အကောင်အထည်ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အစိုးရစီမံကိန်းများ အကောင် အထည်မဖော်ခင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပြီး အကောင်အထည် ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏
ယုံကြည်မှုဆုံးရှုံးနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်
ကမီဒီယာများနှင့် တွေ့ ဆုံစဉ် ပြော ကြားသွား ခဲ့သည်။ 

”အခုလက်ပံ  တောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။ ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊

ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်း အဝေး အစီအစဉ်တွင် ပါဝင်ခြင်း
မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကို
အဖွဲ့တစ်ဖွဲ့ ဖွဲ့၍ စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းခဲ့ပြီး

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြန်လည်ရှင်းလင်းခဲ့ပြီး
နောက် ဒေါ်အောင်ဆန်းစု ကြည်ကယင်းစီမံကိန်းနှင့်ပတ်သက်၍မီဒီယာများသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
”အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။

အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံး နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော် တွင် ပြောကြားခဲ့သည်။ 

”နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝ
ရရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့ အကျိုး စီးပွားအတွက်သာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က စီမံကိန်းလုပ်ဆောင်ရခြင်းနှင့် ပတ် သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။
အဆိုပါ စီမံကိန်းများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ကြီးထွားလာရခြင်းသည် မီဒီယာ၏ ပယောဂမကင်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်က ”အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါတယ်။ စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်း နဲ့။ ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲမမှန် နိုင်ဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ဖို့ပဲ လိုပါတယ်” ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Messenger မှ ကူးယူ ဖော်ပြ ပါသည်။
အောက် တွင် တွေ့  ရသည့် မှတ် ချက် များ မှာ The Messenger ဂျာနယ်မှ Facebook မှတ်
ချက် များ ကို စုစည်း ဖေါ်ပြထား ခြင်း ဖြစ်သည်။

149Like ·  · Share
  • 116 people like this.
  • မင်းကြီး အနော်ရထာ လက်ပန်တောင်းတောင်ကိစ္စဟာ ကြမ်းကျွံထားသောခြေတစ်ဖက်လို မျိုးမြန်မာအစိုးရအတွက်ဖြစ်နေပါတယ်။ 

    နိုင်ငံတော်အဆင့်ပရောဂျက်များသည် အရာရာတိုင်း ကလေးကစားသလို လုပ်လို့မရပါ။ နိုင်ငံရဲ့ ကတိသစ္စာတည်ကြည်မှု၊ အားထားလောက်ဖွယ်ရှိမှု စတဲ့အချက်တွေအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ နောက်လာမယ့် အနာဂတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေအပေါ်လဲ သက်ရောက်မှုရှိနိုင်ပါတယ်။ 

    အိုင်ဗင်ဟိုတုန်းက အသံမထွက်၊ အခုမှအသံထွက်တာဘာကြောင့်လ်ဲဆ
ိုတာကို အသေးစိတ်အဖြေရှာဖို့လိုပါလိမ့်မယ်။ Bird Eye View နဲ့ကြည့်တတ်ဖို့လိုသလို၊ အသေးစိတ် မှန်ဘီလူးနဲ့ အနုစိတ်အဖြေရှာသလို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လဲ လိုနေပါလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ Negotiation Step ဆိုတဲ့ သဘောကို ခပ်ပါးပါး ထုတ်ပြောသွားတာကို သဘောကျပါတယ်။ 

    ဆင်းရဲတဲ့နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ကို အထိခိုက်ခံရတာ ဘာမှမဆန်းပါ။ တစ်ခုရှိတာက ဒီလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ခံလိုက်ရပြီး ရလာတဲ့အကျိုးအမြတ်ကို ထိုက်တန်စွာနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အသုံးချဖို့သာ အရေးကြီးတာပါပဲ။ 

    အခု ဒီက ဦးပိုင်နဲ့ ဝမ်ပေါင် လက်ဝါးချင်းရိုက်ပြီးလုပ်တာမှာ မုံရွာမြို့အတွက် ဘာစီမံကိန်းမှမကြားမိပါ။ လက်ပန်တောင်းတောင်ကြီးဖြိုချပြီး မုံ၇ွာက လမ်းတွေ၊ လျှပ်စစ်မီးတွေ၊ အင်တာနက်တွေ သိပ်ကောင်းသွားရင် တုန့်ပြန်မှုက တစ်မျိုးဖြစ်ပါမယ်။ 

    အခု ဦးပိုင်နဲ့ဝမ်ပေါင်ကို ဆန္ဒပြရခြင်းက ကြေးနီစီမံကိန်းရပ်တန်င့်္ပစ်ဖို့လား၊ ဒါမှမဟုတ် အဲ့ဒီက ရတဲ့အကျိုးအမြတ်ကို ပွင့်လင်းမြင်သာမှုရှိရှိ လူထုအတွက်အသုံးချစေချင်လို့လား ကွဲပြားဖို့လိုပါမယ်။

    သဘာဝပတ်ဝန်းကျင်အတွက်သက်သက် ကန့်ကွက်တာဆိုရင်တော့ တစ်မျိုးစဉ်းစားဖို့လိုလာပါလိမ့်မယ်။ Give and Take culture မှာနေနေနတဲ့ ကျနော်တို့ခေတ်လူတွေအတွက် သဘာဝသယံဇာတကို မရင်းနှီးဘဲ နည်းပညာနဲ့ အကျိုးအမြတ်ကို ဘယ်လိုလုပ် လဲလှယ်ယူနိုင်ပါမလဲ။ ဒါကိုလဲ သဘောပေါက်ဖို့လိုပါလိမ့်မယ်။

    စီမံကိန်းက ရလာမယ့်အကျိုးအမြတ် ဦးပိုင်အိတ်ကပ်ထဲကိုသာ စီးဝင်သွားပြီး လူထုဘာမှမရလိုက်တာကို ကန့်ကွက်ခြင်းကိုတော့ အထူးပဲ အားပေးပါတယ်။ ဒီလို ကန့်ကွက်င်္ရင် ဦးပိုင်လဲ သူချုပ်ထားတဲ့ စာချုပ်ကို ထုတ်ပြရနိုင်ပါတယ်။ ဦးပိုင်ကို ဖိအားပေးခြင်းက တရုတ်ကို ဖိအားပေးခြင်းထက် ပိုလက်တွေ့ကျမလားလို့မြင်မိလို့ပါ။ (Credit to Myo Set)

  • Moe Myint Shein DASSK, You are right!
  • Richard Htun ဒီအရေးအတွက် တော် တယ်လို့ ပြောမယ်………
  • Song Black မှန်တယ် ၊၊ ဒါပေမဲ့ တခါလာ မီဒီယာကြီး ပဲ စွပ်စွဲ တာတော့ မမိုက်ပါ
  • ကုန်းဘောင်ရွာ သကြီး ယုံကြည်မူမကင်းမဲ.စေချင်ရင် အစမတည်းကတော. အရှည်ကြည်.သင်.တယ် အားလုံးကို စဉ်းစားပိးမှလုပ်သင်.တာလုပ်ရပါ.မယ် လုပ်ပီးမှ မှားမှန်းသိပီး နောက်ဆုပ်မှ ကို.ကိုယ် .အထင်သေးခံရမယ်..
  • Phyo Wai Lynn State 16.8%+UME 13.33%+Investor13.33%=43.46% So, the rest 56.54% go where??
  • Sanay Mgmgနိုင်ငံတော်အနေနဲ့ရလာတဲ့အကျိုးအမြတ်ကိုပြည်သူတွက်ဘယ်လိုသုံးစွဲပေးမလဲဆိုတာကိုပွင့်လင်းမြင်သာစွာနဲ့ချပြမယ်ဆိုရင်ဒီအရေးခင်းကပြီးဆုံးနိုင်ပါတယ်။
  • Nann Htike Oo ဒုဝန်ကြီးက ပြောသွားပါတယ်… ဦးပိုင် ဆိုတာ… လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေရယ်.. အငြိမ်းစားတပ်မတော်သားတွေရယ်….တို့ရဲ့ အစုရှယ်ရာထည့်ဝင်ငွေနဲ့ ဆောင်ရွက်နေပြီး အကျိုးအမြတ်ကို လည်း အဲဒီတပ်မတော်သားတွေ၊ ဒုက္ခိတ၊ မသန်စွမ်းတွေ ခွဲဝေပေးတယ်ဆိုတဲ့ သဘောမျိုးပြောသွားပါတယ်… ဒါဆို မေးချင်ပါတယ်….

    ၁။ အဲဒီ ဦးပိုင်မှာ ရင်းနှီးထားတဲ့ ငွေအားလုံးထဲက ဒုဝန်ကြီးပြောသွားတဲ့ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ရင်းနှီးငွေ ဘယ်လောက်ရာခိုင်နှုန်းရှိပြီး ….. တပ်မတော်သား အရာကြီးများရဲ့ တစ်ဦးချင်း ကိုယ်ပိုင်အကျိုးအမြတ်အတွက်ထည့်ဝင်ငွေ ဘယ်လောက်ရာခိုင်နှုန်းရှိပါသလဲ ……….

    ၂။ ရလာတဲ့ အကျိုးအမြတ်ကို တပ်ရင်းတပ်ဖွဲ့တွေခွဲဝေပေးတယ်ဆိုရင်…….. လစာထုတ်တဲ့အခါ ဦးပိုင်အတွက် ငွေမထည့်မနေ
    ရမို့ ထည့်လိုက်ရပြီး ဘာကျိုးအမြတ်မှလည်းမရ…… ထည့်ထားတဲ့ ငွေလည်း ဘယ်ဆီနေမှန်းမသိပဲ ကိုယ့်လစာတောင်ကိုယ် အပြည်အ၀ မခံစားရတဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေ ……. အငြိမ်းစားတပ်မတော်သားတွေ…….. ဆင်းရဲဒုက္ခရောက်နေရတာ…….ဘာကြောင့်ပါလဲ…….
  • Sanay Mgmgဦးပိုင်ကိုအကျိုးအမြတ်ခံစားခွင့်ပေးသလိုပြည်သူတွေတွက်လည်းအကျိုးအမြတ်ခံစားခွင့်ရစေချင်ပါတယ်။
  • Kyaw Lay ဆိုလိုတာက စစ်သားတွေပဲ ခွဲတမ်းရသင့်တယ်ပေါ့
  • Kaung Naing ဦးပိုင်ကအမြတ်တွေဘယ်ရောက်သွားလည်း
    ဆိုတော့ ဗိုလ်မှုးကြီးအဆင့်လောက်ဆိုရင်
    ကို သိန်းထောင်ပေါင်းများစွာချမ်းသာကြ
    တယ်လေ။ ဒါအားလုံးသိတဲ့ကိစ္စပါ။
  • Daniel Aye Pe စီမံကိန်းက ရလာမယ့်အကျိုးအမြတ် ဦးပိုင်အိတ်ကပ်ထဲကိုသာ စီးဝင်သွားပြီး လူထုဘာမှမရလိုက်တာကို ကန့်ကွက်ခြင်းကိုတော့ အထူးပဲ အားပေးပါတယ်။ ဒီလို ကန့်ကွက်င်္ရင် ဦးပိုင်လဲ သူချုပ်ထားတဲ့ စာချုပ်ကို ထုတ်ပြရနိုင်ပါတယ်။ ဦးပိုင်ကို ဖိအားပေးခြင်းက တရုတ်ကို ဖိအားပေးခြင်းထက် ပိုလက်တွေ့ကျမလားလို့မြင်မိလို့ပါ။ (Credit to Myo Set)
  • Khun Myohein ပြောပြီးပြီလေ မလုပ်ခင် ပွင့်လင်းမြင်သာမှုလိုတယ်…ဒီကိစ္စက နှစ်ဦးနှစ်ဖက်ညှိမှရမယ်ထင်တယ်၊အကယ်၍ဆိုးကြိုးများရင် အကောင်းဆုံးဘယ်လိုလုပ်မလဲ တိုင်ပင်ရမယ်၊အကောင်းဖက်များအောင် ချိန်ညှိယူရမှာပေါ့လို့ထင်တယ်။
  • Htet Zayar ကတိတည်ခြင်သေးရင် ယူထားတဲ့ အကြွေးတွေအရင်ဆပ်ပေါ့ ။ တည်ခြင်တော့လဲ သူတို့ လုပ်ခြင်တာလုပ်တာလဲ သူတို့  လုပ်ခြင်သာတာလုပ်ကြ
  • Tikyi Oo ” နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည်” ဆိုတော့ကျန်တာတွေကော အယ်ဒီတာမင်းကြီးများ။
  • Yinhnit Sane နိုဝင်ဘာလ ၁၈ ရက်ကစပြီး လုပ်ငန်းတွေရပ်ထားရသတဲ့., ဟုတ်မှလည်းပြောပါ ကိုယ့်ဆရာတို့ရယ် ဒီမှာတော့ ၂၄နာရီ နေ့ဆိုင်း ညဆိုင်းနဲ့ ရသလောက် ဖြိုနေတယ်ပဲကြားနေရသဗျာ
  • Aung Khin Myint တန်ရာတန်ကြေးပေးမှ ဖျက်သိမ်းမယ် ဆိုရင်လည်း ပေးကြတာပေါ့ … တရုတ်ရဲ့ ရင်းနှီးမြုပ်နံမှုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာနဲ့ လွတ်လပ်ရေးကို ထိပါးလာပါပြီ ….
  • South Mountain ဒေါ်စု ဒီတ ခါတော့မှားသွားပြီ ထင် တယ်
  • Kaung Naing ဆန္ဒပြတဲ့သူတွေ ကျေနပ်သွားအောင်
    ညှိနှိုင်းဆောင်ရွက်ရင် ပြေလည်သွားမှာပါ။
    ဘဝပျက်တော့မဲ့ ပြည်သူတွေကိုလည်း
    စာနာပေးကြပါ ဦးပိုင်တို့ရယ်။
  • ပိုးကောင် ပိစိလေး ဒေါ်စု မမှားပါဘူးဗျာ ဒီလို ပါးနပ်မှုမျိုးကို အတုယူသင့်တား)
  • South Mountain ဦးပ်ုင်ဆိုတဲ့အဖွဲ့ကြီး နေရာတကာမှာ အခွင့်အာဏာကိုသုံးပြီးအညွန့်ခူးစားနေ တာ ကို အားလုံး သိ တယ် အန်တီစုနှာစေးနေတာလား
  • Lay Thwe တရားခံဦးပိုင် လောဘသမားများပိုင်တဲ့ဦးပိုင် ငရဲမ ကြောက်တဲ့ဦးပိုင် ကိုယ်ကြိုးပဲကြည့် တဲ့ဦပိုင် စားလို့မဝတဲ့ဦးပိုင်
  • Zawlatt Maung ဦးပိုင်ကိုအဘပိုင်လို့နာမည်ပြောင်းတော့
    မှာပါ။တစ်နိုင်ငံလုံးအဘတွေပိုင်တယ်
    လေ။လယ်မြေ/အဘလယ်မြေ။ကျွန်းသစ်/အဘကျွန်းသစ်။ရွှေ၊ကျောက်
    စိမ်း၊သဘာဝဓါတ်ငွေ့/အဘပိုင်ဘဲ။
    နိုင်ငံတကာထောက်ပံ့ငွေ/အဘပိုင်
    ဘဲလေမသိဘူးလား။လုပ်အားပေးနှင့်
    နိုင်ငံတကာအကြွေး/ဟိုအဲ့ဒါပြည်သူ
    ပိုင်အဘနှင့်လုံးဝမဆိုင်……….
  • Thaw Tun Aung shareခွင့်ပြုပါ
  • Aung Khin Myint တရုတ်အပေါ် ပေးထားတဲ့ ကတိ ချိုးဖောက်တာနဲ့ နိုင်ငံတကာ စာမျက်နှာမှာ ကတိမတည်တဲ့ နိုင်ငံ ဖြစ်သွားနိုင်တယ်ဆိုတဲ့ အယူအဆကို ကျနော် လုံးဝ သဘောမတူပါ၊ အဲလို တရုတ်အပေါ် စစ်အာဏာရှင်တွေ ပေးထားခဲ့တဲ့ ကတိကို ချိုးဖောက်ခြင်းဖြင့် နိုင်ငံတကာ စာမျက်နှာမှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ၀ိုင်းဝန်း ချီးကျူးကြမယ်လို့ ကျနော် ထင်ပါတယ် ခင်ဗျာ …..
  • Ye Myo If I am not wrong , another 43.46 % is for U Paing & China
  • Uyaw Na ဒီလိုလုပ်ပါ….ဦးပိုင်၇မဲ့ ၁၃ဒသမ၈ကို နစ်နာသွားတဲ့ သူတွေကိုကျေနပ်သည်အထိပေးလိုက်ပါ…ရှင်းတယ်မဟုတ်လား
  • Goh Yi Kyaw Thu aung khin myint ပြောတာလက်ခံတယ်
  • Khin Mg Nyuntလက်တစုပ်စာလောက်ရိုတဲ့တပ်မတော်သားတွေကောင်းစားဖို့အတွက်ရွာပေါင်းမြောက်များစွာကလူတွေရဲ့ဘဝကိုစတေးလိုက်ရတော့မှာလား
  • Mauntmupaingshin Baybayzitajones စကားတတ်တိုင်း ထင်၇ာမစိုင်းပါနဲ့
  • Mauntmupaingshin Baybayzitajones ကတိမတည်လို့ ၇င်းနှီးမြှုပ်နှံမှုမ၇ှိလည်း ပြည်သူတွေက အဆင်မပြေမှုတွေနဲ့ နေသားကျနေပါပြီ
  • Tint Naing Win သက်ဆိုင်သူတွေ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ ငါတိုင်းပြည်အတွက်အလုပ်လုပ်တာလားလို့
  • Argyi Mg သြော်..လုပ်၇က်လိုက်ကြတာ ဘာ၇ယ်ကြောင့်များ ဒီလောက်ထိ မတ၇ားချင်ကြတာလဲ တစ်ဘ၀စာဖူလုံမှု့ အတွက် ဘ၀များစွာကိုစုတ်ပြတ်သွားစေလိုက်ကြတယ်……………………………………………………………………………..သြော်..၇ှိပါစေတော့လေ ဗုဒ္စဘာသာဝင်တစ်ယောက်အနေနဲ့  ကိုယ်ပြုတဲ့ ကံကိုယ်ပြန်ခံဆိုပေသမို့  အ၇င့်..အ၇င်ဘ၀တွေကများ ဒို့ တွေပြုခဲ့ ကြလေသလား ၇ှိခဲ့ ၇င်လည်း..ကြေပါစေတော့လေ…………………………………………………………….သြော်..ပြန်တော့သတိလည်နိုင်ကြပါစေ အားလုံး၇ဲ့ မျက်၇ည်တွေ ပ၇ိဒေ၀သောကမီးတွေ အမျိုးစုံဒုက္ခတွေအောက်မှာ ဘ၀ထွေ..အထွေထွေကို စတေးပြီးယူခဲ့ ကြတဲ့  မင်းတို့ ၇ဲ့ ပျော်၇ွှင်မှု့ တွေအတွက် လိပ်ပြာသန့် သန့်  ၇ှိနိုင်ကြပါစေ………………………………………………သြော်..ဘ၀ဆိုတာခဏတာ နေ့ မြင်ညပျောက် လက်တစ်ဖြောက်သာသာပါ ဖြစ်နိုင်မယ်ဆို လူ၇ယ်လို့ ဖြစ်လာခိုက်မှာ မေတ္တာ ဂရုဏာ မုဒိတာတွေနဲ့  အေးချမ်းစေချင်လိုက်တာ၊
  • Hla Htay အခုဖြစ်နေတာက ပူညံပူညံဖြစ်လာမှထထပြီအဖွဲ့တွေဖွဲ့ရှင်းကြလင်းကြလုပ်ကြတာဗျ အစကတည်ပွင့်ပွင့်လင်းလင်းလုပ်ကြရမှာ ဘာကြောင့်မပွင့်လင်းတာလဲ အဲ ဒါအဖြေပဲ တရုတ်ကရောမြန်မာတွေနစ်နာမယ်ပတ်ဝန်ပျက်စီးမယ် ဒါကိုဘယ်လိုကုစားမယ်ဆိုတာမစီစဉ်ဘဲ မြန်မာတွေအပေါ်တဖက်သတ်အသာစီးယူပြီးစီးပွါးလုပ်တာ ကျင့်ဝတ်နဲ့ညီရဲ့လား?စာချုပ်တစ်ခုကိုင်ပြီးအကျပ်ကိုင်သင့်သလားမိတ်ဆွေစစ်မှန်ရင်ကိုယ့်မိတ်ဆွေနစ်နာလွန်းအားကြီးမဲ့ကိစ္စ ကိုလုပ်သင့်သလား?တစ်ကယ်လို့ညစ်ပတ်နေရင်လည်းလျှော်စရာရိုတာပြည်သူတွေကြုံးရုန်းပြီးလျှော်သင့်လျှော်ရမယ် မြန်မာပြည်အကျိုးမရှိဘူးဆိုရင်ဒီစီမံကိန်းဖျက်ရမှာဘဲ ဒီသယံဇတကြေးနီဆိုပါတော့အခုသတ္ထုရိုင်းရောင်းတာကျနော်တို့လူမျိုးတွေနည်းပညာရအောင်အမျိုးသားရေးစိတ်ဓါတ်ကျိုးစားသင်ယူပြီးမှထုတ်ယူပြီးကုန်ချောတွေရောင်းလျှော်လိုက်ရတာထက်အနာဂါတ်မှာပိုရနိုင်တယ် တရုတ်ဟာကမ္ဘာမှာအခုလိုဘဲဖွံဖြိုးမှုနောက်ကြတဲ့နိုင်ငံတွေမှာကျင့်ဝတ်နဲ့မညီတဲ့နည်းတွေလုပ်တာနာမည်ကြီးပါတယ် အနိုင်ကိုင်ပြီး ရယူထာတဲ့ကတိတွေစာချုပ်တွေကိုဖျက်လို့ကမ္ဘာနိုင်ငံများအထင်းသေးအမြင်းသေးမဖြစ်တဲ့အပြင်မြန်မာတွေနဲအလုပ်ရင်တစ်ဖက်သတ်ဆန်လို့မရဘူးဆိုတာနားလည်သွားမှာပါ ။အဆင့်မြင့်တဲစီးပွါးရေးသမားများကလည်းဒီကျင့်ဝတ်ကိုအလေးထားတဲ့ မြန်မာတွေစိုးရိမ်စရာမလိုဘူးထင်တယ်။မြန်မာဆိုတာမဟုတ်မခံ တဲ့လူမျိုးဆိုတာပြကြရမယ်။
  • Zaw Thura သူခိုးလမ်းပြ အချောင်သမား ဦးပိုင်စစ်တပ်ကိုပဲ ပြတ်ပြတ်သားသားပြောသင့်တယ်လို့ ထင်တယ် စစ်အုပ်စုသဘောမတူရင် ဒီစောက်တရုတ် ဒို့ နိုင်ငံထဲမှာ ဘာစီမံကိန်းမှ လာလုပ်စရာအကြောင်းမရှိဘူး ။
  • Soe Naing-star ဘာပဲဖြစ်ဖြစ် နစ်နာခဲ့သူတွေ နဲ့ အတူ တိုင်းသူပြည်သားတွေအားလုံး လက်ခံနိုင်တဲ့ အနေအထားရောက်အောင် အခုလက်ရှိ အစိုးရက ဖြေရှင်းပေးဖို့တာဝန်ရှိတယ်…..အဲဒီ တာဝန်ကို မသိချင်ယောင်ဆောင် မနေသင့်ဘူး……
  • Thar Linn မပြောချင်လို.ကြည့်နေတာကြာပီနော် …
    အရေးအကြာင်းဆို ခြေမကိုင်မိလက်မကိုင်မိနဲ.
    တရားခံရှာမရတောဘူး……
    ပြည်သူကိုသူတောင်းစားဇာတ်သွင်းပြီး ..သူတိုပဲအနစ်နာခံလုပ်ပေးနေသလိုအချိုးနဲ. အသံကောင်းဟစ်ပြမနေနဲ.
  • Min Soe ဒီစီမံကိန်းနဲ့ပတ်သက်ပြီး အကျယ်တဝင့်ရှင်းပြစေချင်ပါသည်။ စီမံကိန်းကာလမည်မျှနည်း ။ လုပ်ကွက်ဧရိယာ မည်မျှအကျယ်ယ်နည်း ။ မြန်မာလုပ်သား အင်းအား မည်မျှ အလုပ်ရမည်နည်။ ယခုခံစားခွင့်ထဲမှာပျောက်နေတာက 50% ကျော်ရှိတယ်။ ဘယ်အတွက်ချန်ထားသလဲ။ ဘာမှမသိတဲ့ကိုဝေလွင်က မီဒီယာကို ဘာလို့အပြစ်ပုံချတာလဲ။ လုပ်ခဲ့တဲ့သူကိုမပြောဘဲ မဆိုင်တာကိုဘာလို့ အပြစ်တင်တာလဲ။ ဒေါ်စု ပြောသလိုပြည်သူက နားလည်လက်ခံလာအောင် ပြောပေးကြရင် ပြည်သူတွေ ကျေနပ်ကြမှာပါဗျာ။ အားလုံးက အနာဂတ်အတွက် အကောင်းဆုံးဖြစ်ဘို့လုပ်ကြတာ စေတနာက အတူတူပါဘဲ။ တကယ်ပွင့်လင်းမြင်သာ အောင် လုပ်ပေးရင်အားလုံးအဆင်ပြေမည်ဟု လက်ခံယုံကြည်မိပါကြောင်း ဆန္ဒသဘောထားကိုတင်ပြအပ်ပါသည် ။
  • Thar Linn တရုတ်အပေါ် ပေးထားတဲ့ ကတိ ချိုးဖောက်ယုံဖြင့် နိုင်ငံတကာ စာမျက်နှာမှာ ကတိမတည်တဲ့ နိုင်ငံ ဖြစ်မသွားနိုင်ပါ။….အစကတည်းက ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကိုချပြရဲရမှာပါ…..သက်ဆိုင်သူတွေ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ ငါတိုင်းပြည်အတွက်လုပ်တာလားလို့ …လောဘသားအချင်ချင်း လက်ဝါးရိုက် လုပ်ခဲ့တဲ့တရုတ်အပေါ် စစ်အာဏာရှင်တွေ ပေးထားခဲ့တဲ့ ကတိကို ချိုးဖောက်ခြင်းဖြင့် နိုင်ငံတကာ စာမျက်နှာမှာ ဒေါ်စုပြောသလိုဖြစ်မလာနိုင်သည့်အပြင် .. ဦးပိုင်နှင့်လက်ဝါးချင်းရိုက်မည့်အကြံသမားမှားကိုပါ သတီပေးဟန်.တားပြီးသားဖြစ်ပါလိမ့်မည်။
  • Msld Tha တရုတ်ရဲ့ ရိုသားမှုဘယ်လောက်ရှိတယ် မရှိဘူးဆိုတာ ရွေးကောက်ပွဲမတိုင်ခင်လေးကမှ ဒေါ်လာဘီလျံပေါင်းများစွာ ကပ်ပြီးရင်းနှီးမြှုတ်နှံတာကြည့်လေ။ သူ့အကျိုး ကိုယ့်အကျိုးတကယ်ကောင်းစေချင်ရင် ပုံမှန်ပဲမြှုတ်နှံမှာပေါ့။
  • Thaung Hein မြန်မာ့စီးပွါးရေးဦးပိုင် ကထည့်ဝင်ရင်နှီးငွေမပါဝင်ဘဲအကြိုးခံစားခွင့်ကဘယ်လိုလုပ်ရနေတာလဲ လုပ်ငန်းကိုကာကွယ်စောင့်လျှောက်ပေးတဲ့လူမိုက်လိုအလုပ်မျိုးလုပ်ပေးရလို့ခံစားခွင့်ရတာလား ကျန်နေတဲ့အကျိုးခံစားခွင့်ရာခိုင်နုန်းကဘယ်သူရတာလဲ သြော်တော်တော်တရားကျပါလားငါတို့နိုင်ငံသားတွေမမွဲခံနိုင်ရိုးလား သေသော်မှသည်သြော်ကောင်း၏ လို့မည်ကျွေးရတော့မလား
  • Moe Oo မိမိဆန္ဒကို ပွင့်လင်းမြင်သာအောင် ဆန္ဒဖော် ထုတ်ပြရဲရမယ် လို့ သင်ပြပေးခဲ့သူကို လွမ်းလိုက်တာ နောက်တစ်ခါလောက် ဒီစကားလေးပြန်ကြားခွင့် ရပါအုံးမလား။ ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှုနဲ့ စောင့်ဆိုင်းခဲ့တာ လပေါင်းဘယ်လောက်ကြာခဲ့ပါပြီလဲ လွမ်းလိုက်တာနော် ဆန္ဒဖော်ထုတ်ပြရဲရမယ်ဆိုတဲ့သူကို ……….်
  • Little Attentäter မဆိုးဘူး…တိုးတက်လာပြီ… :P:P
  • Kyaw Zwar Kyaw Zwar အန်တီစုရဲ့ဒီတခါရပ်တီချက်ကိုကြိုဆိုပါဒယ်
  • Zaw Min Oo ဖျက်သိမ်းလို့ရပါတယ်။ စာချုပ်ထားသော်လည်း စာချုပ်ပါသဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိရင်ဖျက်လို့၇ပါတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာပျက်စီးစေခြင်း။ အလုပ်သမားများ၊ ဒေသခံပြည်သူများ အခွင့်အရေးရပိုင်ခွင့်များကို ပြည့်ဝစွာမပေးခြင်း၊ လာဘ်ပေးလာဘ်ယူပြုကာစာချုပ်ချုပ်ဆိုခဲ့ခြင်း၊ စတာတွေကိုပြုလုပ်ခဲ့လျှင် ကျွန်တော်တို့ဘက်မှဖျက်သိမ်းနိုင်တဲ့အပြင် နစ်နာကြေးပါပြန်တောင်းလို့ရပါတယ်။ မက္ကဆီကိုပင်လယ်ကွေ့မှာ BP ကရေနံဖိတ်ခဲ့တဲ့အတွက် သန်း၄၀၀၀ လျော်ကြေးပေးရတာကိုတွေ့နိုင်ပါတယ်။
  • Ko Yi Htay အစိုးရအနေနဲ့အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ထင်တယ်၊ဒေါ်စုပြောတာလည်းမျှတပါတယ်၊အခုဒီမိုကရေစီက၂၅%ပဲရသေးတယ်နော်။
  • Thant Zin Oo Who will conpensate? Daw su kyi should not do parliament member of myanmar. She should do at united nations because of she always said university truth. We, myanmar need operation leader, we donot need universal truth teller.
    12 hours ago via mobile · Like · 1
  • စစ်အိမ် နိုင် တောင်တွေဖြိုတယ် သစ်တောတွေခုတ်တယ် လူမျိုးတွေတုံးအောင်လုပ်တယ် တော်လောက်ပါပြီဗျာ ဘာတွေဆက်လုပ်မှကျေနပ်ကြမှာလဲ တိုင်းပြည်ကိုခေါင်းဆောင် လုပ်နေကျသူတွေရယ်
  • Myint Thein ဒေါ်လာ၂သန်းကဘယ်သူနစ်နာတာလဲ။

17 thoughts on “အကောင်အထည်ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

  1. သဘောထားအမြင်တွေကွဲလွဲနေတာတွေ မြင်နေရတယ် ကြားနေရတယ် တွေ့နေရတယ်
    နိုင်ငံအတွက်လုပ်တယ်ပြောပြော တိုင်းပြည်အတွက် လူမျိုးအတွက်လုပ်တယ်ပြောပြော ဘယ်သူတွေဘာလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ။ စိတ်သန့်ဖို့ ကိုယ်ဘာလုပ်တယ် ဘာအတွက်လုပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သိဖို့လိုတယ်။ ကိုယ်ဘာလုပ်နေတာကို သိတယ် လိပ်ပြာလုံမလုံအရေးမကြီးဘူးဆိုတဲ့ကောင်တွေကတော့ ဒယ်အိုး ပေါ့ကွာ နော့ go to the hell ပေါ့
    သူများအပြစ်တွေကို မြင်ပြီး ကိုယ့်ရဲ့အပြစ်တွေကိုလည်း မြင်ကြည့်ကြအုံးပေါ့ ဒါမှ တိုးတက်တဲ့နိုင်ငံဆိုတာ ဖြစ်တော့မှာပေါ့ မီဒီယာတွေ သတင်းသမားတွေရဲ့

  2. နေရာတကာဦးပိုင်ဦးပိုငိနဲ့ဦးပိုင်မရှိလို့မရဘူးလားဘုန် ကြီးမီးရှိတဲ့အဇာတသက်မျိုးတွေကိုအားဆေးတိုက်နေသလိုပဲ့မြန်မာပြည်မှာဒီမိုကရေဆီအစစ်တကယ်ရမှာ လား လက်စားထားတဲ့ဝန်ထမ်းတွေကိုတရားစွဲးလို့ရတဲ့ပြည်စ့းအခွင်ရေးတကယ်ရမှာလားမြန်မာပြည်ကလူဦးရေတွေတောတောနည်းသွားမယ်

  3. အမေစရေမြန်မာပြည်မှာဗမာဝန်ထမ်းနဆိုနတာမဂှိတော့ပါ။ဘုန်းကြီးခေါင်းလခွဲးတာလဲးမြန်မာစစ်သက်ဘုန်းကြီးမီးရှိတာလည်းမြန်မာစစ်သက်
    ပြည်ြသူဂုတ်တွေးစုပ်တာမြန်မာရဲး မြန်မာပြည်မှာမြန်မာချစ်တီးတွေကြီးပါပဲလားမြန်မာပြည်မှာရှိတဲအကောင်ကြီးကြီးပဂ္ဂိုလ်များရဲ့ပိုင်ဆိုင်မှု့များရဲးရဲးကြီးထူပ်ပြလိုက်ကြပါ

  4. မှားတာမှန်တာတော့မဝေဖန်လိုပါဘူး ညီမျှသောပေးလျော်မှု မှန်ကန်သောလုပ်အားခ ဒါတွေကိုကော ဒေသခံ
    ပြည်သူတွေကို ပေးထားလို့လား ။သေသေချာချာပြည်သူတွေသိသာအောင် အထောက်အထားလေးဘာလေး
    နဲ့တင်ပြနိုင်လား။နိုင်ငံခြားသား တွေကိုကတိမတည်တာတည်တာ ခဏလောက်ထားပြီး လုပ်နေတယ့်လုပ်ရပ်
    တွေကပြည်သူတွေကို စာနာစိတ်နဲ့ လုပ်ခဲ့တာလား ကိုယ်ကြိုးစီးပွါးအတွက်ရည်၇ွယ်တာလား ဆိုတာအရင်စဉ်း
    စားသင့်တာပေါ့ စလုပ်တုန်းက ငါ့စကားနွားရ လုပ်ထားကြတာ ကောစဉ်းစားကြရဲ့လား။ သရံဇာတဆိုတာ နိုင်
    ငံတော်ပိုင်တယ်ဆိုတာမှန်ပါတယ် ဒါပေမယ့်နိုင်ငံတော်ကပိုင်ဆိုင်မှုဆိုတာ အပိုင်သိန်းဖို့မဟုတ်ဘူး ရတယ့်
    ငွေနဲ့ပြည်သူအတွက်အကြိုးပြန်ပြုဖို့ဆိုတာတော့သေချာတယ်။ပြည်သူရမရတော့မသိဘူး ပိုင်ရာဆိုင်ရာတွေ
    ရဖို့အစွမ်းကုန် လုပ်မှာသေချာတယ် မြန်မာနိုင်ငံကလုပ်တယ့်စီမံကိန်းတွေကိုကြည့်ပါ ပြည်သူက(အထူးသဖြင့်
    ဒေသခံ)တွေကခံလိုက်ရတာများတယ် စံစားသွားတာက သက်ဆိုင်ရာလူကြီးမင်းတွေပေါ့၊လွတ်လပ်သောဒီမို
    ကရေစီနိုင်ငံတော်ဆိုတာ ဒီလိုလုပ်ချင်သလိုလုပ်ဖို့ လွတ်လပ်စွာ ချယ်လှယ်ဖို့ လားလို့တောင်ထင်လာမိတယ်
    လူ့အခွင့်အရေးဆိုတာလည်း ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသားတွေအတွက်မဟုတ်ဘူး တိုင်းတပါးသားများ
    အတွက် အကာအကွယ်ပေးထားတယ့် လက်ကိုင်ဒုတ် ဥပဒေသတစ်ခုဖြစ်နေတယ် ရခိုင်ပြည်နယ်မှာ မိထား
    တယ့်ကုလားတောင် သေချာအောင်မထိန်းနိင်တယ့်ရဲတွေက ဒီမှာကျတော့ ကိုဒေသမှာနေစာရာလုပ်ကိုင်စား
    စရာ နေရာပျောက်မှာစိုးလို့ငြိမ်းချမ်းစွားဆန္ဒပြသူတွေကို ဒီလိုရဲရဲတောက် နှိပ်ကွပ်ရဲတယ် ပြည်သူကိုကာကွယ်
    မှာလား တိုင်းတပါးသားတွေက်ုကာကွယ်မှာလား (၁)လူပိသစွာ၊(၂)မျိုးချစ်စိတ်ရှိစွာ၊(၃)အရှက်သိက္ခာရှိစွာ
    မှန်မှန်ကန်ကန်ဖြေနိုင်ပါရဲလားဆိုတာ တိုင်းရင်းသားနိုင်ငံသား များဖက်မေးချင်ပါတယ်။သက်ဆိုင်ရာလူတွေ
    ဖေါ်ပြခဲသောအချက်(၃)ချက်နှင့် အညီဖြေပါ။

    က

  5. ကျွန်တော်ကိုယ်တိုင်လည်း တရုတ်သွေးပါ ပါတယ်၊ တရုတ်တွေကိုမမုန်းဘူး။ ဓါးပြနည်းနဲ့ လုပ်စားနေတဲ့ အစိုးရတွေကိုတော့ အမြဲဆန့်ကျင်တယ်။
    ဒေါ်စုကို အားမရတာလေးတွေရှိခဲ့ပေမဲ့ အမြဲနားလည်ချစ်ခဲ့ ကျေးဇူးတင် လေးစားထောက်ခံခဲ့တယ်။
    ဒီစီမံကိန်းတွေကိစ္စတော့ ဒေါ်စုအမြင်က စိတ်မကောင်ဖြစ်ရတာထက်ပိုသွားတယ် ခွင့်လွှတ်ပါ။
    ဒီသဘောထားအမြင်က မြစ်ဆုံစီမံကိန်းအတွက်ပါ သက်ရောက်မှုရှိလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။

  6. ကစော်သမားပထွေးကို အရက်တိုက်ပြီး ရွာကကွမ်းတောင်ကိုင်ကို အိမ်ပေါ်တက် မဒိမ်းကျင့်တာ အရက်ဖိုးအတွက် အားနာလို့  မအေကိုယ်တိုင်ကပါ အစစ်ပေးချင်နေတယ်ဆိုတော့ အားနာတတ်တာမှဟုတ်ရဲ့လား။ ရွာသားတွေမညံ့ကြနဲ့ဟေ့။

  7. ဒေါ်စုရူးသွားပြီလား အစကတည်းက အချောင်နှိုက်ချင်လို့ ပြည်သူပြည်သားတွေနဲ့ အလိုမတူသူ တရားမဝင်တဲ့ အစိုးရကို လာဒ်လာဘပေးပြီး ဂျပိုးသူခိုးနည်းနဲ့deal လုပ်ထားတာဆိုတာ မသိဘူးလား။

  8. လက်ခုက်တီးမယ် တစ်ဖတ်တီးမရ နှစ်ဖက်တီးမှအသံထွက်မည် အသံမထွက်အောင် အဲ့ဒီလက်တွေဖြတ်ထား လိုက်ရင်…………………

  9. လူထုဆန္ဒဟာဘယ်အရာလုပ်လုပ်အရေးကြီးပါတယ်၊ ဒါပေမဲ့ လူထုဆန္ဒကိုဘယ်သူတွေပါဝင်မှုနဲ့ တိုင်းတာလဲသိချင်တယ်၊ တိုင်းပြည်မှာရှိတဲ့ လူတန်းစားအမျိုးမျိုး၊ ဥပမာ ကုန်သည်၊စာရေးဆရာ၊စီပွားရေးပညာရှင်၊ နည်းပညာရှင်၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား စသည့် လူတန်းစားအလွှာအားလုံး ရဲ့သဘောထားနဲ့ တိုင်းတာသင့်တယ်လို့ ထင်ပါတယ်။

  10. ကျွန်တော့ အမြင် ဦးပိုင်ကလုပ်ပိုင်ခွင့်တွေနဲ့ခုထိချယ်လှယ်နေတုန်း ဒါကြောင့် ဦးပိုင်ရဲ့လုပ်ဆောင်မှုတွေကိုစောင့်ကြည့်ဖိအားပေးသင့်တယ်။

  11. ဒီအဆိုကို ဝေဖန်ချင်ပါတယ်။

    အဆိုတခုက တနေရာမှာ မှန်ပေမယ့်၊ တနေရာမှာ မမှန်တတ်ပါဘူး။
    တရုတ်ရဲ့ အာဏာရှင်အားကိုးစီးပွါးရှာနေတဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာ ဝေဖန်နေတာလဲ ကြာပါပြီ။ အာဖရိက ပြည်သူတွေဆို ခံရပေါင်းမနည်းတော့ပါဘူး။

    ဒါကြောင့်၊ တရုတ်လုပ်ငန်း အားလုံးကိုမဆိုလိုပါ။ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ လက်ပံတောင်းတောင် စီမံကိန်းလို၊ မြစ်ဆုံစီမံကိန်းလိုဟာတွေကို ပြည်သူ့ဆန္ဒအရ ရပ်ဆိုင်းလိုက်ရလို့ နိုင်ငံတကာ ရဲ့ ယုံကြည်မှု မဆုံးရှုံးပါ။

    အဘယ်ကြောင့်ဆိုသော်….

    ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတုန်းကလဲ နိုင်ငံတကာက အထင်မသေးတဲ့ အပြင် ၀ိုင်းအားပေးခဲ့ကြပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲလာတဲ့ အချက်ကို ပြည်သူ့ဆန္ဒသဘောအရ မြစ်ဆုံရပ်ဆိုင်းခြင်းနဲ့ တိုင်းတာ ခဲ့ကြပါတယ်။

    တကယ်လို့ ပြည်သူက ဒီလောက်တောင်းဆိုနေလျှက် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာတယ် ဆိုတဲ့အချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။

    ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူက အဓိကပါ။ ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီဘူး ဆိုရင် ဘယ်လောက်ကြီးတဲ့ လုပ်ငန်းဖြစ်ဖြစ် ရပ်ဆိုင်းရတာတွေ အများကြီးပါ။ ဒီလိုရပ်ဆိုင်းလို့ အဲဒီ နိုင်ငံရဲ့ ယုံကြည်မှု ရော့ကျမသွားပါဘူး။

    ဥပမာ.. ထိုင်း နိုင်ငံ၊ ရာယောင်းခရိုင်က စက်မှုဇုန်တွေ ဒေသခံပြည်သူများရဲ့ ကျန်းမာရေးကို ထိခိုက်တယ် ဆိုပြီး ၀ိုင်းကန့်ကွက်လို့ ဖြုတ်သိမ်းလိုက်ရတယ်။ ထိုင်းနိုင်ငံ ပိုလို့တောင် စီးပွါးတက်လာပါသေးတယ်။

    စင်ကာပူနိုင်ငံ အခြေစိုက် နိုင်ငံတကာ စီးပွါးရေး ရင်းနှီးမြုပ်နှံမှု စိတ်ချရတဲ့ နိုင်ငံ အဆင့်သတ်မှတ်ပေးလျှက်ရှိတဲ့ Vriens & Partners ရဲ့ ၂၀၁၁ အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမှတ်ပေးထားတဲ့ အချက်မှာ မြစ်ဆုံစီမံကိန်းကို ပြည်သူ့ဆန္ဒအရ ရပ်ဆိုင်းလိုက်ခြင်း ဆိုတဲ့အချက် ထည့်ထားပါတယ်။ (http://www.vrienspartners.com/wp-content/uploads/2012/02/VP-2011-Good-Governance-for-International-Business-Index.pdf).

    ဒါတွေကို ကြည့်ခြင်းအားဖြင့် စီးပွါးရေး စီမံကိန်း ရပ်ဆိုင်းမှုတိုင်းအတွက် နိုင်ငံတကာကြည့်တာ မဟုတ်ပါ။ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်ပြီးမှ ဆုံးဖြတ်တာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဟာ တခြားနေရာမှာ မှန်နိုင်ပေမယ့်၊ ပြည်သူ့ဆန္ဒမပါတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းတဲ့ နေရာအတွက်တော့ မှားပါတယ်။
    http://kachinduwa.blogspot.com/2012/11/blog-post_28.html

  12. ဒေါ်အောင်ဆန်းစု ကြည်ကယင်းစီမံကိန်းနှင့်ပတ်သက်၍
    ”အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။” ပြောနေတာ ဘဲ ရှိလာဖို့မမြင်သေး။ ဆက် လိမ် မဲ့ သဘော ဘဲရှိ ။ ” ရပ်နားထားသည့်အတွက် တစ်လလျှင် ဒေါ်လာ ၂ သန်း ဆုံးရှုံး နေကြောင်း ” ဒီကောင် ပြည်သူ သန်း၆၀ ၇ဲ့ပစည်း ဆုံးရှုံးသွားတာမပြောတတ်ဘုး ။ ဒီစောက်တရုတ် ဘက်ကပြောနေတဲ့ ကောင် ရွံတယ်။

  13.ီုနိုင်ငံသား အားလုံးရဲ့ တာဝန်ပါ၊ တာဝန်ရှိသူက တာဝန်ယူတတ်မယ် ယူရဲမယ်ဆိုရင် ပိုကောင်းတာပေါ့၊ ခေတ်အဆက်ဆက် ကို အပြစ်တင်ရုံ လူကြီးတွေကို အပြစ်မြင်ရုံပဲ ဆိုရင် သွေးဆူရုံ ပဲဖြစ်လာပါလိမ့်မယ်။ နိုင်ငံသားတိုင်း တာဝန်ယူဖို့ ဆိုရင် နိုင်ငံသားတိုင်းကို တာဝန်ပေးဖို့ လိုပါတယ်။ စကားလုံး တို့ရဲ့ အတိမ်အနက်၊ ရွေ့လျားမှု တွေကို နိုင်ငံသားတိုင်းက နားလည်ကြပါတယ်၊ ရိုးသားဖို့ အမြော်အမြင်ကြီးကြဖို့ မျှောင်လင့်ပါတယ်။

  14. ဖွားစုကဂတိတည်ဖို့လိုတယ်ဆိုတော့ … သူအာဏာရရင် မြစ်ဆုံကိုများ ပြန်လုပ်ခွင့်ပေးမလားမသိ …

  15. အမေစုကဘာကိုဆိုလိုတာလဲဆိုတာ ကျနော်သိပ်နားမ
    လည်ပါ။ ကျနော်နားလည်တာကတော့ နိုင်ငံတခုမှာ
    လူထုဆန္ဒမပါရင်ဘာတခုမှလုပ်ခွင့်မရှိပါ။ခုလက်ပံ
    တောင်းတောင်ကြေးနီစီမံကိန်းဟာ ပြည်သူဆန္ဒကိုခံယူ
    ပြီးလုပ်သည့်စီမံကိန်းမဟုတ်သည့်အတွက် မတရား
    ကျူးကျော်စီမံကိန်းတခုသာဖြစ်သည့်အတွက် နိုင်ငံတ
    ကာရဲ့ယုံကြည်မှု့ကိုမပျက်စီးနိုင်ပါ။ ပြည်သူအတွက်မ
    ဟုတ်ပဲ နဝတစစ်ဗိုလ်ချုပ်တွေကောင်းစားရေးအတွက်
    ချုပ်ဆိုထားတဲ့စီမံကိန်းဆိုတာ နိုင်ငံတကာကစောင့်
    ကြည့်သူတွေအားလုံးသိကြပါတယ်။ ဂတိပျက်ခြင်း
    သည် နဝတစစ်အစိုးရနဲ့သာသက်ဆိုင်ပါသည်။ မြန်မာ
    ပြည်သူပြည်သားများနှင့်လုံးဝ(လုံးဝ)မသက်ဆိုင်ပါ။

  16. ဒေါ်စုပြောသောစကားများကို သေချာစွာဖတ်ပါ နားလည်အောင်ဖတ်ကြပါ သူပြောတာတွေ အနာဂတ်အတွက်အများကြီး အရေးပါ ပါတယ် ..ဒေါ်စု.ဆိုတာက.Burma ကိုတောင်မှ Myanmar လို့ ပြောင်းခေါ်ဖို့ ပြည်အားလုံးသဘောတူမှလို့  ပြောခဲ့သူ..ပြည်သူ့ ဘက်မှအမြဲရပ်တည်နေသူ..သမ္မတကြီး
    ပြောခဲ့တာမှတ်မိကြမှာပါ..သူ့ အနေနဲ့ ဘယ်တော့မှ နောက်ကြောင်းမပြန်ဘူး..နောက်ကြောင်းပြန်မှု / မပြန်မှုဆို
    တာ ပြည်သူတွေပေါ်မှာ မူတည်နေတယ်ဆိုတာလေ..ဒေါ်စု ရဲ့  လိမ္မာပါးနပ်စွာ လုပ်ဆောင်ပြောဆိုမှုတွေကြောင့်
    လက်ရှိ အခြေအနေအထိရောက်လာခဲ့ကြပြီ..စဉ်းစားကြပါ..ဒီလိုအခြေအနေရောက်အောင် အနစ်နာခံကြိုးစားခဲ့
    ကြရသူတွေကအများကြီးပါ..ဒေါ်စုပြောတာကိုလိုက်နာကြပါ.မဆန့် ကျင်ကြပါနဲ့ ..နောက်ကြောင်းပြန်ရောက်မှာကြောက်လွန်းလို့ ပါ….

Comments are closed.