ဂျပန် ၀န်ကြီး ချုပ် ရှင်ဇို အဘေး သည် မေလ ၂၄ ရက်နေ့ မှ မေလ ၂၇ ရက် နေ့ ထိ မြန်မာ
နိုင်ငံ သို့  လာရောက် လည် ပတ် မည် ဖြစ်သည်။ အဘေး သည် ၃၆ နှစ် အတွင်း မြန်မာ နိုင်ငံ
သို့  ပထမ ဦးဆုံး အကြိမ် လာရောက် လည်ပတ် သည့် ဂျပန် အစိုး ရ အဖွဲ့  ခေါင်းဆောင် ၀န်
ကြီး ချုပ် တစ်ဦး ဖြစ်သည်။
၁၉၇၇ ခုနှစ် က ဂျပန် ၀န်ကြီး ချုပ် တာကီအို ဖူကာဒါ သည် မြန်မာ နိုင်ငံ သို့  နောက် ဆုံး
လာရောက် လည် ပတ် ခဲ့ သည့် ၀န်ကြီး ချုပ် ဖြစ်သည်။
ဂျပန် ၀န်ကြီး ချုပ် ရှင်ဇို အဘေး နှင့် အတူ ဂျပန် ထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် များ
လည်း လိုက် ပါ လာ မည် ဖြစ်သည်။
အဘေး သည် မြန်မာ သမ္မတ ဦးသိန်းစိန် ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်
ဆန်းစု ကြည် တို့  နှင့် တွေ့ ဆုံ မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ လ အတွင်း က ရွေးကောက် ပွဲ တွင် အနိုင် ရရှိ ခဲ့ ပြီး ဒုတိယ အကြိမ် ၀န်
ကြီး ချုပ် တာဝန် ထမ်း ဆောင် သည့် ရှင် ဇို အဘေးသည် ဂျပန် ပိုင် ကျွန်းများ တရုတ် နှင့် အငြင်း
ပွား မှု တွင် တရုတ် ဆန့် ကျင် ရေး ကြွေး ကျော် သံ များ ဖြင့် လူ ကြိုက် များ လာသည့် ဂျပန် ဒီမို
ကရတ်တစ် ပါတီ ခေါင်း ဆောင် ဖြစ်သည်။
အသက် ၅၈ နှစ် အရွယ် ရှိ ဂျပန် ၀န်ကြီး ချုပ် ရှင် ဇို အဘေး သည် ဂျပန် နှင့် အမေရိကန် တက္ကသိုလ်
များ တွင် တက် ရောက် သင်ကြား ခဲ့ သူ ဖြစ်သည်။
Japanese Prime Minster Shinzo Abe to visit Burma.
Related articles
- Japan’s Outreach To Myanmar (lookingbeyondborders.com)

One thought on “တရုတ် ဆန့် ကျင် ရေး ကြွေး ကျော် သံ များ ဖြင့် အနိုင် ရရှိ ခဲ့သည့် ဂျပန် ၀န်ကြီး ချုပ် မြန်မာ နိုင်ငံ လာမည်”
Comments are closed.