အစ္စရေး ကာကွယ်ရေး ၀န်ကြီး က ဂါဇာ ကမ်းမြှောင် ဒေသ မှာ အရေး ပေါ် အရံ တပ် တွေ ချထား
ဆင့် ခေါ် လိုက်တာ ကြောင့် အစ္စရေး နဲ့  ဟားမတ်(စ) စတဲ့ ပါလက် စလိုင်းလ က် နက်
ကိုင် တပ် တွေ ရဲ့  ပဋိပက္ခ ဟာ ပို ပြီး ကြီး မား လာ နိုင်ဖွယ် ရှိ တယ် လို့  ဒေသတွင်း နိုင်ငံ တွေ က
သုံး သပ် ကြ ပါတယ်။
မနေ့  က နံနက် အစော ပိုင်း က ပြု လုပ် တဲ့ အစ္စရေး ရဲ့  လေကြောင်း တိုက် ခိုက် မှု မှာ ဟားမတ်(စ)
စစ်ခေါင်းဆောင် တစ်ဦး ကျ ဆုံး သွား ပါတယ်။ ၂၀၀၈ ခုနှစ် နောက် ပိုင်း က ပြု လုပ် ခဲ့ တဲ့ စစ်
ဆင်ရေး တွေ အတွင်း မှာ အစ္စရေးရဲ့  အကြီးမား ဆုံး စစ်ဆင် ရေး ဖြစ် တဲ့ အစ္စရေး ရဲ့  စစ်ဆင် ရေး
တွေ နဲ့ ပတ် သက် ပြီး ၀န်ကြီး ချုပ် တာဝန် လည်း ထမ်းဆောင် ဖူး တဲ့ လက်ရှိ ကာ ကွယ် ရေး ၀န်
ကြီး အီဟွဒ် ဘာရခ် က ပြော တာ က ပါလက်စတိုင်း ဟားမတ်(စ) အဖွဲ့  ဟာ အစ္စရေး ပိုင် နက် ထဲ
ကို Fajr 5 ဆို တဲ့ ဒုံး လက် နက် တွေ နဲ့  ပစ်ခတ် တိုက် ခိုက် မှု ကြောင့် လို့  ဆို ပါတယ်။
အီဂျစ် သမ္မတ မိုဟာမက် မော်စီ က တော့ ” အီဂျစ် ရဲ့  အပြု အမူ ဟာ ရန် လို ပြီး သည်းမခံ နိုင်ဖွယ်
ရာ အပြု အမူ ” ပဲ လို့  တုံ့  ပြန် ပါတယ်။
မနေ့  က အစ္စရေး လေတပ် က ဟယ်လီ ကော်ပတာ တွေ နဲ့  တိုက် ခိုက် မှု အတွင်း အရေး ပါတဲ့ ဟား
မတ်(စ) စစ်ခေါင်းဆောင် အာ မက် ဂျဘာရီ ကျ ဆုံး သွား ခဲ့ ပါတယ်။ အဲဒီ တိုက် ခိုက် မှု ဟာ ၂၀၀၄
ခုနှစ် က ဟားမတ်(စ) အဖွဲ့  ကို တည် ထောင် သူ လက်တွန်း လှည်း နဲ့  သွားနေ ရတဲ့ အသက် ၆၇ နှစ်
အရွယ် မျက်မမြင် အာမက် ယာဆင် ကို အစ္စရေး ရဟတ် ယာဉ် က လုပ် ကြံ ပြီး နောက် မှာ အပြင်း
ထန် ဆုံး ဖြစ် ပါတယ်။
အစ္စရေး ရဟတ် ယာဉ် တွေ ရဲ့  တိုက် ခိုက် မှု ကြောင့် ပါလက်စတိုင်း အရပ် သား ၁၅ ဦး အသက်ဆုံး
ရှုံး ခဲ့ ရတယ် လို့  ဆို ပြီး ၊ အစ္စရေး ရုပ်သံ Chanel 2 ကတော့ ကြာသပတေး နေ့  တစ်ရက် တည်း မှာ
တင် ပါလက် စတိုင်း ဘက် က ရော့ ကတ် လောင် ချာ ၁၅၀ ကျော် အစ္စရေး ထိမ်း ချုပ် ထား ရာ နယ်
မြေ တွေ အတွင်း ကို ပြစ်ခတ် ခဲ့ တယ် လို့  ပြောပါတယ်။
ပါလက် စတိုင်း ဘက် မှာ လည်း ဒဏ်ရာ ရရှိ သူ ၁၅၀ ကျော် ခန့်  ရှိ ပြီး ၊ အစ္စရေး ကာ ကွယ်ရေး ၀န်
ကြီးဌာ နက တော့ တယ်(လ) အဗစ် မြို့  ကို ပါလက် စတိုင်း တွေ ရဲ့  တိုက် ခိုက်မှု က နေ ကာ ကွယ်
ဖို့  အရံ တပ် တွေ ကို ဆင့် ခေါ် နေ ပြီ လို့  အစ္စရေး ကာကွယ် ရေး ၀န် ကြီး ဌာန ရဲ့  တွစ်တာ စာမျက်
နှာ မှာ ဖော်ပြ ထား ပါတယ်။
ဟားမတ်(စ) နဲ့  အခြား ပါလက် စတိုင်း လက်နက် ကိုင် အဖွဲ့  တွေ က တော့ အစ္စရေး တို့  ကို လက်တုံ့ 
ပြန် မယ် အစ္စရေး ဟာ ငရဲ တံခါး ကို ဆွဲ ဖွင့် နေတယ် လို့  အယ်(လ) အာရဗီ သတင်း ဌာ န ကို ပြော
ပါတယ်။
ဂါဇာ ကမ်း မြှောင် ဒေသ ကနေ တိုက် ခိုက် နေတဲ့ Fajr 5 ရော့ ကတ် တွေ ကို အီရန် နိုင်ငံ က နေ တီ
ထွင် ပေးထား တာ လို့  အစ္စရေး ထောက် လှမ်းရေး ဌာန က ပြောပါတယ်။
နောက်ဆုံး သိရ သည့် သတင်းများ အရ အစ္စရေး က အီဂျစ် ၀န်ကြီး ချုပ် လာရောက် လည်ပတ် ချိန်
တွင် ဂါဇာ ဒေ သ ကို တိုက် ခိုက် မှု များ အား ရပ် တန့် ထား မည် ဟု ဆိုသည်။
Related articles
- PHOTO: Hamas missile launch pad next to mosque, playground. Civilian factories, gas station also half a block from Fajr-5 firing site. (kleinonline.wnd.com)
- Iran-made Fajr-5 missile may have targeted Tel Aviv (thehindu.com)
- Keep Your Designer Handbags In Top Shape With These Tips From ShopRDR.com (prweb.com)
- PHOTO: Hamas missile launch pad near mosque, playground (wnd.com)
- Gaza missiles fired at Tel Aviv (bbc.co.uk)

အီဂျစ် သမ္မတ မိုဟာမက် မော်စီ က တော့ ” အီဂျစ် ရဲ့  အပြု အမူ ဟာ ရန် လို ပြီး သည်းမခံ နိုင်ဖွယ်
ရာ အပြု အမူ ” ပဲ လို့  တုံ့  ပြန် ပါတယ်။
တယ်ဟုတ်ပါလား..ကိုယ်နိုင်ငံ ကိုယ်ပြန်ပြောတာ..ဟိဟိ