သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲ မှု ဆန္ဒ ထုတ် ဖော် မည်

လက်ပံတောင်းတောင် ကြေးနီးမိုင်း သပိတ် စခန်း အကြမ်းဖက် ဖြိုခွဲ မှု အား အစိုးရ မှ
အများ ပြည်သူ လက်ခံ နိုင်သည့် ရှင်းလင်းမှု  မပေး လျှင် သော် လည်း မြန်မာ့ ဒီမိုက
ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထား သည့် အတိုင်း အစိုးရ
မှ တောင်း ပန် ၀န် ချလျှင် သော် လည်း ကောင်း အခြေအနေ မှာ မျှော်လင့်ထား သလို
ဖြစ်မလာ နိုင်ပဲ ပိုမို ဆိုးရွား သွား နိုင်သည် ဟု မန္တလေး အိမ်တော် ရာ ဘုရား ကြီးဝင်း
အတွင်း ဉ် စတင် သပိတ် မှောက် မှု တွင် ပါဝင်ခဲ့ သည့် သံဃာတော် တစ်ဦး ဖြစ်သည့်
အသျှင် စန္ဒသာရ က FNG ကို မိန့် သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က လည်း အကြမ်းဖက် ဖြို
ခွဲ ခြင်း နှင့် ပတ်သက် ပြီး စုံစမ်း စစ်ဆေး ပေး ရန် တောင်း ဆို ထား သည်။

ကြေးနီမိုင်း ရှိ သပိတ်စခန်း ၆ ခုမှ သံဃာတော် များ နှင့် ပြည်သူများ အား အကြမ်း
ဖက် ဖြိုခွဲ မှု နှင့် ပတ်သက် ပြီး ကန့် ကွက် ရှုံ့ ချ ဆန္ဒ ထုတ် ဖော် ပွဲ တစ်ရပ် ကို
ယနေ့ ညနေ ၄ နာရီ တွင် ရန်ကုန် မြို့  မြေနီကုန်း လမ်းဆုံ မှ စတင် ကာ ပြု လုပ် သွား
မည် ဟု FNG မှ သတင်း ရရှိသည်။

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့်
ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့
ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀ ကျော်ခန့်နှင့် ပြည်သူတို့မှာ
ဆူးလေဘုရား ရင်ပြင်တော်ပေါ်တွင် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလလမ်းအတိုင်း
လမ်းလျှောက်ကာ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေး ဦးပိုင်ရုံးချုပ်ရှေ့တွင် သံဃာတော်များ ဒဏ်ရာများရရှိခဲ့သည့်ပုံများကို ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့
ကြကြောင်း သိရသည်။

Eleven Media Group မှ ဓာတ်ပုံ များ ကို ကူး ယူ ဖော် ပြထား ခြင်း ဖြစ်ပါသည်။