ဒေးဗစ် ဘာဘိုဇာ(ဘေဂျင်း)
တင် ကျော်ကျော် စိုး ဘာသာ ပြန် ဆိုသည်။
တရုတ် ၀န်ကြီး ချုပ် ရဲ့  မိခင် ဟာ တရုတ် ပြည်မြောက် ပိုင်း က ကျောင်းဆရာ မ တစ်ဦး ပါ။ သူ့ ဖခင်
ကတော့ ဥက္ကဌ ကြီး ရဲ့  မော် ရဲ့  နိုင်ငံ ရေး စည်းရုံးမှု တစ်ခု မှာ အိမ်မွေး ၀က်တွေ ကို စောင့်ရှောက်
ဖို့  အတွက် အ မိန့်  ပေး ခံ ရခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ “ သူရဲ့  ကလေး
ဘ၀ အတော အတွင်း ကျွန်တော် တို့  မိသားစု အရမ်း ကို ဆင်းရဲ ခဲ့ တယ် လို့  ၀န်ကြီး ချုပ် ၀မ်ကျား
ပေါင် က ပြီးခဲ့ တဲ့ နှစ် က မိန့်  ခွန်း တစ်ခု မှာ ထည့် သွင်း ပြောကြား ခဲ့ ပါတယ်။
ခုတော့ အသက် ၉၀ အရွယ် ရှိ နေ ပြီ ဖြစ်တဲ့ ၀န်ကြီးချုပ် ရဲ့  အမေ ယန်ဇီယွန် ဆင်းရဲ မှု တွေ ကို ပဲ ကျော ခိုင်း
နိုင် ခဲ့ တာ မဟုတ် ပါဘူး။ အနည်း ဆုံး တော့ ငွေ ထုတ် ၊ ငွေ သွင်း မှတ် တမ်း တွေ နဲ့  အတူ လုပ် နေ တဲ့ သူ
တွေ ရဲ့  အပြော အရ နဲ့  ဈေးကွက် က မှတ်တမ်း တွေ အရ ဒီ အမေ အို ကြီး ဟာ အတော် လေး ချမ်းသာ
နေ ပြီ ဖြစ်ပါတယ်။ ရင်းနှီး မြုပ် နှံ မှု လုပ်ငန်း ကြီး တစ်ခု ဟာ သူ့  နာမည် နဲ့  ပါ ၊ အမေရိကန် ဒေါ်လာ
သန်း ၁၂၀ လောက် တန်ကြေး ရှိတဲ့ တရုတ် ငွေရေး ကြေး ရေး ၀န် ဆောင် မှု ကုမ္ပဏီ ကြီး တစ်ခု
ကို သူ ပိုင်တာ ပေါ့ ။
မစ္စယန် ဘယ်လို မုဆိုး မ ဖြစ်သလဲ က အစ ၊ မသိ ကြသေးတဲ့ ချမ်းသာ ကြွယ် ၀ မှု တွေ ၊ သူ နာမည် ပေါက်
ပိုင် ဆိုင် မှု တွေ အထိ ဆို ပါစို့  ။ ဒါပေမယ့် လို့  သား ဖြစ်သူ တရုတ် ပြည် ရဲ့  အခွင့် ထူး ခံ အုပ် ချူပ် သူ ဖြစ်လာ
ပြီး နောက် ပိုင်း မှ ပါ ။ ၁၉၉၈ ခုနှစ် မှာ ၀မ် က ဒုတိယ ၀န်ကြီး ချုပ် ဖြစ်လာ ခဲ့ တယ်။ (မြန်မာ နိုင်ငံ
မှာ ရာထူး က ဖယ်ရှား ခံရတဲ့ ထိပ်တန်း စစ်ထောက်လှမ်း ရေး အရာ ရှိ ဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် ဘုန်းမီး
နေ လ တောက်ပ ချိန် နဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် က ရက် ပေါင်း ၆၀ အတွင်း လွှတ်တော်
ခေါ်ယူပေး ရေး တောင်းဆို ချန်ပေါ့ ) နောက် ငါး နှစ် အကြာမှာ တော့ ၀န် ကြီး ချုပ် ဖြစ်လာ ခဲ့ တယ်။
ဝမ် ကျား ပေါင် ရဲ့  ဆွေ တော် မျိုး တော် တွေ ဖြစ်တဲ့ သူ့  ရဲ့  သား ၊ သမီး ၊ ညီငယ် နဲ့  ယောက်ဖတော် တို့ 
ဟာ အလွန် အမင်း ချမ်း သာ ကြွယ် ၀ သူ တွေ ဖြစ်လာ ကြတယ် ဆိုတာ ကို နယူးယောက် တိုင်း(မ) က
စုံစမ်း ထောက် လှမ်း သတင်း ရေး သား မှု မှာ ဖော် ပြ ထား တယ်။ ၀န်ကြီး ချုပ် ရဲ့  ဆွေ တော် မျိုး တော် တွေ ဟာ
ရှုးရှုး ရှဲ ရှဲ နဲ့  ဆွေနွေး ညှို နိုင်း မှု တွေ မှာ တရုတ် တွေ ရဲ့  ထုံးစံ အတိုင်း တစ်ဖက် ကမ်း ခတ် သူ တွေ ပေါ့ ။
အဲဒီ ထဲ မှာ ၀န်ကြီး ချုပ် ရဲ့  ဇနီး လည်း ပါ ၀င် ပါတယ်။ သူ က အမေရိကန် ဒေါ်လာ ၂.၇ ဘီလျှံ ရှိ တဲ့
ရင်နှီးမြုပ် နှံ မှု တွေ နဲ့  အတူ စီး ပွား ရေး လုပ် ငန်း ကြီး တစ် ခု ကို ထိမ်း ချုပ် ထား သူ ပဲ ပေါ့။
စီးပွားရေး လုပ်ငန်း တွေ မှာ ၀မ် ရဲ့  မိသား စု တွေ က သိပ် ကြီး တော့ ပေါ် ပေါ် ထင်ထင် နေရာယူထား တာ မ
ဟုတ် ပါဘူး ။ မိတ်ဆွေ ၊ လုပ် ဖော် ကိုင် ဖက် ၊ သူငယ်ချင်း တွေ ၊ မိသားစု စီးပွား ဖက် တွေ ၊ ကျောင်း နေဖက်
တွေ ၊ လုပ် ဖော် ကိုင် ဖက် တွေ ၊ ရဲ ဘော် ရဲ ဘက် တွေ ရဲ့  နာမည် နဲ့  စီးပွား ရေး တွေ နောက် မှာ ၀မ် မိသား
စု က ခပ် ပါးပါး လေး ကပ် ပါ လာ တာ ပါ။ နိုင်ငံ ရေး အရ အဆက် အသွယ် ကောင်း ကောင်း ရှိ တဲ့ လူ ကို
လူ တိုင်း က သိကျွမ်း ခင် မင် ချင် ကြ တာ ပါ ပဲ ။ သူတို့  က လည်း အစိုးရ ရဲ့  ဘယ် လမ်း ရွေး ရင် ကောင်း နိုး နိုး အခြေ
အနေ တွေ က နေ စီးပွားရေး အကျိုး အမြတ်တွေ ရရှိ ခဲ့ ကြ တာမှာ အစိုးရ အနေ နဲ့  သြဇာ သက်ရောက် မှု
တရုတ် ပြည်ရဲ့  လျှင်လျှင် မြန်မြန် နဲ့  ကြီး ထွား လာတဲ့ စီးပွား ရေး က နေ သပိတ် ၀င် အိတ် ၀င် ဖြစ်ခဲ့ တာပါ။
တရုတ် ပြည် က တခြား စီး ပွား ရေး လုပ်ငန်း တွေ နဲ့  မတူ တာ က ၊ ၀မ် မိသားစု ရဲ့  စီးပွား ရေး လုပ်ငန်း တွေ
ဟာ တရုတ် အစိုးရ ပိုင် ဖြစ်တဲ့ ကုမ္ပဏီ တွေ က နေ ငွေ ကြေး အရ ကျော ထောက်နောက်ခံ ပေး မှု ကို အခါ အား
လျှော် စွာ ရရှိ နေတာ ဖြစ် ပါတယ်။ အဲဒီ ထဲ မှာ တော့ ရရှိ ထား တဲ့ မှတ်တမ်း တွေ မှာ ဖော်ပြထား တာက
China Moblie လို ကုမ္ပဏီ တွေ ၊ အာရှ ရဲ့  ကျိကျိ တက် သူဌေး ကြီး တွေ ရဲ့  ကျော ထောက် နောက်ခံ
ပေး မှု တွေ ကို ၀မ် မိသား စု ရခဲ့ တာ ပါ ပဲ။
နယူးယောက် တိုင်း မဂ္ဂဇင်း က ရရှိ ထား ချက် တွေ အရ ၀မ် ရဲ့  စီးပွား ရေး အင်ပါ ယာ ကြီး မှာ ဘဏ်တွေ ကို
ရှယ် ယာ ၀င်ထား တာတွေ ၊ စိန် နဲ့  ကျောက် မျက် ရတနာ လုပ်ငန်း ၊ ခရီးသွား ၀န်ဆောင် မှု လုပ်ငန်း တွေ ၊
တယ်လီဖုန်း ဆက် သွယ်ရေး ကုမ္ပဏီ တွေ ၊ အခြေခံ အဆောက် အဦ တွေ တည် ဆောက် မှု ပရောဂျက် တွေ နဲ့ 
တစ်ချို့  က တော့ ပြည်ပ မှ အခြေစိုက် တဲ့ လုပ်ငန်း တွေ ပါ။

ကျန်ပိုင်လီ သည် ပီကင်း ကျောက်စိမ်း နှင့် လက်ဝတ်ရတနာ ကုမ္ပဏီ ၏
ဥက္ကဌ ၊ အမှုဆောင်အရာ ရှိ ချုပ် လည်း ဖြစ်ပြီး တရုတ် ကျောက်မျက် ရတ
နာ အသင်း ၏ ဒုဥက္ကဌ လည်း ဖြစ်သည်။ ကျန် သည် ဘူမိဗေဒ ပညာရှင်
တစ်ယောက် ဖြစ်သည်။ ကျောက်စိမ်း နှင့် စိန် ကို အထူး ကျွမ်းကျင်သည်။

နယူးယောက် တိုင်း သတင်းစာ တွင် ပါရှိသည့် သတင်းထောက် ဒေးဗစ် ဘာဘိုဇာ ၏ ” Billions in
Hidden Riches for Family of Chinese Leader” သတင်း ဆောင်း ပါး နှင့် The Economist မဂ္ဂဇင်း
ပါ The Man Who Must Change ကို ဆီလျှော် အောင် FNG ၏ ပင်တိုင်ဆောင်းပါးရှင်
တင်ကျော်ကျော်စိုး မှ ဘာသာ ပြန် ဆို ဖော်ပြထား ခြင်း ဖြစ် ပါသည်။
Related articles
- How China’s wealthy transfer their assets abroad (wantchinatimes.com)
- Portraits of Chinese families with their possessions (lostateminor.com)
- A Conversation with President U Thein Sein of Myanmar (freedomnewsgroup.com)
- Family Fortunes: Report into Chinese leader’s hidden riches blocked (itv.com)
