ကျေးဇူးတော် နေ့  မတိုင်ခင် အိုဘားမား လာမယ် လို့ အိမ်ဖြူတော် သတင်း ထုတ် ပြန်

Update အမေရိကန် သမ္မတ အိုဘားမား က မြန်မာ နိုင်ငံ ခရီး စဉ် ကို နိုဝင်ဘာလ လယ် မှာ
စီစဉ် ထား ပြီး ဖြစ်တယ် လို့  အမေရိကန် သမ္မတ အိမ် ဖြူတော် က ဒီနေ့  တရား ၀င် သတင်း
ထုတ် ပြန် ခဲ့ ပါတယ်။

သမ္မတ သက်တမ်း ဒုတိယ အကြိမ်မြောက် ပြန် လည် ရွေးကောက် ခံ လိုက် ရတဲ့ အိုဘားမား
ဟာ နိုဝင်ဘာ လ ၁၉ ရက် နေ့ မှာ မြန်မာ နိုင်ငံ ခရီးစဉ် ကို စတင် မှာ ဖြစ်တယ် လို့  မြန်မာ
အစိုးရ တာဝန် ရှိသူ တစ်ဦး က AFP သတင်း ဌာန ကို ပြောပါတယ်။

ဒုတိယ အကြိမ် သက်တမ်း ပြန်လည် အရွေးချယ် ခံ ရပြီး နောက် မြန်မာ နိုင်ငံ ခရီးစဉ် ဟာ
သမ္မတ အိုဘားမား ရဲ့  ပထမ ဦးဆုံး ပြည်ပ ခရီး စဉ် ဖြစ်ပါတယ်။

သူ့ ရဲ့  မြန်မာ နိုင်ငံ ခရီးစဉ် မှာ ပြုပြင် ပြောင်းလဲ ရေး တွေ ကို ဖော်ဆောင် နေတဲ့ သမ္မတ
ဦးသိန်းစိန် နဲ့  အခုတော့ လွှတ်တော် အမတ် ဖြစ် နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့  ပါ
တွေ့ ဆုံ မှာ ဖြစ်ပါတယ်။

အိုဘား မား ရဲ့  မြန်မာ နိုင်ငံ ခရီးစဉ် နဲ့  ပတ် သက် ပြီး ၀ါရှင်တန် သမ္မတ အိမ်ဖြူ တော် က
တော့ သတင်း တစ်စုံ တစ်ရာ ထုတ် ပြန် ခြင်း မရှိ သေး ပါဘူး။

အိုဘားမား ရဲ့  မြန်မာ နိုင်ငံ ခရီး စဉ် ဟာ အဆီယံ နဲ့  မိတ်ဖက် နိုင်ငံ များ ဖြစ်တဲ့ ရုရှား နဲ့ 
ဂျပန် ၊ တရုတ် စတဲ့ နိုင်ငံ တွေ ပါ ပါဝင် တဲ့ အရှေ့ အာရှ နိုင်ငံ များ အစည်း အဝေး ကို
ကမ္ဘောဒီးယား မှာ ကျင်း ပ မှာ ကို သွား ရောက် တက် ရောက် မှာ ဖြစ်ပါတယ်။

ပြီး ခဲ့ တဲ့ နှစ် ဒီဇင်ဘာလဆန်း က အမေရိကန် နိုင်ငံ ခြားရေး ၀န် ကြီး ဟီလာရီ ကလင်
တန် မြန်မာ နိုင်ငံ ကို သွား ရောက် လည် ပတ် ခဲ့ ပါတယ်။

မြန်မာ့  ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ဟာ စက်တင်ဘာလ က အမေ
ရိကန် ခရီး စဉ် မှာ သမ္မတ အိုဘားမား နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။