၂ရ ကြိမ်မြောက် အရှေ့ တောင် အာရှ အားကစား ပွဲ တော် ရဲ့  ဖွင့်ပွဲ ၊ ပိတ်ပွဲ
တွေ မှာ ခမ်းနားထည်ဝါ ပြီး ကြည့် ချင် စရာ ပသာဒ ဖြစ် အောင် ဘယ်
လို မျိုး လုပ်ရမလဲ ဆို တာ မသိတဲ့ အတွက် တရုတ် က ထဲထဲ ၀င်ဝင် အကူအညီ
ပေး နေတယ်လို့  မျက်စေ့ ကြီး နားကြီး မြန်မာ သတင်းသမား
ရပ် ကွက် အတွင်း မှာ ပြောကြပါတယ်။
တရုတ် က ပွဲတော် စီစဉ် ရေး ကျွမ်းကျင်သူ တွေ ဟာ မြန်မာ နိုင်ငံ ကို လာရောက်
ကြသလို ၊ ပွဲစီစဉ် ကျင်းပ ဖို့  တာဝန် ရှိတဲ့ အကယ်ဒမီ စင်ရော်
မောင်မောင် နဲ့  တခြား အဖွဲ့  တွေ ဟာ လည်း တရုတ် ပြည် မှာ သွားရောက်
လေ့လာ နေကြ ပါတယ်။
ဆီးဂိမ်း ပွဲတော် ဖွင့် ပွဲ ပိတ်ပွဲ တွေ နဲ့  ပတ်သက် ပြီး တရုတ် ကျွမ်းကျင်သူ တွေ
လာမယ် တရုတ် က ပဲ အစစ အရာရာ စီစဉ် မှာ သူတို့  ကမြန်မာ တွေ ကို သင်ပေး
တာ လို မျိုး မဟုတ် ဘူး ၊ မင်းတို့  မတတ်ဘူး ဘေးဖယ်နေ ငါတို့  လုပ်တာ ကြည့် ထား
ဆို တဲ့ ပုံစံ မျိုး ဖြစ်မှာ လို့  အမည် မဖော် လို့  တဲ့ ယဉ်ကျေးမှု ၀န်ကြီး ဌာန က သဘင်
ဘက်ဆိုင်ရာ အရာ ရှိ တစ်ဦး က FNG ကို ပြောပါတယ်။
အရှေ့ တောင် အာရှ အားကစား ပွဲ တော် ကို ဒီနှစ် ဒီဇင်ဘာ လ ၁၁ ရက်နေ့ မှာ စတင်ကျင်း
ပမှာ ဖြစ်ပါတယ်။
