FNG ၊ ၊မြန်မာ အစိုးရ က မိုဘိုင်းဖုန်း အသုံးပြု တဲ့ ဆင်းကဒ်တွေ ကို ငွေကျပ် ၁၅၀၀ နဲ့  ဧပြီ ၂၄
ရက် မှာ စတင် ရောင်းချ တော့ မယ် လို့  ကြေငြာ ပြီး နောက် မှာ မြန်မာ့ အရေး ကို နှစ်
ရှည် လများ အကူအညီ ပေးခဲ့ ဖူး တဲ့ အမေရိကန် ဘီလျှံနာ သူဌေးကြီး ဂျော့ ဆိုးရောစ်
ရဲ့  Quantum Strategic နဲ့  အိုင်းရစ်ရှစ် စီးပွားရေး လုပ်ငန်း ရှင် တို့  Dennis O’ Brien
တို့  ပူးပေါင်း ထား တဲ့ Digicel တယ်လီ ကွန်မြူ နီ ကေးရှင်း အုပ်စု က နေ ရိုးမ ဘဏ်
ကို ပိုင် ဆိုင် တဲ့ စီးပွားရေး လုပ်ငန်း ရှင် Serge Pun ရဲ့  Yoma Strategic Holding
အုပ်စု နဲ့  ပူးပေါင်း လုပ် ဆောင် လိမ့်မယ် လို့  အိုင်းရစ် တိုင်း သတင်း စာ မှာ
ဖော် ပြထား ပါတယ်။
နာမည် ကျော် ဗြိတိသျှ တယ် လီဖုန်း ကုမ္ပဏီ ဖြစ်တဲ့ Voddafone က တရုတ် မိုဘိုင်း
ဖုန်း ကုမ္ပဏီ ဖြစ် တဲ့ China Mobile နဲ့  တွဲ ဖက် ပြီး မြန်မာ နိုင်ငံ ရဲ့  ဆက် သွယ် ရေး လုပ်ငန်း မှာ ၀င်
ရောက် ရင်း နှီး မြုပ် နှံ ဖို့  ရှိနေ ပါတယ်။
မြန်မာ နိုင်ငံ မှာ အများ ပြည် သူ တွေ ကြိုးမဲ့ ဆက်သွယ် ရေး အသုံး ပြု ခွင့် ကို ၁၉၉၂
ခုနှစ် မှာ စတင် ခဲ့ ပေမယ့် အမေရိကန် ဒေါ်လာ ၃၀၀၀ ကျော် လောက် ရှိ မှာ ဆယ်လူ
လာ ဖုန်း တစ်လုံး ကိုင် နိုင် မှာ ဖြစ် တဲ့ အတွက် ကြောင့် အကန့်  အသတ် နဲ့  သာ အသုံး
ပြု ခွင့် ရ ခဲ့ ပါတယ်။
ကမ္ဘာ အကြီး ဆုံး မိုဘိုင်း ဆက်သွယ်ရေး အုပ်စု ဖြစ်တဲ့ Vodafone ကို သုံး စွဲ သူ ၄၀၃ သန်း
ကျော် ရှိ ပြီး China Mobile ကတော့ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါ ရီ လ မှ သုံး စွဲ သူ သန်း ၇၂၀
ရှိပါတယ်။
China Mobile ကုမ္ပဏီ နဲ့  Vodafone တို့  ဟာ အာရှ နိုင်ငံ အချို့  ရဲ့  ဆက် သွယ်ရေး လုပ်
ငန်း တွေ မှာ ၀င် ရောက် လုပ် ကိုင် ကြ ပါတယ်။
ဆိုးရောစ် နဲ့  အိုဘရိုင် ယန် တို့  ရဲ့  Digicel ကုမ္ပဏီ ဟာ ဂျမေကာ ၊ ဂွာတီမာလာ စတဲ့ ကာရစ်
ဘီယံ နိုင်ငံ တွေ နဲ့  ပိစိဖိတ် ဒေသ နိုင်ငံ တွေ မှာ ဈေး ကွက် ရ ထား တဲ့ ကုမ္ပဏီ ဖြစ် ပါတယ်။
ထိုင်း ၀န်ကြီး ချုပ် ဟောင်း သက် ဆင် ရဲ့  AIS နဲ့  True တို့  က လည်း ၀င် ရောက် လုပ် ကိုင်
နိုင်ဖွယ် ရှိ ပါတယ်။
မိုဘိုင်း ဆက် သွယ်ရေး နည်း ပညာ နဲ့  အတူ အင်တာနက် ၀န်ဆောင် မှု ကို ပါ လုပ်တဲ့
Vodafone ကုမ္ပဏီ ဟာ ၂၀၁၀ ခုနှစ် China Mobile နဲ့  အကျိုး တူ လုပ်ဆောင်ခဲ့ ပါတယ်။





မြန်မာတစ်ပြည်လုံးမှာရှိတဲ့
ဖုန်းကိုင်တဲ့သူအားလုံးအတွက်
လိုင်းဆွဲအားကောင်းကောင်းနဲ့
အဆင်ပြေစေမဲ့
ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခု
ရွေးချယ်ခံရပါစေဗျာ ။
အောင်ကိုထွေး
Digicel Telecomunication
ရွေးချယ်မှုခံရပြီး
အောင်မြင်မှုများ ရရှိပါစေ ။
အောင်ကိုထွေး
များများလာတော့ရွေးလို့ရတာပေါ့
ဘာဘဲဖြစ်ဖြစ်ကောင်းတယ်