KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ အတွက် ကချင် ပြည် နယ် မနော ကွင်း သို့  ရောက် ရှိ လာ သည့်
ကချင် လွတ်မြောက် ရေး အဖွဲ့  နှင့် ၎င်း ၏ လက်နက် ကိုင် တပ် ဖွဲ့  ဖြစ်သည့် ကချင် လွတ်
မြောက် ရေး တပ် မတော် KIA အား မြစ်ကြီး နား မြို့  တွင် ကချင် ပြည်သူ လူ ထု က
သောင်း သောင်း ဖျ ဖျ ကြို ဆို သည်။

မြန်မာ အစိုးရ ဘက် မှ ၀န်ကြီး ဦးအောင် မင်း ခေါင်းဆောင် သည့် ဆွေး နွေး ပွဲ အတွက်
ကချင် ဘက် မှ ဦး ဇွန်လွတ်ဖန် ၊ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော် တို့   တက်
ရောက်သည်။

ကချင် ပြည် နယ် မြစ် ကြီး နား သို့  တနင်္လာ နေ့  အစော ပိုင်း တွင် ရောက် ရှိ လာသည့်
KIO / KIA အား ဒေသခံ ကချင် လူ မျိုး သုံးသောင်း ကျော် မှ KIA အလံ များ ထောင် ၍
၎င်း ၊ အတီး အမှုတ် နှင့် ဆိုင်းဘုတ်များ ထောင် ၍ ၎င်း ကြို ဆို ကြသည်။

၂၀၁၁-၂၀၁၂ တိုက် ပွဲ တွေ ပြီး နောက် မှာ တတိယ အကြိမ်မြောက် လုပ် တဲ့ ငြိမ်း ချမ်း
ရေး ဆွေးနွေး ပွဲ  ကို တရုတ် အစိုးရ ကိုယ် စားလှယ်က တက်ရောက် မှာ ဖြစ် ပြီး  အနောက်
တိုင်း သံတမန် တွေ ကို တော့ တက် ရောက် ခွင့် မပြု ဘူး လို့  သိရ ပါတယ်။

Photo Credit : Jinghpaw Kasa and Lachid Kachin

 

One thought on “KIO/ KIA ကို မြစ်ကြီးနား မှာ ကြို

Comments are closed.