တောင်ကိုရီးယား သမ္မတ သစ် အဖြစ် ပတ်ဂွန်ဟေး ရွေးချယ်ခံရ

တောင်ကိုရီးယား သမ္မတ သစ် အဖြစ် အဖြစ်  ရွေးချယ်ခံရတဲ့ အသက် ၆၀ နှစ် အရွယ်
 ပတ်(ခ)ဂွန် ဟေး က လာမယ့် နှစ် ဖေဖော်ဝါရီ လ မှာ စတင် တာဝန် ထမ်း ဆောင်
တော့ မှာ ဖြစ် တယ် လို့  လက်ရှိ သမ္မတ လီမြောင်ဘက် က  ပြောကြား  ပါတယ်။

၁၉၆၃ ခုနှစ် က နေ ၁၉၇၉ ခုနှစ် ထိ ၁၆ နှစ် တိုင် တောင် ကိုရီးယား နိုင်ငံ ကို အုပ်ချုပ်
သွား ခဲ့ တဲ့ အာဏာရှင် ပတ်(ခ) ချုံဟီး ရဲ့  သမီး ကို တောင်ကိုရီးယား ပြည်သူ တွေ ရဲ့ 
ဆန္ဒမဲ အများ စု နဲ့  ရွေးချယ် ခဲ့ တာ ဖြစ်ပါတယ်။
မဲအားလုံး ကို ရေတွက် ပြီး ချိန် မှာ ပတ်(ခ) ပြိုင်ဘက် Democratic United Party
က မွန်ဂျေအင် ကို အသာရ ပြီး ၅၂.၁  ရာ ခိုင်နှုန်း နဲ့  အနိုင်ရရှိ ခဲ့ တာ ဖြစ်ပါတယ်။
လွှတ်တော် အမတ် အဖြစ် လည်း လေးကြိမ် တာဝန် ထမ်းဆောင် ဖူး ခဲ့ တာ မို့  နိုင်ငံ
ရေး အတွေ အကြုံ ရှိ သူ တစ်ယောက် လို့  ဆို နိုင် ပေမယ့် အိမ်ထောင် မရှိ သူ ဖြစ်
တာ ကြောင့် မိသားစု စီမံ ခန့် ခွဲ မှု အတွေ့  အကြုံ မရှိ ရင် ၊ နိုင်ငံ ကို အုပ် ချုပ် နိုင်မှာ
မဟုတ် လို့  ဝေဖန် မှု ပြု ကြ တဲ့ အခါ ၊ ကျွန် မ မှ လင် သား သံ ယောဇဉ် ၊ သားသမီး
သံယောဇဉ် မရှိ တာ ကြောင့် ပြည်သူကို ပို ချစ် နိုင် ဖို့  အခွင့်အရေး အများ ကြီး ရခဲ့
တယ် လို့  သူ က တုံ့  ပြန် ပါတယ်။

ပတ်(ခ) ကိုရီးယား သမ္မတ အဖြစ် ရွေး ချယ် ခံ ရတ ကို အမေရိကန် သမ္မတ အိုဘား
မား က လည်း ၀မ်း မြောက် ကြောင်း ထုတ် ဖော်ပြော ကြား ခဲ့ ပါတယ်။

ပြိုင်ဘက် မွန်ဂျေအင် က တော့ သူရှုံး နိမ့် တဲ့ အကြောင်း ၀န် ခဲ့ခဲ့ ပါတယ်။

ဖခင် ဖြစ် သူ တောင်ကိုရီးယား သမ္မတ အဖြစ် တာဝန် ယူ ချိန် မှာ အိမ်ပြာ
တော် လို့  ခေါ် တဲ့ ကိုရီယား သမ္မတ နန်းတော် မှာ ၁၆ နှစ် ကြာ
နေ ထိုင် ခဲ့ ဖူး ပြီး နှစ် လေး ဆယ် ကြာ တဲ့ အခါ မှာ တော့ ဒီစံ အိမ် တော် ကို သူ  တစ်ကျော့
ပြန် ရောက် ရှိ လာ တာ ဖြစ်ပါတယ်။

သူမ ၏ ရွေးကောက်ပွဲ ပြိုင် ဘက် မွန်ဂျယ် အင်း မှာ နိုင်ငံ ရေး လောက သို့  စတင်
ဝင်ရောက် ဖခင် ဖြစ်သူ က အတိုက်အခံ များ ကို ဖယ်ရှား ရှင်းလင်း ရာ တွင် ဖမ်း
ဆီးထောင် ချ ခံရသူ တစ်ဦး  ဖြစ်သည်။

သူ့  မိခင် နှင့် ဖခင် နှစ်ဦး စလုံး သည် အောက်တိုဘာလ ၂၆ ရက် ၁၉၇၉ ခုနှစ် တွင်
လုပ်ကြံခံခဲ့ရသည်။

ပတ်ဂွန်ဟေးသည့် တောင်ကိုးရီယား နိုင်ငံ ၏ ပထမ ဦးဆုံး အမျိုး သမီး သမ္မတ လည်း
ဖြစ်သည်။

PARK-CHUNG-HEE-006

One thought on “တောင်ကိုရီးယား သမ္မတ သစ် အဖြစ် ပတ်ဂွန်ဟေး ရွေးချယ်ခံရ

Comments are closed.