PlayStation Vita အတွက် သာ ကနဦး ရည်ရွယ် ထုတ်လုပ် သည့် Call of Duty

Sony Play Station ၏ ဂိမ်းများ ကို ထုတ် လုပ် ပေး သည့် Nihilistic Software
Call of Duty နောက်ဆုံး ထုတ် ဂိမ်း ကို နိုဝင်ဘာ လ ၁၃ ရက်နေ့  တွင် စတင်
ဖြန့် ချိ မည် ဟု Sony Entertainment မှ ကြေငြာ သည်။ Call of Duty: Black
Ops :Declassified  သည် PlayStation Vita တွင် သာ စတင်အသုံး ပြု နိုင်သည်။

ယခင် ထွက်ရှိ ခဲ့ သည့်  Call of Duty များ သည် ၀င်းဒိုး စနစ် သုံး ကွန် ပျုတာ ၊
Mac OS နှင့် Nintendo DS Nintendo GameCube, Nokia N-Gage, PlayStation 2,
PlayStation 3 PlayStation Portable, Wii,, Wii U, Xbox, Xbox 360, OS,
BlackBerry စသည့် ဂရပ်ဖစ် စွမ်းရည့် မြင့် မား သည် ကွန်ပျူတာ အခြေခံ
အီလက်ထရောနစ် ပစ္စည်းများ တွင် သုံး  နိုင်ခဲ့ သည်။

Call of Duty: Modern Warfare 3 ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ 
က ဖြန့် ချိ ခဲ့ သည်။ Sony ၏ Play Station အတွက် ရည် ရွယ် ထုတ် လုပ်
သည့် Call of Duty ကို ၂၀၀၃ ခုနှစ် က စတင် ဖြန့် ချိ ခဲ့ ရာ တစ်နှစ် အတွင်း
မှာ ပင် ဂိမ်း ဆော့ဖ် ၀ဲ စီဒီ ချပ် ရေ ဆယ်သန်း ကျော် ရောင်းချ ခဲ့ ရ ပြီး
ကမ္ဘာ တစ်ဝှမ်း တွင် Call of Duty ကို ကစားသူများ ဘီလျှံ နှင့် ချီရှိသည်
ဟု Game မဂ္ဂဇင်း တွင် ဖော်ပြထား သည်။

၂၀၀၃ ခုနှစ် က စတင် ထုတ်ဝေခဲ့ သည့် Call of Duty လူကြိုက်များ လာမှု က
၂၀၀၀ ပြည့် နှစ် များ က နာမည် ကျော် ဗီဒီယိုဂိမ်း တစ်ခု ဖြစ်သည့် Counter
Strike ဟု လူသိများ သည့် Half Life ဂိမ်း ၏ ကျော်ကြား မှု ကို နိဌိတံ စေခဲ့ သည်။

လက်ကိုင် ဆော့ နိုင်သည့် PlayStation Vita တွင် သာ သီးသန့်  ရောင်း
ချ မှု ကြောင့် နောက်ဆုံး ထွက် Call of Duty ကို ဝေဖန် မှု များ ရှိ သော်
လည်း SONY တာဝန် ရှိသူ များ က အနာဂတ် ဂိမ်မာ များ သည် HandHeld
ကို သာ သုံးလာ ကြ မည် ဟု ဆိုသည်။