အာရှ ဒေသ ၊ ဥရော ပ တိုက် ၊ အရှေ့  အလယ် ပိုင်း နဲ့  အာဖရိက တိုက် တွေ အတွက် ဖြန့် 
ချိ တဲ့ ဇူလိုင် လ ပထမပတ် ထုတ် Time မဂ္ဂဇင်း ကို ပြည် တွင်း မှာ ရောင်း ချ ဖြန့် ချိ ခွင့်
ကို မြန် မာ အစိုးရ က ပိတ် ပင် လိုက် ပါတယ်။
မန္တလေး မြို့  မစိုးရိမ် တိုက် သစ် နာယက အဖွဲ့  ၀င် ဆရာ တော် ဦးဝီရသူ ကို အဓိက ထား
ပြီး Time မဂ္ဂဇင်း ရဲ့  အရှေ့  အာ ရှ ဗျုရို အကြီး အကဲ ဟားနား ဘိခ်ျ က မြန်မာ နိုင်ငံ မှာ
ဘာသာ ရေး ၊ လူ မျိုး ရေး အကြမ်းဖက် မှု တွေ ရဲ့  လက် သည် ဟာ ဘုန်းတော် ကြီး တစ်ပါး
နဲ့  သူ့  ကို ထောက် ခံ သူ တွေ ၊ နောက် လိုက် နောက် ပါ တွေ ဦးဆောင် တာ လို့  ရေးသား
ဖော် ပြ ခဲ့ တဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက် သမား တစ်ဦး ရဲ့  မျက် နှာ “The Face of Buddhist Terror”
မျက် နှာ ဖုံး ဆောင်း ပါး ပါ မဂ္ဂဇင်း ကို ပိတ် ပင် ခဲ့ တာ ဖြစ် ပါတယ်။
အခု လို ပိတ် ပင် မှု မပြု လုပ် ခင် နှစ် ရက် အလို က မြန်မာ အစိုးရ က တည် ငြိမ် စ ပြု လာ တဲ့ မြန်မာ
နိုင်ငံ မှာ ဒီဆောင်း ပါး ကြောင့် လူမျိုး ရေး တင်း မာ မှု တွေ ဖြစ် နိုင် တယ် လို့  ရှုံ့  ချ ကန့် ကွက်
ခဲ့ ပါတယ်။
ဦးဝီရသူ က လည်း သူ့  ရဲ့  Facebook စာမျက် နှာ က နေ Time မဂ္ဂဇင်း ကို ဒီ လို ပြောကြား
တာ မဟုတ် ဘူး လို့  ပြန် လည် တုံ့  ပြန် ခဲ့ ပါတယ်။
နိုင်ငံ ခြား သတင်း ဌာန ပေါင်း မြောက် များ စွာ နဲ့  အင်တာ ဗျုး ခံ လေ့ ရှိ တဲ့ ဦးဝီရသူ ကို Time
မဂ္ဂဇင်း တစ်ခု ထဲက ပဲ ထူးထူး ခြားခြား အကြမ်းဖက် သမား လို့  ကင် ပွန်း တပ် ခဲ့ တာ မဟုတ်
ပဲ Wall Street Journal ၊ NPR ရေဒီယို ၊ ၀ါရှင် တန် ပို့  စ် ၊ နယူးယောက် တိုင်း ၊ ဒေးလီ တယ်
လီဂရပ်(ဖ) တို့  က လည်း အကြမ်း ဖက် မှု လှုံ့  ဆော် သူ လို့  ဖော် ပြ ခဲ့ ပါတယ်။
Time မဂ္ဂဇင်း ကို ပြည် တွင်း မှာ ရောင်း ချ ပိတ် ပင် ခွင့် အပါ အ၀င် ထို ဆောင်း ပါး ပါ ရှိ တဲ့ စာ
မျက် နှာ တွေ ကို မိတ္တူ ပွား ဖြန့်  ချိ ခွင့် ကို လည်း အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ
က ဦးဆောင် ပြီး ပိတ် ပင် လိုက် တာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံ မှာ မီဒီယာ လွတ်လပ် ခွင့် နဲ့  ပတ်သက် ပြီး လွတ် လပ် မှု တွေ ရှိ လာ ပြီ လို့  မြန်မာ
သမ္မတ က ရောက် လေ ရာ နိုင်ငံ တိုင်း မှာ ပြော တဲ့ အချိန် မှာ Time မဂ္ဂဇင်း ကို ပိတ် ပင်
လိုက် တာ ဖြစ် ပါတယ်။
ဒီ သတင်း နဲ့  အတူ တွေ့  ရ တဲ့ ဓာတ် ပုံ တွေ က တော့ Time မဂ္ဂဇင်း ရဲ့  The Face of Buddhist Terror
ဆောင်း ပါး အတွက် ဆောင်း ပါး ရှင် ဟားနား ဘိခ်ျ နဲ့  အတူ ပါ လာ တဲ့ ဓာတ်ပုံ ပညာရှင်
Adam Dean ရိုက် ကူးထား တာ ဖြစ် ပါတယ်။
အခု ဖြစ် ရပ် ဟာ မြန်မာ စစ် အစိုးရ လက် ထက် က ဒေါ်အောင်ဆန်းစုကြည် ဓာတ် ပုံ နဲ့ 
သတင်း ပါ ၀င် တဲ့ Time မဂ္ဂဇင်း နဲ့  တခြား နိုင်ငံ တကာ သတင်း စာ တွေ ကို ပြည်တွင်း မှာ ရောင်း
ချ ခွင့် ပိတ် ပင် ခဲ့ သလို ပဲ လို့  စာနယ်ဇင်း အသိုင်း အ၀ိုင်း က ထောက် ပြ ကြ ပါတယ်။
Related articles
- The Face of Buddhist Terror (freedomnewsgroup.com)
- Burma Bans Time Story Labeling Monk as ‘Face of Terror’ (voanews.com)




















One thought on “မြန်မာ ဘုန်းတော်ကြီး တစ်ပါး အကြောင်း ပါ Time မဂ္ဂဇင်း ပြည်တွင်း မှ ဖြန့်  ချိ ခွင့် ပိတ် ပင်”
Comments are closed.