ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့  များ တွင် လာဘ်စား မှု အများ ဆုံး ဖြစ်နေ

HKTလာဘ် စား မှု သည် ပြည်ထဲရေး လက်အောက်ခံ ၀န်ကြီးဌာန များ နှင့်
တရားရေး ဌာန များ တွင် ယခင် နှစ် က တင်ရှိ ခဲ့သည့် စံချိန် များ ထက်
ပို ဆိုလာ ပြီး ၊ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  သည် ၂၀၁၂ ခုနှစ် အတွင်း ရာထူး
အလိုက် လာဘ်စားမှု များ မှာ  မြန်မာ ငွေ ကျပ် သန်း ၄၀၀ ကျော် ထိ ရှိ နိုင်
သည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ လာဘ်ပေး လာဘ် ယူမှု ဆိုင်ရာ တစ်သီး
ပုဂ္ဂလ လေ့လာမှု အဖွဲ့  ဖြစ်သည့် Myanmar Corruption Report ၏
၂၀၁၂ အတွက် အစီရင်ခံစာ တစ်ခု တွင် ဖော်ပြထား သည်။

ထိုအစီရင်ခံ စာ ထဲ တွင် ရန်ကုန် မြို့  ပေါ် မှ ဒုရဲအုပ် တာဝန် ရှိ သူ တစ်ဦး
မှာ တစ်နှစ် လျှင် ပျမ်း မျှ ၁၈ သိန်း ကျော် လာဘ်စား ၍ အရေး ပါသည့်
နယ် မြို့  များ နှင့် နယ်စပ် မြို့  များ မှ ဒုရဲအုပ် တစ်ဦး မှာ သိန်း ၂၀ ကျော်
လာဘ် စား သည် ဟု ဆိုသည်။

မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  ၏ လာဘ်စား မှု တွင် ပုံစံ အမျိုး ဖြစ် ရှိ နေရာ ဆက်
ကြေး ပုံစံ လိုင်းကြေး ယူမှု ၊ တရားခံ ၏ ဆက်နွယ် ပတ် သက် မှု များ မှ ငွေ
တောင်းခံ ပြီး လာဘ် ယူ မှု နှင့် အမှု ဆင် (သို့  မဟုတ် ) အမှု မှ ကွင်းလုံး ကျွတ်
စေရန် စသည် ဖြင့် များ ပြားသော ငွေကြေး ပမာဏ တောင်းခံ မှု စသည် ဖြင့်
နည်း မျိုး စုံ အသုံး ပြု သည် ဟု သိရသည်။

အထူးစုံစမ်း ထောက်လှမ်းရေး နှင့် အကျဉ်းဦးစီးဌာန တို့  သည် လည်း ပြည်ထဲ
ရေး ၀န်ကြီးဌာန လက် အောက်ခံ များ  အဖွဲ့  များ ဖြစ် ပြီး စ သုံးလုံး ခေါ် အထူး
စုံစမ်းထောက်လှမ်းရေးဌာန ၏ လာဘ် ငွေ ယူ မှု များ သည် စီးပွားရေး လုပ်ငန်း
ရှင် များ ၊ ပြည်ပ သို့  အလုပ်သမား စေလွှတ် မှု နှင့်  တရား မ၀င် ငွေကြေး လွှဲ
ပြောင်း လုပ်ကိုင် မှု လုပ်ငန်း များ နှင့် ဆက်စပ် နေသည်။

ရန်ကုန် မြို့  မဟာဗန္ဓု လ ပန်းခြံ လမ်း နှင့် မဟာဗန္ဓု လ လမ်း တစ်ဝိုက် ဧမာနွေ
လ ဘုရား ကျောင်း တစ်ဝိုက် ရှိ နိုင်ငံ ခြား ငွေ လဲလှယ် သူများ နှင့် လမ်လည်သူ
များ မှာ စ သုံးလုံး အဖွဲ့  ၏ ကျောထောက် နောက်ခံ ဖြင့် ရပ် တည် နေ ခြင်း ဖြစ်
သည် ဟု ရန်ကုန် မြို့  တွင် တာဝန်ကျ သည့် ရဲ အရာ ရှိ တစ်ဦး က FNG ကို ပြော
သည်။

လောင်းကစား ဒိုင် များ ၊ ကုန်စည် ဒိုင်များ နှင့် ပတ် သက် ပြီး လည်း အထူး စုံစမ်း
စစ်ဆေးရေး ဌာန သည် လာဘ်ငွေ ရရှိသည်။

ပြည်ထဲရေး လက်အောက်ခံ အဖွဲ့  အစည်း တစ်ခု ပင် ဖြစ်သည့် အကျဉ်းဦးစီးဌာန
တွင် လာဘ်စား မှု မှာ ရဲဘက်စခန်း များ တွင် အများဆုံး  ဖြစ် ပြီး ၊ အကျဉ်းထောင်
များ တွင် မူ ငွေကြေးကြွယ်ဝ သည့် အကျဉ်းသား များ က လာဘ် ထိုး မှု နှင့် အကျဉ်း
ထောင် နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်း များ မှ တစ် ဆင့် ငွေကြေး ရယူမှု
များ ဖြစ်ပေါ်သည်။

နိုင်ငံ တ၀ှမ်းရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ရုံး တိုင်း တွင် လာဘ်စား မှု များ
ရှိ ပြီး ကန်ထရိုက် လုပ်ငန်း ၊ ဆောက်လုပ် ရေး လုပ်ငန်း ၊ ပါမစ် နှင့် ခွင့်ပြု ထောက်
ခံမှု လုပ်ငန်းများ အတွက် သိန်းရာ ချီ ရယူ ကာ ဆောင်ရွက် ကြသည်။

မြန်မာ အစိုးရ သည် လာဘ်ပေး လာဘ်ယူ မှု အတွက် ဒုတိယ သမ္မတ ဦးဆောင်သည့်
ကော်မရှင် ကို ဖွဲ့  စည်းထား သော် လည်း ထိထိရောက် ရောက် လုပ်ဆောင် နိုင်မှု မရှိ
သေး ဟု Myanmar Corruption Report အစီရင် ခံစာ တွင် ဖော်ပြထား သည်။

One thought on “ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့  များ တွင် လာဘ်စား မှု အများ ဆုံး ဖြစ်နေ

  1. လာဒ်စားငွေနှုန်း နည်းနေသလိုပဲ။ အဲဒီလောက်ပဲ လာဒ်စားမယ်ဆိုရင် စားပါစေဗျာ။ ပုံမှန် ဘာမှမဟုတ်တဲ့ ရပ်ကွက်ဥက္ကဌ တစ်ယောက်ရဲ့ လစဉ်ဝင်ငွေဟာ ၁ဝ သိန်းအထက်ရှိနေတာ ဘယ်နှယ့် ရဲ တွေလာဒ်စားတာ တနှစ်မှာမှ ၂ဝ သိန်းလောက်ပဲဆိုရင် စားစေဗျာ။ :)

Comments are closed.