ဗြိတိသျှ ၀န်ကြီးချုပ် ဟောင်း မာဂရက် သက် ချာ ကွယ် လွန်

ဗြိတိန် နိုင်ငံ ရဲ့  ပထမ ဦး ဆုံး ၀န်ကြီး ချုပ် ဟောင်း မာဂရက် သက်ချာ ဟာ
အသက် ၈၇ နှစ် အရွယ် မှာ ကွယ် လွန် သွား ပြီ ဖြစ် ပါတယ်။ သူ့  ကို ဂုဏ်
ပြု တပ် ဖွဲ့  တွေ နဲ့  တစ်ခမ်း တစ်နား ဂုဏ် ပြု ပြီး ဈာပန အခမ်း အနား ကို
တော့ စိန့်  ပေါလ် ဘုရား ကျောင်းမှာ ကျင်း ပမှာ ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ် က နေ ၁၉၉၀ အထိ ကွန်ဆာဗေးတစ် ပါတီ ရဲ့  ခေါင်း
ဆောင် အဖြစ်တာ ၀န်ထမ်းဆောင် ခဲ့ ပြီး ၊ ၁၉၇၉ က နေ ၁၉၉၀ အထိ
ဗြိတိသျှ ၀န်ကြီး ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ ပါတယ်။

၂၀၁၂ ခုနှစ် အတွင်း မှာ လေဖြတ် ရောဂါ နဲ့  ဆေး ရုံ မှာ တက်
ရောက် ကု သခဲ့ ပါတယ်။

၁၉၂၅ ခုနှစ် မှာ အင်္ဂလန် အရှေ့  ပိုင်း ကျေးတော ရွာကလေး တစ်ခု ဖြစ် တဲ့ ဂရန်သမ်
မှာ မွေးဖွား ခဲ့ ပြီး အောက်စဖိုဒ် တက္ကသိုလ် မှာ ဓာတုဗေဒ ပညာ ရပ် နဲ့  ဘွဲ့  ရရှိ ခဲ့ ကာ
အသက် ၂၀ မှာ ပဲ နိုင်ငံ ရေး လောက ထဲ ကို ၀င်ရောက် ခဲ့ ပါတယ်။

ကွန်ဆာဗေးတစ် ပါတီ က အတိုက် အခံ ဘ၀ ဖြစ် နေ ချိန် ပါတီ တွင်း မှာ ကျော်ကြား
တဲ့ ခေါင်းဆောင် Edward Heath ကို အနိုင် ရရှိ ပြီး ပါတီ ခေါင်းဆောင် ဖြစ် လာခဲ့ ပါတယ်။

ဝန်ကြီး ချုပ် အဖြစ် တာဝန် ယူ စဉ် မှာ အာဂျင် တီးနား ဖောက်ကလန် စစ်ပွဲ ၊ IRA နဲ့  ရှင်ဖိန်း
သူ ပုန် တွေ ကို ပြတ်ပြတ် သားသား အရေး ယူတာ ကြောင့် သံမဏိ မယ် Iron Lady ရယ်
ဆို ပြီ ထင် ရှား ခဲ့ ပါတယ်။

၁၉၈၄ ခုနှစ် ပါတီ ညီလာခံ မှာ သူ တည်း နေတဲ့ ဟိုတယ် ကို IRA အဖွဲ့  တွေ က ဗုံးခွဲ တိုက်
ခိုက် ပေမယ့် အသက် မသေ ပဲ လွတ် မြောက် ခဲ့ ပါတယ်။

၁၉၅၉ ခုနှစ် မှာ ပါလီန် ကိုယ်စားလှယ် အဖြစ် စတင် ရွေးချယ် ခံ ရ ပြီး ၊ ၀န်ကြီး ချုပ် မဖြစ်
ခင် အထိ ပညာရေး ၀န် အဖြစ် တာ ၀န် ထမ်းဆောင် ခဲ့ ပါတယ်။

မာ၈ရက် သက်ချာ ဟာ ၂၀၀၈ ခုနှစ် လောက် ကတည်း က လေ ဖြတ်ရောဂါ ဝေဒနာ ကို စတင်
ခံစား ခဲ့ ရ ပါတယ်။

မာဂရက် သက်ချာ ကို တစ်ချို့  က ထောက်ခံ ပေမယ့် တစ်ချို့  က တူးတူး ခါးခါး မုန်းကြ ပါတယ်။

121222125138-thatcher-31-horizontal-gallery

Margaret Thatcher

2 thoughts on “ဗြိတိသျှ ၀န်ကြီးချုပ် ဟောင်း မာဂရက် သက် ချာ ကွယ် လွန်

Comments are closed.