အရက်ဖိုးထပ်မရ လို့  နေအိမ်မီးရှို့  သည့် ဖခင်ကြောင့် ရင်သွေး နှစ်ဦး သေဆုံး
ကလေး ငယ် နှစ်ဦး မှာ မီးလောင်ဒဏ်ရာ သင့် ပြီး သေဆုံး သွား ခဲ့ သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ညက မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်း ရွာသစ်
နေ အသက် ၄၂ နှစ် အရွယ် ရှိ ကိုမြင့်မောင်သည် အရက် အမူး လွန် ၍ အိမ်သို့  ပြန်ရောက်
လာပြီး နောက် ဇနီးဖြစ်သူ ထံ တွင် အရက် ဖိုးတောင်း ရာ မှ လင်မယား စကားများ ရန်
ဖြစ် ကာ အိမ်ကို မီတင် ရှို့ ခဲ့ သည်။
အရက်အမူး လွန်နေသည့် ကိုမြင့်မောင်က ဇနီးသည် ကို အရက်ဖိုး ထပ်မံ တောင်းရာ
မပေးသဖြင့် ဇနီး ဖြစ်သူ မတင်မာ လွင် ကို ရိုက် နှက် ရာ ဇနီး က အိမ်မှ ဆင်း ပြေးခဲ့
ရသည်။
မတင်မာ လွင် ထွက် ပြေး သွား ချိန် ဉ် နေအိမ် တဲငယ် လေး ကို မီးရှို့ ရာ မီးလောင်ကျွမ်း
နေစဉ် အတွင်း ကိုမြင့်မောင်က သူ ၏ သမီး ဖြစ်သူ အသက် ၆ နှစ် အရွယ် သမီး  နှင့်သား
၃ နှစ် အရွယ် သား ကို မီးလောင် နေသည့် အိမ်တွင်း ၀င်ရောက် ကယ် ဆယ် သော်လည်း
ကလေး ငယ်များ အသက် ဆုံး ရှုံး ခဲ့ သည်။
ကိုမြင့်မောင် ၊ မတင်မာ လွင် တို့  နဲ့  ရင်းနှီးသူ များ က ကိုမြင့်မောင် ကို ၀ဲလောင် ဂတ်မှာ
ဖမ်းပြီး အမှု ဖွင့်ထား တယ်။ မတင်မာ လွင် ကတော့ ရူးမတတ် ပဲ ၊ကလေး တွေ အလောင်း
ကို တော့ အရပ် က ပဲ သဂြိုလ် လိုက်ရတယ် ဟု FNG ကို ပြောသည်။
မူလတန်းကျောင်း တက် နေသည့် ကိုမြင့်မောင် ၏ သမီး ဖြစ်သူ သည် အတန်းတင်
စာမေးပွဲ ဖြေဆို ရန် အတွက် ရက် အနည်း ငယ် အလို တွင်မီးလောင်မှုကြောင့်
နေရာ တွင် ပင် သေဆုံးခြင်း ဖြစ်သည်။
2 thoughts on “အရက်ဖိုးထပ်မရ လို့  နေအိမ်မီးရှို့  သည့် ဖခင်ကြောင့် ရင်သွေး နှစ်ဦး သေဆုံး
  1. အရက်သ္မားလင်ယူ အမြည်းလေး ကူလုပ်ပေးနေတဲ့ မမတွေ သတိသာ ထားကြပေတော့။
Comments are closed.