လေဆင်နှာမောင်း ဒဏ် ခံ ရသူများ ကို အိုဘာမား သွားရောက် အားပေး

မေလ ၂၀ ရက် နေ့  က အိုကလား ဟိုးမား ပြည်နယ် ၊ အိုကလား ဟိုးမား မြို့  တွင်
လေ ဆင် နှာ မောင်း တိုက် ခတ် မှု ကြောင့် ကလေး ငယ်များ အပါ အ၀င် လူ ၂၄ ဦး
သေဆုံး ခဲ့ သည့် မိုရ် မြို့  ကလေး သို့  တနင်္ဂနွေ နေ့  အစော ပိုင်း တွင် အမေရိကန်
သမ္မတ အိုဘား မား  သည် သွား ရောက် တွေ့ ဆုံ အား ပေး ပြီး မြို့  ပြန်လည် ထူထောင်
နိုင် ရေး အတွက် ဖြစ် နိုင် သမျှ ကူ ညီ မည် ဟု မြိုခံ များ ကို ကတီ ပြု ခဲ့ သည်။

၁၆ မိနစ် ကြာ  အင်အား ပြင်းထန် သည့် လေဆင် နှာမောင်း ဖြတ် သန်း မှု တွင်
အမေရိကန် ဒေါ်လာ နှစ် ဘီလျှံ နီး ပါး ပျက်စီး ခဲ့ ပြီး မူ လန်း ကျောင်းမှ ကလေး
ငယ်  ၁၀ ဦး အပါ အ၀င် ၂၄ ဦး သေဆုံး ခဲ့ သည်။

အိမ်ခြေ ၂၀၀၀ ကျော်  ၊ Plaza Tower  မူလတန်း ကျောင်း နှင့် ဌာနေ သတင်း
မီဒီယာ အဆောက် အဦ တစ်ခု လည်း ပျက်စီးခဲ့သည်။

သမ္မတ က အပျက် အစီး ပုံ တွေ ပေါ် မှာ ရပ် ပြီး ပြည်သူ တွေ စိတ်ဓာတ် မကျ ဖို့  နဲ့ 
ပြန်လည် ထူထောင် နိုင်ဖို့  အစွမ်း ကုန် ကူညီ မယ် ဆို တဲ့ အကြောင်း တွေ ကို ပြော
ခဲ့ တယ်လို့  CBS သတင်း က ထုတ် လွှင့် သွား ပါတယ်။

အိုကလား ဟို မား ပြည်နယ် ဟာ ကွဲပြား ခြား နား တဲ့ လေစီးကြောင်း တွေ ပေါင်း ဆုံ
ရာ မြို့ ဖြစ်တာ ကြောင့် လေဆင် နှာ မောင်း တိုက်ခတ်မှု ဒဏ် ကို နှစ်စဉ် ခံ ရ ပါတယ်။

22304660_BG1path-of-tornado-through-oklahoma-moore2

Oklahoma, Moore, Tornado

One thought on “လေဆင်နှာမောင်း ဒဏ် ခံ ရသူများ ကို အိုဘာမား သွားရောက် အားပေး

Comments are closed.