နှစ် ၅၀ အတွင်း ပထမ ဆုံးအကြိမ် ပုဂ္ဂလိက သတင်းစာများ စတင်ဖြန့် ချိ

မတ်လ  အတွင်း က နေ့ စဉ် သတင်းစာ အဖြစ် ထုတ်ဝေ ခွင့် ပြု ခဲ့ တဲ့ ဂျာနယ် ၁၆ စောင်
အနက် ဂျာနယ် ၈ စောင် က နေ ဧပြီ လ ၁ ရက် တနင်္လာ နေ့ မှာ စတင် ထုတ်ဝေ ဖြန့် ချိ
ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ၏ ဒီလှိုင်း ဂျာနယ် နှင့် Yangon Times ဂျာနယ်
အပါအ၀င် ဂျာနယ် အချို့  မှာ အဆင်သင့် အနေ အထား မဖြစ် သေး ၍ ဇွန် နှင့် ဇူ
လိုင် လ များ တွင် မှ ဂျာနယ် အဖြစ် ထုတ်ဝေ နိုင်မည် ဖြစ်သည် ဟု သိရသည်။

သတင်း နှင့် ပတ်သက် ပြီး လူကြိုက်များ သည့် ဂျာနယ် တစ်စောင် ဖြစ်သည့် 7 Days
News ဂျာနယ် သည် လည်း သတင်းစာ အဖြစ်  မကြာခင် ခင် ပုံ မှန် ထွက် ရှိမည် ဖြစ်
သည်။

မြန်မာ နိုင်ငံ တွင် နေ့ စဉ် သတင်း စာများ စတင် ထုတ်ဝေ ခွင့် ရသည့် အချိန် ဉ် နိုင်ငံ
တကာ သတင်း စာ အချို့  မှာ ပုံ နှပ် လုပ် ငန်း ကို ကျောခိုင်း ပြီး Kindle, iPad နှင့်
ကွန်ပျူတာ တွင် ဖတ်ရှု ၍ ရ နိုင်သည့် ဒီဂျစ်တယ် စနစ် ကို စတင်  အကောင် အထည်
ဖော် နေ ချိန် ဖြစ်သည်။  နှစ် ၈၀ ကျော် သက်တမ်း ရှိ Newsweek မဂ္ဂဇင်းသည် ကမ္ဘာ
တစ်ဝှမ်း လူ ကြိုက်များ သော် လည်း ၎င်း တို့  ၏ ပုံနှပ်စာ စောင် လုပ် ငန်း ကို ၂၀၁၃ ခု
နှစ် ဇန်န၀ါရီ ၁ ရက် မှ စတင် ကာ ရပ် နား ခဲ့ သည်။

ရန်ကုန် မြို့  မှ ဂျာနယ် လက် ပွေ့ ရောင်းသူ တစ်ဦး က ဒီနေ့  စထွက် တဲ့ နေ့  မို့ လား မသိ
ဘူး ထင်သလောက် မရောင်း ရ သေးဘူး ဟု FNG ကို ပြောသည်။

မြန်မာ အစိုးရသည် စာပေ စီစစ်ရေး ခေါ် ဆင်ဆာ ဘုတ် အဖွဲ့  ကို ၂၀၁၂ ခုနှစ် အတွင်း
က ပယ်ဖျက်ခဲ့သည်။

Photo : AP

One thought on “နှစ် ၅၀ အတွင်း ပထမ ဆုံးအကြိမ် ပုဂ္ဂလိက သတင်းစာများ စတင်ဖြန့် ချိ

Comments are closed.