အသက် ၄၅ နှစ် အရွယ် ရှိ စင်သီယာ ၀ါချင်ဟိမ်း ဆိုသည့် ရှေ့  နေ အမျိုးသမီးသည်
ကလေး နှစ် ကို ချီပြီး ရှစ်ထပ် တိုက် ပေါ် မှ ခုန် ချရာ အမျိုးသမီး သေဆုံး သွား
သော်လည်း ကလေး က ကံကောင်းထောက် မ စွာ ဖြင့်သေဆုံး မှု မရှိ သောကြောင့်
ဆေးရုံ သို့  အလျှင် အမြန် ပို့ ဆောင်ခဲ့ရသည်။
အသက် ၁၀ နှစ် အရွယ် သူ ၏ သားငယ် ကတ်(စ)တန် ကို ချီပွေ့ ပြီး ရှစ်ထပ် တိုက် ပေါ်
မှ ဗုဒ္ဓဟူးနေ့  ညနေ ၃ နာရီ ခွဲ ခန့်  က ခုန် ချခြင်း ဖြစ်သည်။
နယူးယောက် ဟာလမ်ရပ် ရှိ ဘရက်ဒ်ဟတ်(စ) ရိပ်သာ လမ်းတွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်
သည်။
ကလေး ငိုသံ ကြားရတယ်။ အမျိုးသမီး ကလေ ထဲ မှာ နောက်တော့ ၀ုန်းခနဲ ပြုကျသံ
ကြားပါ လေရော ဟု မျက်မြင် တွေ့ ရှိသူ အသက် ၁၈ နှစ် အရွယ် စတီဗင် ဒိုမင်ဂွေဇ်
က FDNA သို့  ပြောသည်။
မိခင် နှင့် ကလေး ပြုတ်ကျ ပြီးနောက် ဒိုမင်ဂွေဇ် နှင့် သူ ၏ အမေသည် ပြုတ်ကျရာ
သို့  သွား ပြီး ကလေး ကို အလျှင် အမြန် စောင့် ရှောက် ပေး ခဲ့သည်။
စင်သီယာ ၀ါချင်ဟိမ်း သည် ကိုလံဘီယာ ဥပေဒ ကျောင်း မှ ဘွဲ့ ရရှိခဲ့ ပြီး နယူးယောက်
တရားရုံးချုပ် တွင် တာဝန်ထမ်းဆောင် နေသူ ဖြစ်ပြီး ခင်ပွန်း ဖြစ်သူ နှင့် အတူနေထိုင်
သည်။
သူမ ၏ ခင်ပွန်း သည် အရောင်း ကိုယ်စားလှယ် ဖြစ်ပြီး ပျော်ရွှင်သည့် အိမ်ထောင်ရေး
ကို လည်း ပိုင်ဆိုင်ထားသည် ဟု အိမ်နီးချင်းများ က ပြောသည်။
သူမ သည် မိမိ ကိုယ်ကို သတ်သေခြင်း ဖြစ်သည် ဟု သူမ၏ သေတမ်းစာ ကို ရဲက
နောက်ပိုင်း တွင် ရှာ ဖွေ တွေ့ ရှိခဲ့သည်။

Baby Survive, Manhattan
Related articles
- Baby survives apartment plunge (independent.ie)
- Manhattan mom straps 10-month-old to chest, leaps from 8th story window… (nydailynews.com)
