ယခင်က အယူအဆ ရေးရာ ရန်ဘက် နှစ်ဦး နိုဘဲလ် ငြိမ်းချမ်းရေး ဆု ခန့် မှန်း ချက် မှာ အတူ ပါဝင်လာ

အသက် ၈၄ နှစ် အရွယ်ရှိ အမေရိကန် လူမျိုး အာဏာရှင် ဆန့် ကျင်ရေး အကြမ်း မဖက် နည်း
ဖြင့် လှုံဆော်ရန် ဆော်သြသူ ပါမောက္ခ ဂျင်းရှပ် သည် မြန်မာ နိုင်ငံ မှ စစ်အာဏာရှင် တစ်ဖြစ်
လဲ ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတ ဦးသိန်းစိန် နှင့် အတူ ၂၀၁၂ ခုနှစ် နိုဘဲလ် ငြိမ်းချမ်း ရေး ဆု
အတွက် အပြီးသတ် ဆု ခန့် မှန်းချက် စာရင်း တွင် ပါဝင်လာသည်။

နိုင်ငံ တကာ လူထု အုံကြွ မှု များ တွင် နောက်ကွယ်မှ စီစဉ်သူ ဟု အာဏာရှင် အစိုးရ တို့  ပြစ်တင်
ဝေဖန်ထား သည့် Albert Einstein Institute ကိုတည် ထောင်သူ ပါမေက္ခ ဂျင်းရှပ် သည်
အောက်တိုဘာလ ၁၂ ရက်နေ့ တွင် ကြေငြာ မည့် နိုဘဲလ် ငြိမ်းချမ်း ရေး ဆုရှင် အတွက် လည်း
ပထမ နေရာ တွင် ရေပန်းစား နေသည်။

ရုရှား နိုင်ငံ မှ လွတ်လပ်သည့် သတင်းဌာန ဖြစ်သည့် Echo of Moscow  နှင့် ထိုရေဒီယို ၏
သတင်း အယ်ဒီတာ ချုပ် အယ်လဆီ ဗန်ဒီတောဗ် သည် လည်း ငြိမ်းချမ်းရေး ဆု အတွက်လျှာ
ထားခံရသည်။ ၁၉၉၀ ခုနှစ် တွင် Echo of Radio ကို စတင် တည်ထောင်ခဲ့ ပြီး နိုင်ငံ တွင်း ရှိ
နိုင်ငံရေး မသမာ မှု များ နှင့် အာဏာပိုင် တို့  ၏ အကျင့် ပျက် မှု များ ကို ဖွင့် ချခဲ့ သည်။

နိုင်ဂျီးရီးယား မှ ဘုန်းတော်ကြီး ဂျွန် အိုနိုင် ယက်ကန် နှင့် မိုဟာမက် ဆဒ် အဘူဘေကာ တို့ မှာ
နိုဘဲလ် ငြိမ်းချမ်းရေး ဆု အတွက် ပူး တွဲ လျှာထား ခံရ ပြီး ခရစ်ယာန် ဘုန်းတော် ကြီး ဂျွန် အိုနိုင်
ယက်ကန် နှင့် ဆုကိုတို မှ ဆူလတန် တစ်ဦး ဖြစ်သူ မွတ်ဆလင် ခေါင်းဆောင် မိုဟာမက် ဆဒ်
အဘူဘေကာ တို့ မှာ နိုင်ငံတွင်း ဘာသာ ကွဲပြား မှု ကို အခွင့် ကောင်းယူပြီး ဆော် သြ လှုံ ဆော်
မှု မပြု ရန် တိုက် တွန်း ခဲ့ ကြသူ များ ဖြစ်သည်။

ရုရှား နိုင်ငံ မှ အကြမ်းဖက်မှု များ ဆန့် ကျင်သည့် ဒီမိုကရေစီ နှင့် လူ့  အခွင့် အရေး ၊ အရပ်ဘက်
လူ့  အဖွဲ့  အစည်း ဖြစ်သည့် Memorial နှင့် ၎င်း အဖွဲ့  ကို တည်ထောင် သူများ တွင် တစ်ဦး အပါ
အ၀င် ဖြစ်သည့် ဆဗက်တန်နာ ဂန်နုရှ် ကီနာ တို့ သည့် နိုဘဲ ငြိမ်းချမ်းရေး ဆု အတွက် ပူး တွဲ လျှာ
ထား ခံရသည်။

မြန်မာ သမ္မတ ဦးသိန်းစိန် သည့် နိုဘဲလ်ငြိမ်းချမ်း ရေး ဆု အတွက် ခန့် မှန်း ခံရသူများ အတွင်း
ပဉ္စမ နေရာ ရှိ နေ ပြီး ပါမောက္ခ ဂျင်း ရှပ် မှာ နံ ပါတ် ၁ နေရာ တွင် ရှိသည်။

ယခင် မြန်မာ စစ်အစိုးရ လက်ထက် ဦးသိန်းစိန် သည် လည်း ဗိုလ်ချုပ် ကြီး အဖြစ်တာဝန်ထမ်း
ဆောင် နေ ချိန် တွင် ပါမေက္ခ ဂျင်းရှပ် ရေးသား သည့် ” အာဏာရှင် စနစ်မှ ဒီမိုကရေစီ စနစ်သို့ ”
အပါ အ၀င် ဂျင်းရှပ် ၏ မည်သည့် နှုတ် က ပတ် တော် ကို မဆို လက်ဝယ်  တွေ့ ရှိ သည့် မြန်မာ
နိုင်ငံ သား မဆို ထောင် သွင်း အကျဉ်းချ ခံရမည် ဖြစ်သည်။

အိုဘားမား နိုဘဲလ် ငြိမ်းချမ်းရေးဆု တက်ရောက်လက်ခံရယူ

၂၀၁၀ နိုဘဲလ်ငြိမ်းချမ်းရေး ဆု ရှင်အဖြစ် တရုတ် ဒီမိုကရေစီ လှုပ်ရှားသူ လျှုလျှောက်ဘို အားရွေးချယ်

နိုဘဲလ်ဆု ကို အမျိုးသမီး သုံး ဦး ဆွတ်ခူး (ယီမင် လူထု အုံကြွမှု ကို စတင် ခဲ့ သည့် အမျိုးသမီး ဆုရှိ)

၂၀၁၂ နိုဘဲလ် ဆုပေးပွဲ

မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ယခင်နှစ်  နိုဘဲလ် ငြိမ်းချမ်းရေး ဆု
အတွက် ထပ်မံ အရွေး ခံ ခဲ့ ရပြီး ၊ ဆု ထပ်မံ ရရှိခဲ့ ပါက  လူပုဂ္ဂိုလ် တစ်ယောက် ခြင်း အနေဖြင့်
ဒုတိယ အကြိမ် မြောက် အဖြစ် ပထမ ဆုံး ဆုရှိ သူ ဖြစ်လာ ပေ လိမ့် မည်။

ယခင်က ကမ္ဘာ့ ကြက်ခြေ နီ အဖွဲ့  ကုလသမဂ္ဂ ဒုက္ခ သည် များ ဆိုင်ရာ မဟာ မင်းကြီး
ရုံး တို့  မှာ နိုဘဲလ် ငြိမ်းချမ်းရေး ဆု နှစ်ခါ ရရှိ ဖူး ခဲ့ သည်။

၂၀၁၀ ခုနှစ် က  နိုဘဲလ် ငြိမ်းချမ်းရေး ဆု ကို တရုတ် နိုင်ငံ မှ ထောင်သွင်း အကျဉ်းချထား
ခြင်း ခံရတဲ့ တက်ကြွ သူ လျှူရှောင် ဘို ရရှိ ခဲ့သည်။  ၎င်း သည် ဆုရရှိခဲ့ သည့် နှစ် တွင်
တရုတ် နိုင်ငံ တွင်း မှာ အကျဉ်းချခံထားရတာ ၁၁ နှစ် ရှိသွားပြီ ဖြစ်သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန် ရေး လှုပ်ရှား မှု ဦးဆောင်သူ မြန်မာ ဘုန်းတော်ကြီး များ နှင့် ဒီမို
ကရတ်တစ်  မြန်မာ့ အသံ တို့ မှာ လည်း ဆု အတွက်  လျှာထားခံခဲ့ ရသည်။

  • Gene Sharp
  • Memorial and Svetlana Gannushkina
  • Echo of Moscow and Aleksei Venediktov
  • John Onaiyekan and Mohamed Sa’ad Abubakar
  • Thein Sein

One thought on “ယခင်က အယူအဆ ရေးရာ ရန်ဘက် နှစ်ဦး နိုဘဲလ် ငြိမ်းချမ်းရေး ဆု ခန့် မှန်း ချက် မှာ အတူ ပါဝင်လာ

  1. ရွေဝါရောင်ကဘုန်းကြီးသံဃာတော်တွေနဲ့ထိုက်တန်လွန်းပါတယ်..
    တိုက်ခိုက်ခြင်းကိုပြန်လည်တုန့်ပြန်မှုမရှိ..ခေါင်းငုံခံခဲ့တယ်ဆိုတာ
    ကမ္ဘာကသိပြီးမို့..ဆုနဲ့ခိုက်တန်တဲ့သူကိုပေးသင့်တယ်…

Comments are closed.