ငိုရှိုက်သံများ နဲ့  ရွက်ကြွေရာသီထဲ က စန္ဒီဟုခ်

ငြိမ်းချမ်းငြိမ်း ၊         ၊ နောက် လာမယ့် သီတင်း တစ်ပတ်ဆိုရင်တောင် စန္ဒီ ဟုခ် မူလတန်း ကျောင်းက လေး က
ခရစ္စမတ် ပွဲ တော် ကာ လ နဲ့  ဆောင်း ရာ သီ ၀င်းတား ဘရိတ် အတွက် ကျောင်း ပိတ် တော့
မှာ ဖြစ်ပါတယ်။

ကျောင်းဝန် ထမ်းတွေ နဲ့  ဆရာ ၊ ဆရာမ တွေ လည်း ခရစ္စမတ် အား လပ် ရက် မတိုင် ခင်
မှာ ငါး နှစ် ခြောက် နှစ် အရွယ် မူလတန်း ကလေး တွေ အတွက် စာရေးဆရာ ချားလ်း ဒစ်ကင် ရဲ့
ခရစ္စမတ် ကာရိုလ် စတဲ့ ခရစ္စမတ် နဲ့ ပတ်သက် တဲ့ နာမည် ကျော် ဇာတ်လမ်း ၀တ္ထု တွေ ၊ ဂျင်ဂဲ
ဘဲလ် စတဲ့ နာမည် ကျော်  သီချင်း တွေ  ၊ ဆန်တာ ကလော့ စ် ကြီး အကြောင်း  ကလေး တွေ 
ကို ပြောပြ ရင်း နှင်း ဖွဲဖွဲ  လေး ကျ နေတဲ့ နယူးတောင်း မြို့  နံ နက် ခင်း ထဲ မှာ ဒီမူလတန်း ကျောင်း
လေး က စန္ဒ တေး သွား တွေ တော့ တကျော့ ၊ ကလေး တွေ ရဲ့  ဂျင်ဂဲဘဲလ် ..ဂျင်ဂဲဘဲလ် ဆို တဲ့ နဲ့ 
သာယာ နာပျော် ဖွယ် စုပေါင်း သီဆို မှု က တစ် လှည့် နဲ့  ပျော်စရာ နံနက် ချိန်ခါ တစ်
ခု ပါ…….။

နောက် မိနစ် အနည်း ငယ် ဆိုရင် ….. စက်သေနတ် သံ တစ် ဒက်… ဒက် ….. ကလေး တွေ ရဲ့ 
ကမ္ဘာ ပျက်မတတ် အော် သံ….၊ ဆရာ မ ရဲ့  အဒမ် နင် သေနတ် ကို ချက် ခြင်း ချ လိုက် စမ်း စတဲ့
စကားတွေ မဆုံး ခင်မှာ သွေ ညှီ နံ  တွေ လွှမ်း သွား တဲ့ ကျောင်း ဖြစ် လာမယ် လို့  ဘယ်သူ က
ထင် ထား လိမ့် မတုန်း…။

ဒါတွေ ဟာ တကယ် ဖြစ်ခဲ့ တဲ့ ပါ…။

တကယ် မှ … တကယ် ပေါ့ …..။ တကယ့် ကို လောက ငရဲ ပါ ။ ကလေး ငယ် အယောက် ၂၀ အပါ အ၀င်
လူကြီး ၇ နှစ်ယောက် အားလုံး ၂၇ ယောက် သေဆုံး သွား ခဲ့ တယ်။ ငါး မိနစ် လောက် အချိန် လေး အတွင်း
မှာ တင် မျက်လှည့် ပြ လိုက် သလို အရာ အား လုံး က ဗျောင်းဆန်သွား ခဲ့ တယ်။ အပူချိန် ၁၀ ဒီဂရီ ဖာရင်
ဟိုက် မို့  စင်တီ ဂရိတ် နဲ့  ဆိုရင် ရေ ခဲ မှတ် အောက် ရောက် နေတဲ့ ဖယ်ယာဖီ ခရိုင် က နယူးတောင်း မြို့ 
ကလေး ကတော့ ချက် ခြင်း ဆို သလို အိပ် မော ကျနေ ရာ ကနေ လန့်  နိုး လာခဲ့ ပါတယ်။ ကလေးရှင် မိ
ဘတွေ က ချက်ခြင်း အ လုပ် ကိုယ်စီ ရပ် ပြီး ကျောင်း ကို သွား နေကြ ပြီ ၊ အချို့  က မော်တော် ကား နဲ့ 
ကျောင်း နဲ့  အနီးအနား က ကလေး တွေ ရဲ့   မိဘ .. ဘိုးဘွား … မိသားစု တွေ က တော့ ကျောင်းရှိရာ ကို
အပြေး တစ်ပိုင်း ပေါ့.. ၊ ကျောင်းမှာ ဆို လည်း သေကံ မရောက် သက် မ ပျောက် ကျန် ခဲ့ တဲ့ ကလေး တွေ
ဆရာ ၊ ဆရာမ တွေ က ငိုသူငို သတိ မေ့ သူ မေ့ နဲ့  ပေါ့ ။

ကျောင်း က အရေး ပေါ် အချက် ပေး ဥသြ သံ က ဒုတိယ ကမ္ဘာ စစ် ကာလ က နာဇီ တွေ လန်ဒန် မြို့  ကို
ဗုံးကြဲ တဲ့ အချိန် ဗြိတိသျှ လေတပ် က ဥသြသံ တွေ ထက် တောင် ပိုပြီး ကျယ်လောင် လွန်းလှတယ် လို့ 
ဒုတိယ ကမ္ဘာ စစ် ကာလ ကို လန်ဒန် မြို့  မှာ တွေ့ ကြုံ ခဲ့ ဖူး တဲ့ အခု ကွန်နက်တီကတ် ပြည်နယ်
  နယူးတောင်း မြို့  က  အသက် ၈၀ အရွယ် မစ္စတာ ဂျော့လိုလ် က FNG ကို ပြောပါတယ်။

ကျောင်းထဲ က အရေး ပေါ် ခေါင်းလောင်းသံ ၊ မီးသတ် ကား တွေ ၊ ရဲကား တွေ ၊ အထူး ရဲ  ကား တွေ ရဲ့ 
ဆာရင် သံတွေ ကျုပ် ကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၆၀ ကျော် ဆယ် ကျော် ကို ပြန် ခေါ် သွားတယ်။ အသက်မ
သေဘဲ ကျန် တဲ့ ကလေး တွေ က ငို နေကြတယ်။ အခု ဟတ်ဖို့  တက္ကသိုလ် မှာ ဆရာမ ဖြစ်နေတဲ့ ကျုပ်မြေး
မလေး ဆိုရင် လဲ ဒီကျောင်း မှ တက် ခဲ့ တယ် ဗျ ၊ မြေး သုံး ကောင်စ လုံး  ဒီမူလတန်း ကျောင်း ကလေး မှာ
အောင်ခဲ့ တာ ၊ ကျုပ် ဘယ်လို  စိတ်မကောင်း နိုင် မလဲ ဗျာ လို့  ဂျော့ က ဆို့  နင့် စွာ ပြောပါတယ်။

သေဆုံး သွား တဲ့ ကလေး နှစ် ဆယ်က ငါး နှစ် နဲ့  ဆယ် နှစ် အရွယ် ကလေး တွေ ပါ။ လောက ကြီးထဲ က
စောစီး စွာ နဲ့  ပဲ ထွက် ခွာ သွား ခဲ့ ကြ ခဲ့ တယ်။ ကျောင်းစာ သင် နှစ် တစ်ခု မှာ အနည်း ဆုံး ကျောင်းသား
၇၀၀ လောက် ကို ပညာသင်ပေး  တဲ့ ဒီကျောင်း ကလေး မှာ ဒီလို  အဖြစ်ဆိုး မျိုး နဲ့  ကြုံ လာလိမ့် မလဲ
ဘယ်သူ မှ ထင်မထား ကြ ဘူး လို့  အရင် က ဒီ ကျောင်း မှာ ကလေး တွေ ကျောင်းသွား ၊ ကျောင်း ပြန်
ကြို ပို့  ဘတ်(စ) ကား မောင်းတဲ့ မာရှာ မော်(စ) ကိုဝဇ် က Fox သတင်းဌာန ကို ပြောပါတယ်။

စန္ဒီ ဟုခ် မှာ ပြစ်ခတ် မှု ဖြစ် ပြီး နာရီ ပိုင်း လောက် ကြ တော့ သမ္မတ က မိန့် ခွန်း ပြောပါတယ်။ မျက်ရည်စ
လေး တွေ ကို လက် နဲ့  ပွတ် သပ်ရင်း ပြောနေတဲ့  အို ဘားမား က “ ကျွန်တော် တို့  ရဲ့  နှလုံးသား တွေ
ဒီနေ့ မှာ အစိတ် စိတ် အမြွာ ဖြစ်ခဲ့ ရ ပြီ” “ ကုန် လွန် ခဲ့ တဲ့ ကာလ များ စွာ မှာ ဒီလို ကြေကွဲ ဖွယ်ရာ သတင်း
မြောက်မြား စွာ ကို ရရှိတဲ့ အချိန် မှာ ကြံကြံ ခံ ပြီး တုံ့  ပြန် ခဲ့ တယ်။ အခုတော့ သမ္မတ တစ်ယောက် အနေ
နဲ့  မဟုတ် တော့ ဘူး ၊ မိဘ တစ်ယောက် အနေ နဲ့  ပါ”  ဆို တဲ့ အိုဘားမား မိန့် ခွန်း ပြော မှု အပြီး မှာ
ကာလီဖိုးနီးယား ပြည် နယ် ဘီဗာဟေးလ် အရပ် က ဟောလိဝုဒ် အထက် တန်း ကျောင်း (Hollywood High)
က လည်း ၀မ်း နည်း ကျောင်း ကွဲ ကြောင်း ပြ သ ဖို့  အမေရိကန် အလံ ကို တဖြည်းဖြည်း လျှော ချကာ
တိုင်ဝက် လွှင့် ထူ လိုက် ပါတယ်။

အမေရိကန် နိုင်ငံ ရဲ့  အရှေ့ မြောက် ဖျား ကွန်နက်တီကတ် ပြည်နယ် မှာ ရှိ တဲ့ စန္ဒီ ဟုခ် မူလတန်း ကျောင်း
ကလေး ဟာ နယူးယောက် မြို့  တော် ရဲ့  အရှေ့  မြောက် ဘက်  မိုင် ၆၀ လောက် ၊ ပြည်နယ် မြို့ တော် ဟတ်
ဖို့ ဒ် နဲ့  အနောက် တောင် ဘက်  ၄၅ မိုင် လောက် အကွာ မှာ ရှိတာ ပါ။ နယူးတောင်း မြို့  ဟာ သာမန်
အမေရိကန် မြို့  က လေး တစ် မြို့  လို ပဲ အေးဆေး ငြိမ် သက် မှု တွေ နဲ့  ရာဇ၀တ် မှု ဆို လည်း ပြည်နယ်
ရဲ့  မှတ်တမ်း တွေ အရ အနည်း ဆုံး မြို့  ဖြစ်ပါတယ်။

“ဘုရား ရေ… ဒီလို ဖြစ်သွား တာ အိပ် မက် လား ၊ တကယ်ပဲ လား ကျွန်မ အိပ် မက် မက် နေ သလို ပဲ
တကယ် မဟုတ် ပါ စေ နဲ့  လို့  ကျောင်း နဲ့   တစ်ခေါ် သာသာ လောက် မှ နေတဲ့ စန္ဒီဟုခ် ကျောင်း သူ
ဟောင်း ဖြစ်သူ ဒေါက်တာ လီဇာ ဘက်(ခ) မိုး က FNG  ကို ပြောပါတယ်။ ပြီး တော့ သူ က ပါး ပြင်
ပေါ် စီးကျ လာတဲ့ မျက် ရည် ကို အသာ ထိန်းထား ရင်း ကျွန်မ တို့  ရဲ့  ကလေး တွေ အနာဂတ် အတွက်
ကျွန်မ တို့  ရဲရဲ ရင် ဆိုင် ဖို့  အားတင်း ထား ရမယ် လို့ ကောင်း ကင် မှာ ပျံ သန်း နေ တဲ့ အထူး ရဲတပ်
ဖွဲ့ ဟယ်လီ ကော်ပတာ  က  ရဟတ် တွေ ကို ကြည့် လို့   လီဇာ ပြော ပါတယ်။

နယူးတောင်း မြို့  ကလေး ကို သာ မက ပဲ၊ အမေရိကန် တစ်နိုင်ငံ လုံး နဲ့  ကမ္ဘာ တစ်ဝှမ်း ပါ တုန် လှုပ် သွား
စေတဲ့ ဖြစ်ရပ် ကို အသက် ၂၀ နှစ် အရွယ် အဒမ် လန်ဇာ ဆိုသူ က  ပွိုင့် ၂၂၃ ကာလီဘာ ရိုင်ဖယ် တစ်
လက် နဲ့  ကျုး လွန် ခဲ့ တာ  ဖြစ်ပါတယ်။ စန္ဒီ ဟုခ် ကျောင်း  က ၀န်ထမ်း လည်း  ဖြစ်တဲ့ သူ့  အမေ နန်စီ
လန်ဇာ ကို လည်း အိမ် မှာ မျက် နှာ ကို သေနတ် နဲ့  တေ့ ပစ် ခဲ့ ပြီး မှ ကျောင်း ကို စစ်မြေပြင် မှာ အသုံး
ပြု တဲ့ ကာကွယ် ရေး ၀တ်စုံ အချို့  ကို ၀တ်ပြီး ရောက် လာ တာ ဖြစ်ပါတယ်။

ကွန်နက် တီကတ် ပြည်နယ် ရဲ့  ရွက် ကြွေ ရာ သီ နဲ့  ခရစ္စမတ် ကာလ ဟာ အရင် လို မလှ ပတော့ ဘူး ၊
ဖြူ လွလွ နှင်းခဲ့ တွေ ဟာ သွေး စက် တွေ နဲ့  ပေါ့  ..။ အဒမ်  ရဲ့  ဒီလို မျိုး မိုက်ရူး ရဲ လုပ် ရပ် ကို ဘယ်အရာ
က များ စေ့ ဆော် လိုက်တာ လဲ …. ကျွန်မ တကယ် မပြော တတ်တော့ ဘူး လို့  … ဒေါက်တာ လီဇာ ဘက်
(ခ) မိုး က ပါး ပြင် ပေါ် ကို စီး ကျ လာတဲ့ မျက် ရည် ကို သုတ် ရင်း ပြောပါတယ်။

နှင်း ဖွဲဖွဲ ကျ တာ လေး တွေ ပြန်ရပ် သွား တဲ့ အချိန် မှာ သေဆုံး သွာတဲ့ ကလေး တွေ ၊ ကျောင်းဝန်ထမ်း
တွေ ရဲ့  အလောင်း ကို အရေး ပေါ် ကယ်ဆယ် ရေး ယာဉ်တွေ ပေါ် သယ်ဆောင် ပြီး ဟိုး….. အဝေး ကို မောင်း
ထွက် သွား ကြ ပါတယ်။

 
Sandy Hook Elementary, New Town, Connecticut, Carnage 

One thought on “ငိုရှိုက်သံများ နဲ့  ရွက်ကြွေရာသီထဲ က စန္ဒီဟုခ်

  1. I`m so sorry to hear about it and for the parents there is no words to say, they will have the punishment from God.

Comments are closed.