မတ်လ(၂၂)ရက်ဝန်းကျင်လောက်က မိတ္ထီလာကို သတင်းလာယူတဲ့ မီဒီယာ အုပ်စုတစ်စုကို
အဖျက်သမား အုပ်စုတစ်စုက မီးလောင်တိုက်သွင်းဖို့ ကြိုးစား ခဲ့တယ်။ အဲဒီထဲမှာ နိုင်ငံခြား
သတင်းထောက်တွေလည်းပါတယ်။ ဒါပေမဲ့ မဖြစ်မြောက်ခဲ့ဘူးဆိုတဲ့ သတင်းသဲ့သဲ့ကြား
လိုက် ရပါတယ်။
AP သတင်းထောက် ကိုခင်မောင်ဝင်း(ရွှေအင်းသား)ကို မေးကြည့်တဲ့အခါ “အဲဒီဖြစ်စဉ်
အမှန်ပါဘဲ” လို့ပြောပါတယ်။
ဖြစ်စဉ်ကဒီလိုပါတဲ့။ ” 7Day/Messenger/AFP/RFA သတင်းဌာနက ဓာတ်ပုံဆရာတွေ၊
သတင်းထောက်တွေ နဲ့အတူ အဝေးပြေး ကားဝင်းက တဆင့် မြို့ ထဲကို ကားနဲ့သွားခဲ့ပါတယ်။
မြို့ က (၂)ရက်လောက်နဲ့တင် အတော်လေးပျက်စီးနေပြီး မီးလောင်ပြင် ဖြစ်နေပါပြီ ။
ဈေးကုန်းကျောင်း ဆရာတော်ကို ၀င်ဖူးပြီး ဆရာတော်က ဒကာတစ်ယောက်ထည့်ပေးလိုက်
ပါတယ်။ မီးလောင်ပြင်တွေ ကို ဓါတ်ပုံရိုက်ကြတာပေါ့။ အဲဒီအချိန် ဗလီ တစ်ခုကို မီးရှို့နေတဲ့
အုပ်စုနဲ့ ဘွားကနဲ့ ပက်ပင်းသွားတိုးပါတယ်။ ပိာုမှာ မီဒီယာတွေ ငါတို့ကိုဓါတ်ပုံရိုက်နေတယ်…
ကားကို မီးရှို့လို့အော် ပြောပြီး တုတ်၊ ဓါး၊ ၀ါးချွန်တွေနဲ့ ရောက်လာကြတယ်။ ကားကို ၀ိုင်း
ထားပြီး ကားကို ၀ိုင်းထုကြ တယ်။
ကိုရင်တပါးက မင်းတို့ဘာလို့ဓါတ်ပုံရိုက်တာလဲ မေးတော့ မရိုက်ကြောင်းရှင်းပြလဲ မရပါဘူး။
ဘေးမှာ သတ်မယ်၊ ရှို့မယ် တကဲကဲ လုပ်နေကြပြီ။ ဒါဆိုကတ်ပြားထုတ်ဆိုလို့ ရိုက်လက်စ
memory card ထုတ်ပးလိုက်တော့ ရိုက်ချိုးပစ်တယ်။
အဲဒီ အချိန် ကားထဲမှာရှိတဲ့ ဓါတ်ပုံ ဂျေမောင်မောင်ကို ကားထဲကဆွဲချနေတာ မနည်း တောင်း
ပန်နေ ချိန်မှာ ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကို ဌက်ကြီးတောင်ဓါးနဲ့ ရင်ညွန့်ကိုထောက်ထားတာ
။ ဘေးမှာ သွေးကြွအောင် ညာသံပေးနေတဲ့ သူတွေက အများကြီးပါပဲ။
ကတ်ပေးလိုက်တဲ့ ဘုန်းကြီးကို အကူအညီလှမ်းတောင်းရတယ်။ကယ်ပါဦး ဘုန်းဘုန်း ရယ်ပေါ့။
အဲဒီမှာ ဘာကံကောင်းသွားလည်းဆိုတော့ ကျွန်တော်တို့ထဲမှာ ပါတဲ့လူက နာရေးကူညီမှုမှာ
လုပ်နေတဲ့ လူဆိုတာ ဦးဇင်းတချို့က သိကြတယ်။ အဲဒီမှာ ၀င်တောင်းပန်ပေးတော့
လက်ခံကြချိန်မှာ မရဘူး၊ သတ်မယ်ဆိုတဲ့ ၂ ပါး လောက်ရှိနေသေးတယ်။
ကားနောက်ဖုံးကို ဖွင့်ပြီး ကင်မရာတွေကို ရိုက်ချိုးဖို့ လုပ်နေကြပြီ။ ဒါနဲ့ ခုနက အကူအညီပေး
တဲ့ ဦးဇင်း က မင်းတို့ မီဒီယာကား ချက်ချင်းသွား ၊ မကြည့်ချင်ဘူး၊ ဘာညာပြောပြီး မောင်း
ထုတ်မှ လွတ်သွားတာ။ ဒါတောင်ဈေးကုန်းကျောင်းရောက် တဲ့အထိ အချို့ လိုက်လာ ကြသေးတယ် ။ သွေးဆာနေတဲ့လူတစုက ကျောင်းကိုဝိုင်းထားလို့ ဆရာတော်က ရဲစခန်းကို အကူအညီ
လှမ်းတောင်းပေးတယ်။ သက်ဆိုင်ရာက ယာဉ်တန်းနဲ့ အပြင် လာထုတ်ပေး ပါတယ်။ “
Ref – နံနက်ခင်းဂျာနယ်၊ အတွဲ-၃၊ အမှတ်- ၄၉၆

via ဒီမိုဖက်တီး

ကုလားတွေကို မျိုးမပွားဖို. အဓိက ပိတ်ပင်သင်.တယ် ဒီကောင်တွေက အင်အားများလာရင် သောက်ကျင်.ကောင်းတဲ.ကောင်တွေမဟုတ်ဘူး အခုလည်း ဒီအတိုင်းပဲ သူတို.ကစတာ ရခိုင်တွေခံရတုန်းက ကျတော.ရော ဘယ်တော.နေနေ ဒီကောင်တွေက အရင်စတာ
real monks does not participate in these types of incidents. everybody must becareful.
စဉ်းစဉ်းစားစားလုပ်ကြပါ။မင်းမဲ့စရိုက်မကျင့်သုံးသင့်ပါ။
အ၇မ်းသနားတယ် သမီးပြောချင်တာကတော့ ကိုယ့်လူမျိုးကိုအထိမခံပါနဲ့ အားလုံးတည့်အောင်နေကြပါ နောက်တစ်ခါဒီလိုမဖြစ်ကြပါနဲ့လို့ပြောချင်ပါတယ် သမီး နှင်းနှင်း
ဟဟကောင်းတယ်မီဒီယာကောင်တွေလဲအဲ့လိုလုပ်မှ နို.မို.ဆိုရင်အပုတ်ချဖို.လောက်ပဲတတ်တဲ့ကောင်တွေ
အဲဒါတိုရင် အခုတင်ထားတဲ့ မီဒီယာ ဝက်ဆိုက်က င်္ဒဘုန်းကြီးတွေကို ဘယ်လိုမြင်ပါလဲ အတုတွေလား အစစ်တွေလား ဒါမှမဟုတ် အဖွဲစည်တခုတခု ကလားဆိုတာ ဘယ်လို ထင်မြင်ချက်တွေရှသလဲ ဆိုတာ ဝေဘန်ပိုင်းခြားပြပါဦးဗျာ
ပုံရိုက်လို့လူရိုက်ခံရတယ်ဆိုတာမဖြစ်သင့်ဘူး
ဒါပေမဲ့ ကုလားတွေမီးရှို့တဲ့ပုံ ကုလားတွေကိုယ်အိမ်ကိုမီးရို့တဲ့ပုံကိုတော့
ဓာတ်ပုံသွားမရိုက်တာကြောက်လို့လား
အဓိကရုဏ်းတွေကြီးကျယ်မှာစိုးလို့လား
ဘာကြောင့်လဲ