အမေရိကန် နိုင်ငံ က မြို့  ကြီး တွေ မှာ နှစ်စဉ် နှစ် တိုင်း နွေဦးရာသီ ရောက်ရင်
ကျင်း ပတဲ့ မာရသွန် ပြိုင် ပွဲ တွေ မှာ မက်ဆာချူးဆက် ပြည်နယ် ရဲ့  မြို့  တော်
ဘော်စတွန် မှာ ကျင်း ပတဲ့ ဘော်စတွန် မာရသွန် ပြိုင် ပွဲ က လည်း အထင်ရှားဆုံး
ဖြစ် ပြီး အမေရိကန် နဲ့  နိုင်ငံ တကာ က အပြေး သမား တွေ ပါ ၀င် ရောက် ယှဉ် ပြိုင်
ကြ ပါတယ်။
ဂွန်အက်(ဖ) ကနေဒီ စာကြည့် တို့  လို့  ခေါ် တဲ့ ဘော်စတွန် ပြည်သူ့  စာ ကြည့် တိုက်
ကြီး ရှေ့  ပန်းဝင် တဲ့ နေ ရာ အနား မှာ ဆိုရင်သူငယ်ချင်း ၊ ညီ အကို ဆွေ မျိုး ၊
မိသားစု တွေ က ၂၇ မိုင် ခရီး ကို ကျော်ဖြတ် လာတဲ့ အပြေး သမား တွေ ကို နာမည်
ရေးထား တဲ့ ဆိုင်း ဘုတ် တွေ ထောင် ၊ အားရ၀မ်းသား ကြို ဆို နေ ကြ လို့  ပြေးလမ်း
တစ်လျှောက် မှာ အစည် ကား ဆုံး နေရာ လည်း ဖြစ် ပါတယ်။
ညနေ သုံးနာရီ မှာ ပထမ ဦး ဆုံး ဗုံး နှစ် လုံး ပေါက် ကွဲ ပြီး နောက် တစ်နာရီ အကြာ
မှာ တော့ တတိယ ဗုံး တစ်လုံး ပေါက် ကွဲ ခဲ့ ပါတယ်။ ကနဦး ပေါက် ကွဲ ခဲ့ တဲ့ ဗုံး နှစ်
ခု စလုံး Boylston Street မှာ နေရာ ခြား ပြီး ပေါက် ကွဲ ခဲ့ တာ ဖြစ် ပါတယ်။
မာရသွန် ပြိုင် ပွဲ ကို ပြိုင် ပွဲ ၀င် ၂၃၀၀၀ ကျော် ပါ ၀င် ယှဉ် ပြိုင်ခဲ့ ပြီး ဗုံးပေါက် ကွဲ တဲ့
အချိန် မှာ ၁၇၆၀၀ က ပန်းဝင်ခဲ့ ပြီး ဖြစ်ကာ ပြိုင် ပွဲ ၀င် သူ ၄၅၀၀ ပန်းဝင် ဖို့  ကျန်
ရှိ နေ ပြီး ဗုံး ပေါက် ကွဲ မှု တွေ ပြီး နောက် ပြိုင် ပွဲ ကို ရပ် ဆိုင်း လိုက် ပါတယ်။
မာရသွန် ပြိုင် ပွဲ မှာ မသန် စွမ်း သူ တွေ လည်း ပါ ၀င် ယှဉ်ပြိုင် ကြီး ဗုံးပေါက် ကွဲ
တဲ့ အရှိန်ကြောင့် ပန်းဝင် လာ တဲ့ မသန်း စွမ်း သူ တွေ ပါ အတိ ဒုက္ခရောက်ကြ
ပါတယ်။ မာရသွန်း ပြိုင် ပွဲ မှာ သမီး ဖြစ် သူ ပန်းဝင် ချိန် ကို အား ပေး ဖို့  ရောက်
လာတဲ့ ဆင်ဒီ ဂရာမလ် ကတော့ ခြေ ပြတ် လက် ပြတ် တွေ လမ်း ပေါ် မှာ ပြန့် 
ကျဲ သွား တာ ကို သူ မေ့ မလဲ ခင် နောက်ဆုံး တွေ့  လိုက် ရတယ် လို့  နယူးယောက်
တိုင်း သတင်းစာ ကို ပြော ပါတယ်။
အမေရိကန် သမ္မတ အို ဘာ မား က တိုင်း ပြည် ကို မိန့် ခွန်း ပြောကြား ရာ မှာ စုံစမ်း
စစ်ဆေးမှု တွေ ကို ပြု လုပ် ဖို့  နဲ့  ဘောစတွန် မြို့  တော် ၀န် Tom Menino နဲ့  မက်ဆာ
ချုး ဆက် Deval Patrick ကို လည်း ဗဟို အစိုးရ ရဲ့  အကူ အညီ တွေ အမြန် ဆုံး
ဖြစ် အောင် စတင် ကူညီ နေ ပြီ လို့  ပြောပါတယ်။
ဗုံးပေါက် ကွဲ မှု ကြောင့် ၃ ဦးသေဆုံး ကာ ၁၄၁ ဦး ဒဏ်ရာ ရရှိခဲ့ ပါတယ်။ ၁၇ ဦး
ကတော့ စိုးရိမ် ဖွယ်ရာ အခြေ အနေ မှာ ရှိ နေပြီး ၊ ၂၅ ဦး ကတော့ အတွင်း လူနာ
အဖြစ် တက်ရောက် ကုသ ခံ နေရ ပါတယ်။ ဒဏ်ရာ ရရှိ သူ တွေ ထဲ မှာ ကလေး
ငယ် ၈ ဦး ပါဝင် ပြီး သေဆုံး တဲ့ သူ တွေ ထဲ မှာ အသက် ၈ နှစ် အရွယ် ကလေး
တစ်ဦး လည်း ပါဝင် ပါတယ်။
မက်ဆာ ချုး ပြည်နယ် ရဲ့  ပြည်နယ် အားလပ် ရက် ဖြစ်တာ ကြောင့် အစိုးရ ရုံး
အဆောက် အဦ တွေ ပိတ်ထား ပါတယ်။ အင်အား ပြင်းထန် တဲ့ ပထမ ဗုံး
ကြောင့် စာကြည့် တိုက် အဆောက် အဦ က မှန် တွေ တံခါး တွေ ပါ ကွဲ ကုန်
တယ် လို့  ဘော်စတွန် ဂ လုပ် သတင်း စာ မှာ ဖော်ပြထား ပါတယ်။
တခြား မပေါက် ကွဲ သေးတဲ့ ဗုံး သုံး လုံး ကို လည်း Copley Plaza Hotel အနီး
နဲ့  အခြား နေရာ နှစ်ခု မှာ တွေ့  ရှိ က မြို့  ပြင် က Newton အရပ် မှာ လည်း
ထပ်မံ တွေ့ ရှိ ခဲ့ ပါတယ်။
ဓာတ်ပုံများ – New York Times, AP,AFP,CNN, Getty Images, Boston Globe
Terrorist Attacks Boston Marathon.
Related articles
- Report: Boston Marathon Finish Line Evacuated After Two Explosions in Area at Marathon Sports Store (nesn.com)
- Explosion Reported At Boston Marathon (foxnews.com)
- Police: Boston Marathon explosions leave 2 dead, 23 wounded (tracking.si.com)
- Explosions Occur Near Boston Marathon Causing Multiple Deaths & Injuries (b96.cbslocal.com)
- Two Explosions at Boston Marathon Finish Line (5newsonline.com)


















































Wow, this piece of writing is nice, my younger sister is analyzing these kinds of things, therefore I am going to tell her.