အိုလံပစ် အကျော်အမော် ချစ်သူများ နေ့ မှာ ချစ်သူ ကို ပစ်သတ်
အပေါ်ရုံ ကုတ် အကျီ်ကို ဦးခေါင်းမှာ ခြုံ ပြီး ပရီးတိုးရီးယား တရား ရုံး ကို ရောက်ရှိ
လာတဲ့ မသန်မစွမ်း အိုလံ ပစ် အကျာ်အမော် အော်စကာ ပစ်တိုးရီးယပ်(စ) အနားမှာ
ဓာတ်ပုံဆရာ တွေ ၊ သတင်း ထောက် တွေ ၀ိုင်းအုံ လျှက် ရှိ ပါတယ်။
တစ်ဖက် ရှေ့ နေ တွေ က တော့ ပစ်တိုးရီးယပ်(စ) ဟာ သူ့ ရည်းစား မော်ဒယ်(လ) ကို
သတ်ဖို့ ကြိုတင် စီစဉ် ထားတယ် လို့  စွပ်ဆွဲ ပါတယ်။
ပစ်တိုးရီးယပ်(စ) ကတော့ သူ့ ချစ်သူ ကို သတ် မဟုတ်ကြောင်း သူ့ မှာ သတ်ဖို့  အစီအစဉ်
မရှိကြောင်း ပြင်းပြင်းထန်ထန် ခုခံ ချေပ ခဲ့ ပါတယ်။
နောက်တော့ တရားရုံးထဲ မှာ ပဲ သူ ဟာ ချုံး ပွဲ ချ ငို ခဲ့ ပါတယ်။
_____________________ ______________________  _________________
မသန်မစွမ်း သူများ ရဲ့  အိုလံ ပစ် ပွဲ တော်မှာ အပြေးသမား အနေ နဲ့  ရွှေတံ
ဆိပ် ဆုတွေ ရရှိခဲ့တဲ့ အိုလံပစ် ချံပီယံ အော်စကာ ပစ်စတိုရီးယာစ် ဟာ ဖေဖော်ဝါရီ
လ ၁၄ ရက်နေ့  မနက် အစော ပိုင်း မှာ သူ့ ရဲ့ ချစ် သူနာမည်
ကျော် မော်ဒယ်(လ) တစ်ဦး ဖြစ်တဲ့ ရီဗာ စတင်း ကမ့် ကို သေနတ် နဲ့  ပစ်
သတ် ခဲ့ပါတယ်။
ချစ်သူများနေ့ နံနက် အစောပိုင်း မနက် လေးနာရီမှာ ပရီတိုးရီးယား က
အော်စကာ ရဲ့  တန်ဖိုးကြီးလှ တဲ့ အိမ်ကြီး မှာ သေနတ် ပစ်မှု ဖြစ်ပွား ခဲ့ တာ
ဖြစ်ပါတယ်။
ရီဗာ စတင်း ကမ့် က အသက် ၃၀ အရွယ် ရှိ နေ ပြီ ဖြစ် ပြီး အော်စကာ ပရီတိုးရီယာစ်
ကတော့ အသက် ၂၆ နှစ် ပဲ ရှိပါသေးတယ်။
သူတို့  နှစ်ဦး ချစ်ကြိုက် ကြတာ နှစ် လ သက်တမ်းလောက် ပဲ ရှိ သေး ပြီး စတင်း ကမ့်
က မနေ့  က တော့ သူ့  ရဲ့  တွစ်တာ မှာ ချစ်သူများ နေ့ မှာ သူ ပြု လုပ် မယ့် အစီအစဉ်
တွေ အတွက် သူ့  ပရိသတ် တွေ ကို ဆု တောင်းမှု ပြု လုပ် ထား ပါတယ်။
အော်စကာ ပရီတိုးရီးယာစ် ကို ရဲ က လူသတ်မှု နဲ့  ဖမ်းဆီး ပြီး နောက် အာမခံနဲ့  ပြန်
လည် လွှတ်ပေး ခဲ့ ပါတယ်။
အော်စကာ က သူ့  အိမ် ထဲ ကို ဖောက်ထွင်း ၀င်ရောက် သူ တစ်ဦး လို့  ထင်တာ ကြောင့်
စတင်း ကမ့် ကို မှား ယွင်း ပြစ် သတ် မိတာ ပါ လို့  ပြောပါတယ်။
မော်ဒယ်(လ) ရီဗာ စတင်း ကမ့် ဟာ ဟာ အမျိုး သမီး အခွင့် အရေး ဆော်သြ လှုံဆော်သူ
တက်ကြွ သူ တစ်ဦး ဖြစ်ပြီး ပြီးခဲ့ တဲ့ သီတင်း ပတ်က ကပဲ အုပ်စု လိုက် မုဒိမ်းကျင့် ပြီး
သတ်ဖြတ် ခံ ခဲ့ ရတဲ့ Anene Booysen အတွက် ပြည်သူ လူထု နိုးကြား မှု ဖြစ်အောင်
လှုံဆော် မှု ပြု ခဲ့ ပါသေးတယ်။
၁၁ နှစ် အရွယ် မှာ ပဲ ခြေထာာက် ရိုးက ကောင်းမွန်စွာ မထောက် နိုင်တာ ကြောင့်
ခြေထောက် နှစ်ဖက် ကို ဖြတ် လိုက်ရတယ်။
သူက မသန် ပေမယ့် စွမ်းသူ တစ်ယောက် ဖြစ် ပြီး ပညာရေး မှာ လည်း တက္ကသိုလ် ဘွဲ့  ကို
ထူးချွန်စွာ ရရှိခဲ့ သူ တစ်ဦး ပါ။
Photo Credit : http://www.dailymail.co.uk
article-2278492-1791ECAB000005DC-490_634x445 article-2278492-1791F2E2000005DC-244_634x505 article-2278492-1791F52C000005DC-835_634x744 article-2278492-1791F322000005DC-375_634x422 article-2278492-1792C8B8000005DC-218_619x626 article-2278492-1792C628000005DC-879_634x422 article-2278492-1792EC97000005DC-945_634x553 article-2278492-1792F138000005DC-727_634x482 article-2278492-17923A10000005DC-70_306x679 South Africa's Olympic sprinter Oscar Pi article-2278492-179420EA000005DC-752_306x423 article-2278492-179495C4000005DC-157_634x906 article-2278492-1792056B000005DC-424_306x423 article-2278492-1792395B000005DC-725_306x423 article-2278492-1792396B000005DC-222_306x423 article-2278492-1793282E000005DC-850_634x356 article-2278492-1794985D000005DC-305_634x327 article-2278492-17920574000005DC-84_634x606 article-2278492-17932845000005DC-654_634x356 Reeva Steenkamp Twitter Pics
Oscar Pistorious