ဒိုနာ ပုန်းအောင်းနေသည့် အပန်းဖြေ သစ်လုံး အိမ်အား မျက်ရည်ယို ဗုံးပြစ် သွင်း ပြီး ဖမ်း
ဆီး သော်လည်း မီးထလောင်ခြင်း ဖြစ်သည် ဟု ယနေ့  ပြု လုပ်သည့် သတင်း စာရှင် လင်း
ပွဲ တွင် လောစ်ဇင်ဂျလိစ် ရဲဌာန မှ ရဲချုပ် ဖြစ်သူ ချာလီ ဘက်က ပြောကြား သွား သည်။
ဒိုနာ ပုန်းအောင်းနေ သည့် Big Bear အပန်းဖြေစခန်း ရှိ ရာ ဆန်ဘာနာဒီနို ခရိုင်ရဲ တပ် ဖွဲ့ 
ရဲမှုး ဂျွန် မက်မဟွန်း က သတင်းထောက် များ ကို ပြောကြား ရာ တွင် ” ကျွန်တော်တို့  ကေ
ဘင် ကို မီးမြိုက် ပြီး ဖမ်းဆီး ဖို့  ဆန္ဒရည် ရွယ် ချက် လုံးဝ မရှိ ခဲ့ ပါဘူး၊မျက်ရည်ယို ဗုံးက
မီးထလောင်တာ ပါ ” ဟု ပြောကြားခဲ့ သည်။
LA တွင် ဒိုနာ ကို ထောက်ခံ သူ များ LAPD ၏ လုပ်ရပ် ကို ဆန့် ကျင် ကန့် ကွက် ကြ ပြီး ၊
ဒိုနာ လွတ်မြောက်စေရန် ဆု တောင်းမှု များ ပြု လုပ် ကြသည်။ လူမှု ကွန်ယက် တွင် ဒိုနာ
သည် မတရား မှု ကို အံတု ဖက် ပြိုင် နိုင် သော သူ ရဲ ကောင်း ကြီး ဖြစ် နေသည် ဟု CNN
သတင်း တွင် ဖော်ပြထား သည်။
လူသုံးယောက် အား ပစ်ခတ်သတ်ဖြတ် ပြီး နောက် ထွက်ပြေး တိမ်းရှောင်နေသည့်
လောစ်ဇင်ဂျလိစ် ရဲဌာန မှ အသက် ၃၃ နှစ် အရွယ် ရဲအရာရှိ ဟောင်းဖြစ်သူ ခရစ်တိုဖာ
ဂျော်ဒန် ဒေါ်နာ ၎င်း ပုန်းခိုနေရာ ကာလီဖိုးနီးယား ပြည်နယ် အရှေ့ ဘက်ခြမ်းရှိ Big Bear
ကန်အနီး အပန်းဖြေ ခိုနားရာ သစ်သား အိမ် ထဲ တွင် မီးလောင် သေဆုံး သွား နိုင်ကြောင်း
ယုံကြည်ရသည် ဟု LA ရဲတပ် ဖွဲ့  ကို ကိုကား ပြီး LA TIMES သတင်း တွင် ဖော်ပြထား
သည်။
ကေဘင် မီးစတင် မလောင်းကျွမ်းသေးခင် ဒေါ်နာ ဟုယူဆရသူ နှင့် နှင့် သူ့  ကို ၀ိုင်းထား သည့် ရဲများ အပြန်
အလှန် ပစ်ခတ် ရာ ရဲအရာရှိ တစ်ဦး ထပ်မံ သေဆုံး သွားသည်။
အပန်းဖြေ သစ်လုံးအိမ် ကို မီးလောင်း ကျွမ်းမှု သည် ပူပြင် လွန်းသောကြောင့် မည်သူ မှ အနားမကပ်
နိုင်သေး ဟု သိရှိရသည်။
အထဲ မှာ ဘယ်သူ ရှိ နေတာ လဲ ဆိုတာ ကျွန်တော် တို့  သေသေချာချာ မပြော နိုင် သေး ဘူး ဟု
LAPD က တရား ၀င် ပြောသည်။
ဒေါ်နာ ကို ဖမ်းဆီး ရမိရေး အတွက် သတင်းပေးလျှင် ဆုငွေ ဒေါ်လာ တစ် သန်း ကျော်ရမည်
FNG ကာလီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ရှိ မြို့  ၃ ခု တွင် လူ ၃ ဦးအား သတ်
ဖြတ်ပြီး လူ ၃ ဦးအား ဒဏ်ရာ ရရှိစေခဲ့သည့် လောစ်ဇင်ဂျလိစ် ရဲဌာန မှ
အသက် ၃၃ နှစ် အရွယ် ရဲအရာရှိ ဟောင်းဖြစ်သူ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ
ကို ရဲကွန်မန်ဒို နှင့် ဒေသခံ ရဲများ က သူ ခိုအောင်းရာ နေရာ ဟု ယူဆသည့်
Big Bear lake တွင် ရှာဖွေ နေကြပြီး ဖြစ်သည်။
LA အာဏာပိုင်များ က ဒေါ်နာ ကို ဖမ်းဆီး ရမိရေး အတွက် ဆုငွေ ဒေါ်လာ တစ်
သန်း ထုတ်ပြန်ထား သည်။ ဒေါ်နာ ရှိသည့် နေရာ ကို တိတိကျကျ သတင်း ပေး
နိုင် လျှင် လောဇ်ဇင်းဂျလိစ် အာဏာ ပိုင်များ သာမက ၊ LA ရဲ တပ်ဖွဲ့  နှင့်
ဆန်ဒီယေဂိုး အာဏာ ပိုင်၊ အလှုရှင် များ က ပါ ဆုငွေ ပေး မည် ဟု ကြေငြာထား
သည်။
ဖေဖော်ဝါရီလ ၃ ရက် နေ့  က ထွက်ပြေး နေသော ရဲအရာရှိ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ
သည် ဖူလ်တန် ရှိ တောင်ပိုင်း ကာလီဖိုးနီးယား ပြည်နယ် တက္ကသိုလ် တွင် ဘတ်(စ)ကတ်
ကတ်ဘောနည်း ပြMonica Quan အသက် ၂၈ နှစ် နှင့် ၎င်း ၏ ချစ်သူ Keith Lawrence
ကို ၎င်း တို့  နေ ထိုင်ရာ အာဗင်း ရှိ ကွန်ဒိုမီနီယံ တွင် သေနတ် ဖြင့် ပစ်သတ် ခဲ့ သည် ဟု သံသယ
ရှိထားခြင်း ခံရသူ ဖြစ်သည်။
မော်နီကာ ကွမ်သည် သည် LA ရဲအရာ ရှိ တစ်ဦး ၏ သမီး ဖြစ် ပြီး ၂၀၀၈ ခုနှစ် က ထိုရဲအရာ ရှိ
မှာ ခရစ်တိုဖာ ဂျော်ဒန် ဒေါ်နာ ကို စည်းကမ်း ဖောက်ဖျက် မှု ဖြင့် အပြစ်ပေး အရေးယူ ခဲ့ ရာ
ရန် သူ က ရန်ညှိုးထားသည် ဟု ဆိုသည်။
ဒေါ်နာ နှင့် ရင်းနှီးသူ များ က ထိုရဲ အရာ ရှိ သည် အာဖရိကန် – အမေရိကန် ဖြစ်သည့် ဒေါ်နာ ကို
တာဝန်ထမ်းဆောင် နေစဉ် အတွင်း လူမျိုးရေး ခွဲခြား ဆက်ဆံ မှု ပြု လုပ် ခဲ့သည် ဟု ဆိုသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့  တွင် ဒေါ်နာ သည် ဆန်ဒီယေဂိုး မြို့  သို့  ရောက်ရှိ သွား ပြီး မော်တော်ဘုတ်
ငယ် တစ်စီး အား ခိုးယူထွက် ပြေး ရန် ကြိုးစား ရန် မအောင်မြင် ခဲ့ ကြောင်း ဆန်ဒီယေဂို ရဲ တပ်ဖွဲ့ 
က သတင်း ထုတ် ပြန်သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့  တွင် Corona နှင့် Riverside တွင် ပြစ်ခတ် မှု များ ထပ်မံ လုပ် ခဲ့ ပြီး
၎င်း နောက်ကို ခြေရာ ခံ လိုက်သည့် ရဲကား တစ်စီး ကို မီးပွိုင် တွင့် ပစ်ခတ်ခဲ့ ရာ ရဲ အရာ ရှိ တစ်
ဦး သေဆုံး ပြီး အခြား တစ်ဦး ဒဏ်ရာ ရရှိသည်။
ဖေဖော်ဝါရီ လ ရ ရက် နေ့ တွင် တော်ရန်စ် ရှိ သတင်းစာ ပို့  သည့် အမျိုးသမီး နှစ်ဦး ထံမှ ထရပ်
ကား တစ်စီး ကို တိုက်ခိုက် လုယက် သွား ပြီး ထိုကား ကို ၎င်း နေ့  ညနေ တွင် ပင် Big Bear ကန်
အနီး တွင် မီးလောင်ကျွမ်းလျှက် သား ရှာ ဖွေ တွေ့ ရှိရသည်။
INTERACTIVE MAP: Searching for suspected shooter
ဒေါ်နာ ကို နယူးမက္ကဆီ ကို ၊ နီဗားဒါး နှင့် ကာလီးဖိုး နီး ယား ပြည်နယ် များ တွင် ရဲတပ်ဖွဲ့  အင်အား
များ စွာ အသုံး ပြု ကာ ရှာဖွေ လျှက် ရှိသည်။
ရေတပ် အရံတပ်ဖွဲ့  ၀င် ဟောင်း တစ်ဦး ဖြစ်သည့် ဒေါ်နာ သည် ၂၀၀၈ ခုနှစ် တွင် စည်းကမ်းပိုင်း
ဆိုင်ရာ ကြောင့် LA ရဲတပ်ဖွဲ့  မှာ တာဝန်ပေးခြင်း ရပ်နားခံရ သည်။ သူ က အင်တာ နက် တွင်
ဖော်ပြထားသည့် သူ ၏ ဆန္ဒ သဘောထား ကြေငြာချက် တွင် ခွဲခြား ဆက်ဆံ သည့် LA ရဲတပ်
ဖွဲ့  ကို တစ်ကိုယ်တော် ကလဲ့ စားချေ မည် ဟု ဆိုသည်။
ဒေါ်နာ နှင့် ဆက်ဆံ ရေး အဆင် မပြေ ခဲ့ သူများ သည့် LAPD မှ ရဲတပ် ဖွဲ့  ၀င် မိသားစု ကို
ဘေးကင်း လုံ ခြုံရာ တွင် စောင့်ရှောက်ထား သည် ဟု ရဲတပ် ဖွဲ့  တာဝန်ရှိသူ များ က ပြော
သည်။
ဖမ်းဆီးရမိရေး တွင် အခက်အခဲ ရှိ နေ ပြီး အချို့  က အကူ အညီမပေး ကြ ဘဲ ၊ အချို့  က လည်း
သတင်းမှား များ ပေး ကာ ” ဟို နား မှာ ဒေါ်နာ တွေ့  ပြီ ၊ ဒီနားမှာ ဒေါ်နာ တွေ့  ပြီ စသည် ဖြင့်
အခက်အခဲ များ ဖြစ်အောင် လုပ်ဆောင်နေကြသည် ဟု LAPD ရဲတပ် ဖွဲ့  ၏ သတင်းစာ ရှင်း
လင်း ပွဲ တွင် ဒေါ်နာ ဖမ်းဆီးရေး ကော်မရှင် ဥက္ကဌ ဖြစ်သူ ရဲအရာ ရှိ ဂျိမ်းဟေးဝတ် က ပြော
ကြား သွားသည်။
သံသယရှိသူ ဒေါ်နာ နောက်ဆုံး ပုန်းခိုနေသည့် နေရာ မှာ LA မြို့  အရှေ့ ဘက် မိုင် ၈၀ ကျော်
ဝေးသည့် နေရာ မှာ ပေ ၆၀၀၀ ကျော် မြင့် သည့် Big Bear Lake တောင်ပေါ် အပန်း ဖြေစခန်း
ဖြစ်သည်။
Related articles
- Dorner manhunt: LAPD, Grammys tight-lipped on effect on security (latimesblogs.latimes.com)
- Fugitive Former LAPD Officer Pinned Down Near Big Bear (kron4.com)

