အီရတ် စစ်ပွဲ အတွင်း Navy SEAL ၏ လက်ဖြောင့် သေနတ်သမား အဖြစ်တာ
ဝန်ထမ်းဆောင် ကာ တစ်ဖက် ရန်သူ ကို စံချိန် တင် သတ်ဖြတ် နိုင်ခဲ့ သည့်
Chris Kyle သည် တက္ကဆက် ပြည်နယ် ဖို့ ဝတ် စစ်စခန်း အနီး ၊ ဂလင်း ရိုစ်ရှိ
The Rough Creek Lodge တွင် အခြား စစ်ပြန် တစ်ဦး အား စိတ်ပိုင်း
ဆိုင်ရာ နှစ်သိမ့် မှု ပေး နေစဉ် အသက် ၂၅ နှစ် အရွယ် ရှိ အီရတ် စစ်ပြန်
တစ်ဦး ပင်ဖြစ်သည့် Eddie Ray Routh ကပစ်ခတ် လုပ်ကြံ ခဲ့ ခြင်း ဖြစ်သည်။
ခရစ် ကေလ်း နှင့် အတူ ချတ် လစ်တယ် ဖီး သည် လည်း ပစ်ခတ်ခံရမှု
တွင် သေဆုံး ခဲ့သည်။
ခရစ် ကေလ်း သည် American Sniper ဆိုသည့် အရောင်းရ ၀တ္ထု ကို
လည်း ရေးသားခဲ့ သူ ဖြစ်သည်။ ထိုစာအုပ် မှာ သူ့  ဘ၀ စစ်မြေပြင် မှတ်
တမ်း ဖြစ်သည်။
ပတ်ခတ်မှု တွင် သံသယ ရှိသူ ကို ရဲက ဖမ်းဆီးထား ပြီး ထိုသူက သူညီ
မ ကို ဖုန်းဆက် ပြောရာ တွင် ခရစ် ကေလ်း ကို မည် သည် အတွက် သတ်
ရသည် ဟု ပြော ခဲ့ သောလ်ည်း ရဲတပ် ဖွဲ့  ကို မူ မည် သည့် ၀န်ခံမှု မျှ မလုပ်
သေး ဟု သိရသည်။
ခရစ် ကေလ်း သည် အီရတ် စစ်ပွဲ မှ ပြန်လည် ရောက်ရှိ လာ ပြီး နောက်
PTSD ဟု ခေါ်သည် စိတ်ဒဏ်ရာ ပြန်လည် ထူထောင်ရေး တွင် တာဝန်
ထမ်းဆောင် နေသူ ဖြစ်သည်။ အသက် ၃၈ နှစ် အရွယ် ရှိ ခရစ် ကေးလ် သည်
ဒဲလပ်(စ) မြို့  စွန် ရှိ သေနတ် ပစ် ကွင်း ပါ ၀င်သည့် ၎င်း ၏ အိမ် တွင် ဇနီး
သားသမီး နှစ်ဦး နှင့် နေ ထိုင် သည်။
စစ်ပွဲ ၏ စိတ်ဒဏ်ရာ ရရှိ ခဲ့ သည့် ပြန်လည် ထူထောင်ရေး ဆေးရုံ တွင်
သူသည် အခြား စစ် ပြန် ရဲ ဘော် များ ကိုဆွေးနွေး နှစ် သိမ့် ပေး သူ ဖြစ်
သည်။
အီရတ် စစ်ပွဲ ၏ အခက်ခဲ အကြမ်း တမ်းဆုံး ကာလာတွင် သူပုန် များ အား
သူ၏ .300 Winchester Magnum ဖြစ် ထိမှန်အောင် ပစ်ခတ် နိုင်ခဲ့
သည်။ ဖာလူဂျာ တွင် တာဝန်ထမ်းဆောင် စဉ် သူ စခန်း ချနေသည့် အဆောက်
အဦ ကို အီရတ် သူပုန် တို့  က ဗုံးခွဲ တိုက် ခိုက်ရာ ကံကောင်းထောက်မ စွာ ဖြင့်
လွတ်မြောက်ခဲ့ သည်။
Related articles
- Texas man arraigned on murder charges in shooting of ex-Navy SEAL – Reuters (reuters.com)
- Iraq vet charged in fatal shooting of ex-SEAL (cnsnews.com)
- Elite Navy SEAL slain in Texas; suspect arrested (wcnc.com)
- Iraq vet charged in fatal shooting of ex-SEAL – WFAA (wfaa.com)
- Former Navy Seal sniper Chris Kyle shot dead at Texas gun range (guardian.co.uk)
- Navy SEAL Chris Kyle Shot at Point Blank Range While Helping Fellow Soldier with PTSD (americanlivewire.com)
- Deadliest sniper in U.S. military history is ‘shot and killed point-blank by veteran suffering from PTSD’ at Texas gun range (righttruth.typepad.com)
- Eddie Ray Routh, 25, Charged with Murder of Navy SEAL Chris Kyle (americanlivewire.com)

