Update Tamerlan Tsarnaev တို့  မိသားစု ဟာ ၂၀၀၃ ခုနှစ် မှာ အမေရိကန် နိုင်ငံ ကို ယခင်
ဆိုဗီယက် နိုင်ငံ ဟောင်း တစ်ခု ဖြစ်တဲ့ ကာဇက်စတန် က နေ နိုင်ငံ ရေး ခို လှုံ ခွင့် ရရှိ ခဲ့ တာ
ဖြစ် ပြီး သူ တို့  ရဲ့  ဦးလေး က ထွက် ပြေး လွတ်မြောက်နေတဲ့ Dzhokar Tsarnaev ကို အညံ့
ခံ လက်နက် ချ ဖို့  တိုက် တွန်း ခဲ့ ပါတယ်။
Update အသက် ၂၆ နှစ် အရွယ် Tamerlan Tsarnaev ကို ဖမ်းဆီး ရမိ ပြီး နောက်
သေဆုံးသွား ကာ သူ့  ရဲ့  ညီဖြစ်သူ အသက် ၁၉ နှစ် အရွယ် Dzhokar Tsarnaev ကတော့
Honda CRV ကားနဲ့  ထွက် ပြေး နေဆဲ ဖြစ်ပါတယ်။ သူတို့  နှစ် ဦး ဟာ ချေချင်းညှာ ဒေသမှာ
မွေး ဖွား ခဲ့ ပြီး နောက် တော့ ကာဇက် စတန် ကို ပြောင်း ရွှေ့  အခြေချ ကာ လွန် ခဲ့ တဲ့ နှစ် တွေ
အတွင်း အမေရိကန် မှာ နေ ထိုင် ခွင့် ရ လို့  ပြောင်း ရွှေ့ အခြေ ချ ခဲ့ ပါတယ်။ တာမလင်း ဆာညာယက်
(ဗ်) က Bunker Hill Community College မှာ ပညာသင်ကြား နေ ပြီး ဇိုကာ ဆာညာယက်(ဗ်)
ကတော့ ဟားဗတ် တက္ကသိုလ် မှာ ရေကူးသင်တန်းနည်း ပြ အဖြစ် တာဝန် ထမ်းဆောင် နေသူ ဖြစ်ပါတယ်။
ဇိုကာ ဆာညာယက်(ဗ်) ရဲ့  အထက်တန်း ကျောင်း ဆရာ မ ကတော့ ဒီကလေး ဟာ ကျောင်းမှာ
ချစ် ဖို့  ကျောင်း တဲ့ ကလေး တစ်ယောက် ဖြစ် ပြီး ဒီလို ပြု မူ ဆောင် ရွက် မယ် ဆိုတဲ့ အပြု အမူ မျိုးတောင် မတွေ့ ခဲ့
ဖူး လို့  ဆို ပါတယ်။
ဇိုကာ ဆာညာယက်(ဗ်) ဟာ ရပ် ကွက် အတွင်းမှာ လည်း လူ ချစ် လူခင် များ သူ ဖြစ် ပါတယ်။
သူ့  ရဲ့  သူငယ်ချင်း ဖြစ်သူ အဲရစ် မာကာဒို ဟာ သူတို့  နေ အိမ် နဲ့  နှစ် ဘလောက် ကျော် မှာ နေ
တာ ဖြစ် ပြီး သူက CNN သတင်းဌာန ကို ပြော ရာ မှာ ” ကျွန်တော်တို့  အထက်တန်း ကျောင်း
မှာ အလွန် ခင် ကြ တဲ့ သူ ငယ် ချင်း တွေ ပါ ၊ အတူ တူ လည် ပတ် ကြတယ်၊ သူက ခင်မင် စရာ
ကောင်းတယ်၊ ပါတီ ပွဲ တွေ လုပ် ကြ တယ် လို့  ပြောပါတယ်။
ဇိုကာ ဆာညာယက်(ဗ်) ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှာ အမေရိကန် နိုင်ငံ သား
ဖြစ် ခွင့် ကို ဆိုင်ရာ အဏာ ပိုင် တွေ က အတည် ပြု ပေး ခဲ့ တာ ဖြစ်ပါတယ်။
Update
မော်တော်ကား တစ်စီး ကို စီးနင်း ပြီး ထွက် ပြေး သွား သည့် လွတ်မြောက်နေ သူ သည် အန္တရာယ်
ရှိ ကြောင်း ဘော်စတွန် ရဲတပ် ဖွဲ့  မှာ ပြည်သူများ ကို သတိပေးထားသည်။ ဘော်စတွန် မြို့  တွင် ပြေး
ဆွဲ နေသည့် ဘတ်(စ)ကား လိုင်းများ MBOT ကို ရပ်နားထား မည်ဖြစ် ပြီး မဆာချုးဆက် နည်း
ပညာ တက္ကသိုလ် ၏ သောကြော နေ့  အတန်း များ အား သင်ကြား မှု ပယ်ဖျက် လိုက်သည်
ဟု သတင်း ထုတ် ပြန် ထား သည်။
သံသယရှိ သူ နှစ်ဦး သည် ဘော်စတွန် နှင့် ၁၀ မိုင် ခန့်  ဝေးကွား ပြီး MIT နှင့် ၅ မိုင် ခန့်  ဝေးကွာ
သည့် ၀ါးတားတောင်း အရပ် ရှိ နီးကိုလ်း ရိပ်သာ လမ်း အနီး တွင် ခိုလှုံ နေခြင်း ဖြစ်သည်။
Previously Reported တနင်္လာ နေ့  က ဘော်စတွန် မာရသွန် တွင် ဗုံးဖောက်ခွဲ မှု တွင် သံသယ ရှိသူ နှစ်ဦး
အနက် တစ်ဦး ကို အရှင်ဖမ်းဆီး ရမိ ရန် ကြိုးစား မှု တွင် လွတ်မြောက် သွား ပြီး တစ်ဦး မှာ ဖမ်းဆီး ပြီး နောက်
သေ နံနက် ၁ နာရီ ၃၅ ခန့် တွင် သေဆုံး သွား သည် ဟု သိရသည်။ ကြာသပတေးနေ့ ညသန်းခေါင်ယံ တွင်
ဘော်စတွန် မြို့ အနောက် ဘက်ရှိ Watertown အရပ် ရှိ နီကိုလ်း ရိပ်သာ လမ်း တွင် သံသယ ရှိသူ နှစ်ဦး ရှိနေသည် ဟု
သတင်း ရထား သည့် နေအိမ် ကို လုံ ခြုံရေး တပ် ဖွဲ့  များ က ပိတ် ဆို့  ဖမ်းဆီး စဉ် ပေါက် ကွဲ စေတတ်
သည့် ပစ္စည်းများ လက်နက် ငယ်များ ဖြင့် ပြန်လည်ခုခံ သောကြောင့် အပြန် အလှန် ပစ်ခတ် မှု များ ဖြစ် ပွား
ပြီး နောက် သောကြာ နေ့ နံနက် ၁ နာရီ ခန့် တွင် ဖမ်းဆီး ရမိခဲ့သည်။
သံသယ ရှိသူ တစ်ဦး သည် ရဲမော် တော် ယာဉ် ဉ် တိုက်ခိုက်မှု ဖြစ် ပြီး နောက် ပြန်လည် ပြစ်ခတ်စဉ်
သေဆုံး ခဲ့ ခြင်း ဖြစ်သည်။
တနင်္လာ နေ့  က ဖြစ်ပွားခဲ့ သည့် ဘော်စတွန် ဗုံးပေါက် ကွဲ မှု သတင်း ကို ဖတ်ရှု ရန်
ကနဦး က FBI ၏ သတင်း ထုတ် ပြန်မှု ဉ် သံသယ ရှိသူ နှစ်ဦး ဓာတ်ပုံ တွင် ဦးထုပ်ဖြူ
ဆောင်းထား သည့် သူ ကို ဖမ်းဆီး ရမိ ချိန် ဉ် ၎င်း ၏ ခန္တာ ကိုယ် တွင် ပေါက်ကွဲ စေတတ်သည့်
ပစ္စည်းများ ကို တွေ့ ရှိရသည်။
အပြန် အလှန် ပြစ်ခတ် မှု တွင် ရဲတပ် ဖွဲ့  ၀င် တစ်ဦး လည်း ဒဏ်ရာ ပြင်းထန် စွာ ရရှိခဲ့သည်။ ထိုသံ
သယ ရှိ သူ နှစ်ဦး သည် မဆာချုးဆက် နည်းပညာ တက္ကသိုလ်တွင် အကြမ်းဖက်မှု ကျူးလွန် ရန် အတွင်
အားထုတ် စဉ် ဟန့် တားမှု ပြု ရန် ကြိုးစားခဲ့သည့် ရဲအရာ ရှိ အား ပစ်ခတ် သတ်ဖြတ် ပြီး နောက် ရဲ
တပ်ဖွဲ့  ၏ စက်ရုပ် ယာဉ် မှ တစ် ဆင့် ခြေရာ ခံ နိုင်ခြင်း ဖြစ်သည်။
Related articles
- Gunfire And Explosions Reported In Watertown, Boston (huffingtonpost.com)
- FBI releases images, videos of suspects in bombing – call 1-800-494-TIPS (patriotledger.com)
- MIT cop killed, suspects chased in Watertown, Marathon link probed (bostonherald.com)












I Like it
like