Tumblr ကို Yahoo က တစ် ဘီလျှံ ကျော် နဲ့  ၀ယ်ယူ

တနင်္လာ နေ့  နံနက် အစော ပိုင်း တွင် ယာဟူးက Tmblr ကို တစ်ဘီလျှံ ကျော် ဖြင့်
ဝယ်ယူ လိုက် ပြီး ၊ တမ်ဘ လာ ပရိတ် သတ် သည် ပုံ မှန် အတိုင်း တင် ဆက်  နိုင်
ကြောင်း နှင့် လိင်ပိုင်း ဆိုင် ရာ အသားပေး ပုံ များ တင် သည့် ဘလောက် များ ကို
လည်း ဖျက် မည် မဟုတ် ကြောင်း ပြော ကြား ခဲ့သည်။

Tumblr သည် လိင်ပိုင်း ဆိုင်ရာ အသားပေး ပုံ များ တင် ဆက် နိုင်သည့် ဘလောက်
လည်း ဖြစ်သည်။

Tumblr မှ တင်ဆက် ထား သည့် လိင်ပိုင်း ဆိုင်ရာ ဖော်ပြ မှု ဘလောက် တစ်ခု

အင်တာနက် ရှာဖွေ ရေး ၊ သတင်း နှင့် အခြား နည်းပညာ ၀န်ဆောင်မှု များ ကို လုပ်
ကိုင် သည့် Yahoo အင်တာနက် ကုမ္ပဏီ က Tmblr ၀ဘ်ဆိုတ် ကို အမေရိကန် ဒေါ်
လာ ၁ . ၁ ဘီလျှံ ဖြင့် ၀ယ်ယူ တော့ မည် ဆို သည်။

နယူးယောက် တွင် အခြေစိုက်သည့် တမ်ဘလာ ၏ CEO ဒေးဗစ် ကပ် နှင့် ယာဟူး CEO
မာရီဆာ မေယာ တို့  တွေ့ ဆုံ ဆွေး နွေး မှု များ အပြီး ယာဟူး ဘုတ် အဖွဲ့  က ၁.၁ ဘီလျှံ
ဖြင့် ၀ယ်ယူ ရန် အတည် ပြု ခဲ့ ခြင်း ဖြစ်သည်။

တမ်ဘလာ ကို အသုံး ပြု သူမှာ ၁၀၈ သန်းကျော် ရှိ ပြီး ၊ တင်ဆက် ထား မှု မှာ ဘီလျှံ ၅၀
ကျော် ရှိ သည်။

Google သည် နာမည် ကျော် ဘလောက်ဆိုတ် တစ်ခု ဖြစ် သည့် Blogspot ကို ၂၀၀၃ ခု
နှစ် က ၀ယ် ယူ ခဲ့ ပြီး ယာဟူး က ဓာတ် ပုံ တင်ဆက် နိုင်သည့် Tumblr ကို ၀ယ်ယူခဲ့သည်။

Google တွင် ၁၃ နှစ် ကျော်ကြာ နည်းပညာ အင်ဂျင်နီယာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့
သည့် မာရီဆာ မေယာသည် ၂၀၁၂ ခုနှစ် က Yahoo သို့  ရောက်ရှိ ပြီး နောက်  ပြုပြင် ပြောင်း
လဲ မှု များ ကို ပြု လုပ် ခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ က Facebook က Instagram ကို တစ်ဘီလျှံ ဖြင့် ၀ယ်ယူ ပြီး နောက်
Tumblr မှ ဈေး အမြင့် ဆုံး ၀ယ် ယူမှု ဖြစ်သည်။

Yahoo buy Tumblr

Yahoo CEO Marissa Mayer is said to be closing in on a $1 billion acquisition deal with David Karp, the CEO of New York-based Tumblr.

MI-BW052_TUMBLR_G_20130519165104

2 thoughts on “Tumblr ကို Yahoo က တစ် ဘီလျှံ ကျော် နဲ့  ၀ယ်ယူ

Comments are closed.