လောင်စာ ဆီတင် ရထား တိမ်းမှောက် မှု ၂၅ ဦးသေ ၊ ၆၀ ကျော်ဒဏ်ရာရ

ဓာတ်ဆီ နှင့် ဒီဇယ် တင်ဆောင် လာသည့် ရထားတွဲ သည့် စစ်ကိုင်းတိုင်း ကန့် ဘလူ မြို့ နယ်
ချပ်ကြီး ဘူတာ အနီး တွင် တိမ်းမှောက် မှု ကြောင့် ၂၅ ဦးသေဆုံး သည် ဟု ကန့် ဘလူ မြို့  နယ် ဆေးရုံ မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။

နိုဝင်ဘာ လ ၉ ရက်နေ့  နံနက် က ရထား လမ်းချော ပြီး တိမ်းမှောက် မှု တွင် ဆီတင် တွဲ များ
လည်း တိမ်းမှောက် ခဲ့ ပြီး များယိုဖိတ် မှု ဖြစ် ပွား ရာ သို့ အနီး ကျေးရွာ များ မှ ပြည်သူ များ က
ဆီ လာရောက် ခတ် ယူစဉ် အတွင်း မီးလောင် မှု ပေါက် ကွဲ မှု ကြောင့် သေဆုံး ၊ ဒဏ်ရာ ရ ခဲ့
ခြင်း ဖြစ်သည်။

ဒဏ်ရာ ရရှိ သူများ တွင် ကန့်  ဘ လူ နှင့် ကျွန်းလှ ကျေး ရွာ မှပြည်သူ များ ၊ မြန်မာ့ မီးရထား
မှ ၀န်ထမ်း အချို့  နှင့် ကယ်ဆယ် ရေး အဖွဲ့  ၀င်များ ပါဝင် သော် လည်း ၊ သေဆုံးသူများ တွင်
ဆီလာ ခပ် သည့် ဒေသ ခံ များ နှင့် အတူ အခြား တာဝန်ရှိသူများ ပါဝင် မှု နှင့် ပတ်သက် ပြီး
FNG မှ အသေးစိတ် မသိ ရှိ ရ သေးချေ။

 

လောင်စာ ဆီ သည် ရထား တိမ်းမှောက် မှု တွင် တနင်္လာ နေ့  နံနက် အရုဏ် တက် ချိန်
နောက်ဆုံး သိရသည့် သတင်း အရ ၆၂ ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦး မှာ မီးလောင်ကျွမ်း မှု
ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိ ခဲ့ ပြီး ထပ်မံ အဆင့် မြင့် ကုသမှု ခံ ယူရန် အတွက်
မန္တလေး ဆေးရုံ ကြီး သို့  လွှဲ ပြောင်း ပေး ပို့  နိုင်ဖွယ် ရှိ ကြောင်း ဆေးရုံ မှတာဝန် ရှိ သူ
တစ်ဦး က ပြောကြား သည်။