အီဂျစ်လူမျိုး အသက်(၅၅)နှစ်အရွယ်ရှိ Nakoula Basseley Nakoula အားသတ်ဖြတ်နိုင်သူအား
ဆုငွေဒေါ်လာတသိန်းချီးမြှင့်ဟု သတင်းစာရှင်းလင်းပွဲတွင်ကြေငြာခဲ့သည်။
Bilour မှ အယ်ကိုင်ဒါအဖွဲ့နှင့်တာလီဘန်အဖွဲ့တို့အားလည်းမိမိ၏ကြေညာညာချက်အပေါ်အမျိုး
ဘာသာအတွက်ဆောင်ရွက်ကြရန်ကိုလည်းဖိတ်ခေါ်လိုက်သည်။ မြင့်မြတ်သည့်ပရော့ဖိတ်ကိုေ
စ်ာကားသူအား သတ်ဖြတ်နိုင်သူကိုပေးအပ်မည့် ဆုငွေဒေါ်လာတသိန်းသည် မိမိ၏ကိုယ်ပိုင်
ငွေဖြင့်ပေးအပ်ဂုဏ်ပြုမည်ကြောင်း ပြောဆိုခဲ့သည်။
မီးရထားဝန်ကြီးရဲ့ပြောဆိုချက်သည် သူ၏ကိုယ်ပိုင်သဘောထားအမြင်ဖြစ်ပြီး ပါကစ္စတန်အစိုးရရဲ့သ
ဘောထားမဟုတ်သည့်အပြင် ထောက်ခံမှုမရှိကြောင်းကို ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ
Raja Pervez Ashraf မှ အေအက်ပီ သတင်းဌာနသို့တရားဝင်ပြောကြားခဲ့သည်။
ပါကစ္စတန်ပြည်သူပါတီမှ ဆီးနိတ်အမတ် Rubina Khalid က ” ကျမတို့အနေနဲ့ မည်သည့်ပါတီကမှ
ဘာသာရေးလှုပ်ရှားရေး ဖေါ်ဆောင်တာကိုမတွေ့မြင်ရပါဘူး” လို့ မီးရထားဝန်ကြီး Bilour အား
မေးခွန်းထုတ်လိုက်ပြီး Bilour ၏ကြေညာချက်မထောက်ခံသည့် အပြင် ကန့်ကွက်ဆန့်ကျင်ကြောင်း
အယ်ဂျာဇီးယားသတင်းဌာနရဲ့ဆက်သွယ်မေးမြန်းချက်ကိုဖြေကြားခဲ့သည်။
မီးရထားဝန်ကြီး Bilou က ပါကစ္စတန်ပြည်သူများအား မြင့်မြတ်သောပရောဖိတ်အားချစ်ကြ၊
ပရောဖိတ်အားစော်ကားသူကိုအပစ်ပေး ကြဖို့ ပြည်သူတွေ အစ္စလာမ်မာဘတ်ရှိပါလီမန်အဆောက်
အဦးကိုချီတက်ကြဖို့ မနေ့က လှုံဆော်တိုက်တွန်းလိုက်သည်။
Related articles
- Pakistani minister puts price on US filmmaker’s head (smh.com.au)
- Pakistan govt rejects filmmaker bounty (news.com.au)
- Pakistan minister offers bounty on film-maker (radionz.co.nz)

အသိဥာဏ်နည်းလှချည်လား..
သတ်ချင်ရင်ကိုယ်တိုင်ကျူးလွန်ပါလား။
မိမိတိုင်းပြည်ကအနာ၈တ်လူငယ်တွေကို
မကောင်းတဲ့အကျင့်စာရိတ္တတွေကိုသင်ပေးနေတာကိုက
ဘာသာတရားကကမ္ဘာကြီးမှာ
အထင်ကြီးလေးစားဖို့နေနေသာသာ
အရမ်းစက်စုပ်ရွံ့ရှာဖွယ်ကောင်းသောဘာသာကို
ကိုးကွယ်နေကြသည့်
ဆင်ကန်းတောတိုးပမာ…..
မည်သူကမျှမထောက်ခံ…
ရှုတ်ချတယ်…ဘာသာတရားဆိုတာ
သီးခံခြင်း..ခွင့်လွတ်ခြင်း..ငြိမ်းချမ်းခြင်းကိုသာရည်ညွန်းသည်။
လူသားတွေကိုခေတ်အဆက်ဆက်ထိ
ရိုက်သွင်းပေးထားသောအယူဝါဒဆိုးကြီးကို
လူသားများဆင်ခြင်ေ၇ှာင်ရှား
အသိဥာဏ်တိုးကြပါစေ…