အမေရိကန် အရှေ့  မြောက်ဘက်ခြမ်း နှင်းမုန်တိုင်းကြောင့် ၅ ဦးသေ

အမေရိကန် အရှေ့ မြောက်ဘက် ခြမ်း တွင် နှင်းမုန်တိုင်း ကြောင့် ၅ ဦးသေ
ဆုံးသည်။ အိမ် ခြောက်သိန်း ကျော်မှ လျှပ် စစ်မီး များ ပြတ်တောက်လျှက် ရှိသည်။
ကွန်နက် တီကတ် ပြည်နယ် တွင် နှင်းထု က ၃ ပေ အထိ သည်းထန် စွာ ကျဆင်းသည်။

ဆိုးဆိုးရွားရွား နှင်းကျ ဆင်းခဲ့ သည့် နေရာ များ ကို အကူအညီ ပေး ရေး
အဖွဲ့  များ စေလွှတ် ထား ပြီး ၊ သမ္မတ အိုဘားမား က လည်း ဗဟိုအစိုးရ ၏အရေး
ပေါ် အကူညီ များ အမြန် ဆုံး ပေး ရန် စေလွှတ်ထားသည်။

နယူးဟမ်ရှိုင်းယား နှင့် နယူးဂျာစီ ပြည်နယ်များ တွင် နှင်းများ ဆက်လက်
ကျဆင်း နေ ပြီး အစိုးရ ရုံး ၊ ကျောင်း နှင့် စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း
ထား သည်။

မစ္စစ္စပီ ပြည်နယ် ရှိ ဟက်တီစဘဂ် မြို့  ကို တနင်္ဂနွေ့ နေ့ ညနေကေ လေဆင်နှာ
မောင်း ၀င်ရောက် တိုက် ခိုက်ရာအိမ်ခြေ အဆောက်အဦ ရာပေါင်းများ ပျက်စီးပြီး
University of Southern Mississippi အပါအ၀င် စီးပွားရေး လုပ်ငန်း အဆောက်
အဦး များ လည်းပျက်စီးခဲ့ သည်။

နှင်းသည်းထန်စွာ ကျဆင်းသည့် မက်ဆာချုးဆက် ပြည်နယ် တွင် မော်တော်ကားလမ်း
များ ပိတ်ထား ပြီး နှင်းကြောင့် မော်တော် ကားများ မှာ လမ်းချော် ပြီး တိုက် ခိုက်မှု
များ ဖြစ်ပွားသည်။

Tornado, Snow Storm

IMG_7519