ပိုမို ပါးလွှာ ပြီး ၊ ပိုမို ပေါ့ပါးသည့် ဆမ်ဆောင်း ဂလက်စီ S4 ကို ယနေ့ နယူးယောက်တွင်
မိတ်ဆက် ပြသခဲ့ ပြီး အင်တာနက် မှ လည်း တိုက် ရိုက် ထုတ် လွှင့် ပြသခဲ့ သည်။
ဂလက်စီ S4 သည် ၁၃၀ ဂရမ် သာ အလေးချိန် ရှိ ပြီး ၇.၉ မီလီမီတာ သာ ထူသည်။
မျက် နှာ ပြင် မှာ ယခင် ထွက် ရှိ ပြီး မျိုးဆက် များ ထက် ပို ကြီးမားသည်။ စတ္ထု
ထ မျိုးဆက် ဆမ်ဆောင်း ဖုန်းသည် အမေရိကန် ဈေးကွက် တွင် အိုင်ဖုန်းနှင့် ပြိုင်ဖက် ဖြစ်
လာမည် ဟု CNET နည်းပညာ သုံးသပ် မှု တွင် ဖော်ပြထားသည်။
ဖုန်း ၏ စီမံ ခန့် ခွဲ မှု စနစ်မှာ Android 4.2.2 Jelly Bean ကို အသုံးပြုထားသည်။
ဖုန်းနောက်ဖက် မှာ ကင်မရာ မှာ ၁၃ မီဂါ ပီဇယ် ရှိ ပြီး ဖုန်း ရှေ့  ဘက်မှာ၂ မီဂါပီဇယ် ရှိသည်။
ဆမ်ဆောင်း S4 ကို အမေရိကန် နိုင်ငံတွင် AT&T, T-Mobile, Sprint, Cricket,
U.S. Cellular နှင့် Verizon စသည့် လိုင်းများ ဖြင့် အသက် ပြု နိုင်သည်။
အသစ်ထွက်ရှိ လာသည့် Samsung Galaxy S IV သည် မျက်စေ့ သူငယ် အိမ် က
ကြည့်သည့် နေ ရာ ကို မျက်နှာ ပြင် က အလိုအလျှောက် လှုပ်ရှား နိုင် သည့် စနစ် ကို
ထည့် သွင်းထား ကာ စာဖတ်ခြင်းစသည့် စာမျက် နှာ ဆွဲချ မှု Scroll Down
လုပ်သည့် စနစ်ကို သင်၏ မျက်စေ့ ဖြင့် ထိန်း ချုပ် ပြု လုပ် နိုင်ကြောင်း လည်း
ဆမ်ဆောင်း ဥက္ကဌ က ပြသခဲ့သည်။
S4 ကို ဧပြီ လ တွင် စတင် ရောင်းချ မည် ဖြစ်သည်။ S4 သည် ကမ္ဘာ့  ပထမ ဦးဆုံး
မျက်စေ့ ဖြင့် အမိန့် ပေး နိုင်သည့် Smart Phone ဖြစ်လာမည်။
Samsung S ကို ၂၀၁၀ ခုနှစ် တွင် စတင် ထုတ် လုပ်သည်။ S4 ကို လူ သန်း
၄၀ ခန့်  က အသုံး ပြုသည်။
Related articles
- Samsung Galaxy S IV Hands On: Everything New Is Old Again (gizmodo.com.au)
- The clearest Samsung Galaxy S IV teaser till now (thedroidguy.com)


