အကျဉ်းထောင် အခန်းငယ် ထဲ တွင် ၂၃ နှစ် နီးပါး နေ ခဲ့ ရ ပြီး နေ ခဲ့ ရသည့် ဒေးဗစ် ရန်တာ
သည် ယနေ့  လူသတ်မှု ဖြင့် အပြစ် မရှိ ဟု ဆို ကာ အကျဉ်းထောင် မှ လွတ် မြောက် လာ သည်။
ဘရွတ်ကလင်း တရား ရုံး မှ တရား သူကြီး က ယနေ့  အမှု ကို ပြန်လည် သုံးသပ် ရာ တွင်
ရန်တာ မှ အပြစ်မရှိ ဆိုကာ လွှတ်လိုက်သည်။ ” ရန်တာ မင်းကို မှား ယွင်း ထောင်ချမှု အတွက်
ဝမ်းနည်း ပါတယ်။ အခု အချိန် က စပြီး မင်းလွတ် သွား ပြီ ” ဟု တရားသူ ကြီး Miriam Cyrulnik
က အမှု ပြင်ဆင်ချက် ထုတ်ခဲ့သည်။
ဒေးဗစ် ရန်တာသည် ၁၉၉၀ ခုနှစ် က ဂျုးဘာသာရေး တရားဟော ဆရာ Chaskel Werzberger
ကို သေနတ် ဖြစ် ပြစ်သတ် သည် ဆိုသည့် စွပ် ဆွဲ ချက် ဖြင့် ထောင်ဒဏ် ၃၇ နှစ် ချမှတ် ခံရခြင်း
ဖြစ်သည်။
ရာဘီ ဆရာ သေနတ် ဖြင့် ပစ်သတ် ခံရ ချိန် ဉ် အနီးတွင် ရှိ နေ ခဲ့သည့် ရန်တာ ကို နယူးယောက်
ရဲတပ် ဖွဲ့  က တရား ခံ အဖြစ် အမှု တည် ဆောက် ခဲ့ ခြင်း ဖြစ် ပြီး နောက် ပိုင်း တွင် နယူးယောက်
တိုင်း သတင်းစာ မှ ဒေးဗစ် ရန်တာ ကို မတရား ထောင် ချ ခဲ့ မှု အကြောင်း ဆော်သြခဲ့သည်။
ဂျုးဘာသာရေး ဆရာ အသတ်ခံရ ချိန် ဉ် အလုပ် လက်မဲ့ ဖြစ်ကာ အရက် နှင့် မူးယစ်ဆေးဝါး
စွဲ နေသည့် ရန်တာ သည် သူ့  ဘ၀ ၏ ဆယ်စု နှစ် နှစ်စု နီးပါး ကို အကျဉ်းထောင် တွင်း ဉ် ကုန်
ဆုံး စေခဲ့ ရသည်။
တာဝန် ကျ ရဲ က လက်ထိပ် ဖြုတ် ပေး ပြီး နောက် တရား ရုံး မှ ထွက် လာ သည့် ဒေးဗစ် ရန်တာ က
” ညဘက်တွေ အကျဉ်းခန်း ထဲ မှာ လဲလျှောင်း နေတဲ့ အချိန် မှာ ဆိုရင် ကျွန်တော် အပြစ်မဲ့တာ
ကမ္ဘာ မှ သိသူ ဆို လို့  ကျွန်တော် တစ်ယောက် ပဲ ရှိတယ် လို့  တွေးမိတယ် ဟု သတင်း ထောက်
များ ကို ပြောသည်။
၁၉၉၀ ဖေဖော်ဝါရီလ က ဘရွတ် ကလင်း တွင် ပစ် သတ် ခံရသည့် ရဘီ ဆရာ အမှု သည် ဟို
လေး တစ်ကျော် ဖြစ်ခဲ့သည်။
ပြန်လွတ် လာချိန် ဉ် ရန်တာ သည် အသက် ၅၈ နှစ် ရှိ ပြီ ဖြစ်သည်။

After more than two decades behind bars, David Ranta walked out of a Brooklyn courthouse Thursday afternoon with an apology from a judge and one immediate wish: “Get the hell out of here.”
Related articles
- Freedom near for man convicted of killing NY rabbi (cnsnews.com)
