အမေရိကန် ဒေါ်လာ ဈေး တရိပ်ရိပ် တက်

မေလ ဆန်း ကတည်း က ဈေးကွက် တွင် အ၀ယ် လိုက်မှု ကြောင့် နှစ် အတန်|
ကြာ ကျ ဆင်း နေရာ မှ ပြန် လည် တက် ခဲ့ သည် အမေရိကန် ဒေါ်လာ ဈေး သည်
ယနေ့ တနင်္လာ နေ့  နံနက် ဈေး ဖွင့် ချိန် တွင် ကျပ်ငွေ ၉၄၂ ထိ ဈေး ပေါက် |
သည် ဟု သိရသည်။

အစိုးရ က ၀န်ထမ်း လစာ တိုး မြှင့် ပေး ပြီး နောက် ဒေါ်လာ ဈေးတက်
လာ ခြင်း ဖြစ်သည်။ 

လွန် ခဲ့ သည့် နှစ် အနည်း ငယ် က နိုင်ငံခြား ငွေ များ မြန်မာ နိုင်ငံ တွင်း ၀င်
ရောက် မှု များ လာခြင်း ကြောင့် သည် ဒေါ်လာ ဈေး မှ ၈၀၀ ကျပ် အောက် သို့ 
ပင် ကျ ဆင်း သွား ခဲ့ ရသည်။

ဧပြီလ အတွင်း က ၈၆၀ ကျပ်သာ ရှိ ခဲ့ သည့် အမေရိကန် ဒေါ်လာ ဈေး သည် ပြည်တွင်း နိုင်ငံ
ခြား ငွေ ကစား သူများ ကြောင့် တက် လာ ရသည်ဟု စီးပွား ရေး လုပ် ငန်း ရှင် တစ်ဦး က
FNG ကို ပြောသည်။

ဒေါ်လာ ဈေး တက် မှု ကြောင့် အခြား ကုန် ပစ္စည်းများ လည်း လိုက်လံဈေးတက် လျှက် ရှိ သည်။

အမေရိကန် တစ်ဒေါ်လာ ပေါက် ဈေးသည် တစ်ထောင် ကျပ် အထိ ရောက် နိုင် သည် ဟု
ဒေါ်လာ ၀န် ဆောင်မှု ကျွမ်းကျင်သူ များ က ခန့် မှန်း ကြသည်။

2 thoughts on “အမေရိကန် ဒေါ်လာ ဈေး တရိပ်ရိပ် တက်

Comments are closed.