ယမန်နေ့ ည က ပြည်ထဲ ရေး ၀န်ကြီးဌာန၏ လက်ပံတောင်းတောင် ကြေးနီ မိုင်း စီမံကိန်းနှင့်
ပတ်သက် ပြီး ထုတ်ပြန်ကြေညာချက် သည် ကြေနီမိုင်း ရပ်တန့် ရေး ဆန္ဒပြ ပွဲ များ ကို တားဆီး
ပိတ်ပင် ပြီး ကြေးနီမိုင်း ကို ဆက်လက် လုပ်ဆောင်ရန် ထုတ် ပြန်သည့် ဥပဒေ သာ ဖြစ်ကြောင်း
မုံရွာ မြို့  တက္ကသိုလ် မှ ဆန္ဒပြ အဖွဲ့  ၀င် တစ်ဦး ဖြစ်သူ ကို တင်နိုင်ဦး က သုံးသပ်သည်။
နံပါ ၅ အချက် ဖြစ်တဲ့ စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းနေရပါက ပုံမှန်အတိုင်း စစ်ဆေးနိုင်မည် မဟုတ်ပါ။ စီမံကိန်းလုပ်ငန်းများ ပုံမှန်လည်ပတ်နေမှသာ လျှင် နိုင်ငံတော်အဆင့် ကော်မရှင်မှလည်း လွတ်လပ်စွာ စစ်ဆေးနိုင်ပြီး လုပ်ငန်းများကို မှန်ကန်စွာ သုံးသပ်နိုင်မည်ဖြစ်ပါသည် ဆိုတာ ဘယ်လို မှ သဘော
တူစရာ မရှိ ဘူး ၊ ဒါ ပြည်သူ တွေ ကို နား လှည့် ပါး ရိုက်တာ ပဲ ကြေးနီးမိုင်း က အ၀ကျယ် Open Pit
မိုင်း မျိုး တူးပြီး လို့  နှစ် ပေါင်း ကြလာ တဲ့ အခါ မြေ ပြို တာ တို့  တောင် တွေ ပြိုတာ တို့  ဖြစ်လာ နိုင်
တယ်။ ဒီအချက် မှာ ကတည်း က သိသိသာသာ သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံး မှု ရှိနေတာ ဒါ ကို
စီမံကိန်း လုပ်ငန်း လည်ပတ် မှ စစ်ဆေး လို့  ရမယ် ဆိုတာ က တော့ သဘာဝ မကျ ဘူး ဟု
FNG ကို ပြောသည်။
ယမန်နေ့ က ရန်ကုန် မြို့  တွင် ကြေးနီးစီမံကိန်း ရပ်တန့် ရေး ဆန္ဒပြသူ များ အား
အာဏာပိုင်များက ဖမ်းဆီး က အင်းစိန် အကျဉ်းထောင် တွင်း ဉ် ချုပ် နှောင်ပြီး တရား
စွဲ ဆိုထား သည်။ ကိုရဲလင်း ၊ ကိုဝေလု ၊ ကိုမျိုးချစ် ၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်း
မ တို့  ကို ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အခြား ပြည်သူ့  ကွန်ယက် အကျိုးဆောင် များ နှင့်
ဗကသ အဖွဲ့  ၀င်များ ကို လည်း လိုက်လံ ဖမ်းဆီး ရန် လျှက်ရှိသည်။
ပြည်ထဲရေး ၀န်ကြီးဌာန ၏ ထုတ်ပြန် ကြေငြာ ချက် ကို မြန်မာ့ ရုပ်မြင်သံကြား သတင်း
တွင် ဖော်ပြရာဉ် စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒ ပြနေသောအဖွဲ့အစည်း အားလုံးသည်
နိုဝင်ဘာလ (၂၇) ရက်နေ့ ယနေ့၊ ည (၁၂) နာရီ တွင် နောက်ဆုံးအချိန်ထားပြီး ဖယ်ရှား
ရှင်းလင်းပေး ဟု ဆိုသည်။
ကြေးနီမိုင်း တစ်ဝိုက် တွင် သပိတ် စခန်း ဖွင့် ကာ ဆန္ဒပြနေသူ များ က ဖယ်ရှားပေး ရန်
မဖြစ် နိုင် ကြောင်း ပြောကြား ပြီး ဆက်လက် သပိတ် စခန်း ဖွင့်ထား ရာ ယနေ့ မနက် နောက်
ဆုံး သိရသည့် သတင်း များ အရ ရဲတပ် ဖွဲ့  က ထပ် မံ ၀ိုင်းရံ ထား ပြီး ဆန္ဒပြသူ များ က
ဖယ်ရှားရှင်းလင်းခြင်း မပြုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့် ဖြေရှင်းဆောင်ရွက် သွားမည် ဟု ဆိုသည်။
ယမန်နေ့  က ရန်ကုန် မြို့  တွင် ဖမ်းဆီး တရား စွဲ ဆိုထား သူ များ ကို ဒီဇင်ဘ လ ၆ ရက်နေ့ 
တွင် ရုံး ထုတ် စစ်ဆေး မည် ဟု ဆိုသည်။
Photo Credit : Zaw Win
