အမျိုးသမီးများ အား အနိုင်အထက် ပြု မှု ၊ အကြမ်းဖက်မှု ၊ခွဲခြား ဆက်ဆံ မှု၊
တို့  ကို ဆန့် ကျင်သည့် One Billion Rising လှုပ်ရှား မှု ကို ကမ္ဘာ့  နိုင်ငံ များ
နည်း တူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့  က မြန်မာ နိုင်ငံ ရန်ကုန် မြို့  တွင် ကျင်း ပခဲ့ သည်။
အမေရိကန် ၊ ဥရော ပ နှင့် အာရှ နိုင်ငံ များ တွင် ရုပ်ရှင် သရုပ်ဆောင် ၊ အဆို
တော် စသည့် အကျော် အမော် များ က ဦးဆောင် ပါဝင်ခဲ့ ကြသည်။ Les Misrables
ဇာတ်ကား တွင် ဖန်တင်း အဖြစ် သရုပ်ဆောင် ပြီး အော်စကာဆု ရရှိခဲ့ သည့်
အန်းဟာသာ ဝေသည် One Billion Rising လှုပ်ရှား မှု ကိုထောက်ခံ သူ ဖြစ်သည်။
ဓာတ်ပုံများ ကို onebillionrisingin myanmar ၏ Facebook စာမျက် နှာ မှ ရယူပါသည်။
ရန်ကုန် တွင် ကျင်းပသည့် One Billion Rising တွင် လူငယ်များ အများ
စု ပါဝင်ကာ ပြည်သူ့ ရင်ပြင် ၊ ဗိုလ်ချုပ်ဈေး ၊ ကန်တော်ကြီး ၊ တော်ဝင် စင်တာ
စသည့် နေရာ များ တွင် ကျင်း ပခဲ့ သည်။
အမေရိကန် ပြဇာတ်ရေး ဆရာမ နှင့် တက်ကြွလှုပ်ရှားသူ Eve Ensler က
အမျိုးသမီး များ အကြမ်းဖက်မှု ဆန့် ကျင် ရေး အတွက် V Day Movement အနေဖြင့်
၁၉၉၈ ခုနှစ် ကတည်း က စတင် ခဲ့ ခြင်း ဖြစ်ပြီး ၂၀၁၂ ခု နှစ် တွင် One Billion Rising
အမည်ဖြင့် ကမ္ဘာ လုံး ဆိုင်ရာ လှုပ်ရှား မှု ကို ဆော်သြခဲ့ သည်။
အမေရိကန် တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့  One Billion Rising ကို မြို့  ပေါင်း
၂၀၀ ကျော် ဉ် ကျင်းပခဲ့ သည်။
One Billion Rising လှုပ်ရှား မှုသည် အမျိုးသမီးများ အား ခွဲခြား ဆက်ဆံ မှု နှင့်
အကြမ်းဖက် မှု များ ကို အဆုံးသတ်စေရန် နှင့် အမျိုးသမီး များ နိုး ကြားလာစေရန်
သီချင်း ၊ အက များ ဖြင့် ဆော်သြခြင်း ဖြစ်သည်။
ကုလ သမဂ္ဂ၏ ခန့် မှန်း ချက် အရ အမျိုးသမီး သန်းတစ်ထောင် မှာ အကြမ်းဖက်မ
ခံနေရ ပြီး ထိုနှုန်း ထား မှာ အမျိုး သမီး ၃ ယောက် လျှင် ၁ ယောက် ဖြစ်သည်။
One Billion Rising Myanmar

ဆော်သြလှုံဆော်သူ Evan Ensler

သည်။
Related articles
- What is One Billion Rising? Founder Eve Ensler explains (guardian.co.uk)
- #V-DAY! One Billion Rising (Short Film) (larahentz.wordpress.com)

စိတ်ဝင်စားလို့