မိုးသီးဇွန် – ကမ္ဘာကြီးဟာ အားရစရာကောင်းလောက်အောင် ပြောင်းလဲနေတယ်။ တိုးတက်နေတယ်။
ဒီပြောင်းလဲမှုက မြန်တယ်။ ပြင်းတယ်။ ရည်မှန်းချက်ရှိတယ်။
ဖင်လန် နိင်ငံမှာ ပြည်ထဲရေးဝန်ကြီး မစ္စ ဘာရီပီရပ်စနေ က သမာကျမ်းစာ ဟာ အခြေခံဥပဒေရဲ့ 
အထက်မှာ၇ှိတယ် လို့ ပြောလိုက်တဲ့အတွက် လူထုတွေက သူကို နှုတ်ထွက်ခိုင်းနေပါတယ်။
ပါလီမန်ကလဲ သူကို ဒီကိစကိုဖြေရှင်းပေးဖို့ တောင်းဆိုလာပါတယ်။ ဖင်လန်နိင်ငံဟာ ခရစ်ယန်
အများစုနိင်ငံပါ။ ပြည်ထဲရေးဝန်ကြီး ကိုနှုတ်ထွက်ခိုင်းရပေမဲ့ ဖင်လန်လူမျိုးတွေက ခရစ်ယန်
သမာကျမ်းကို မယုံကြည်လို့ မဟုတ်ပါဘူး။ ဘာသာရေးနဲ့နိင်ငံရေးရောထွေး
လာတဲ့ ခြေလှမ်းတွေ ရဲ့ အန္တရယ်ကို ကြိုတင်မြင်လို့ ပါ။
တချိန်က ဥရောပဟာ ဘာသာရေးနဲ့နိင်ငံရေးရောထွေးမှု ထွေးခဲ့ ပြီး ပါ ပီ။ ဒါကြောင့်
မရေတွက်နိင်တဲ့ခါးသီးတဲ့လူမှုအနိဌာရုံတွေကို သူတို့ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဂျာမန်နိင်ငံ
ကိုလုံးခ်ျ က သက်သေ။ ဒီမှာ လူမှု အနိဌာရုံတွေ ကို ပြသထားတယ်။ ဘုရားကိုမယုံ လို့ 
ဆိုပြီး လူတွေကို နိပ်စက်ခဲ့တဲ့ကရိယာတွေကို ပြထားတယ်။ အတိတ်က ဘာသာရေးခေါင်း
ဆောင်တွေရဲ့  ဆင်ခြင်တုံတရားကင်းမဲ့မှုသဘော။ နှောင်းလူတို့  သံဝေဂယူနိင်ဖို့ သဘော။
သမိုင်းဘီး တပတ်အလည်မခံအောင်တားဆီးထားတဲ့သဘော။ နောက်ကြောင်းပြန်မ
လှည်နိင်စေလိုတဲ့သဘော…။
သူပြောတာက ၁၆ ရာစုလောက်က ဆိုရင် လူကြိုက်များနိင်ပါတယ်။ ဒါပေမဲ့ ခုခေတ်လူတွေက
ဒီလိုမဟုတ်တော့ဘူး။ လူတွေဟာ ဘရားသခင် အတွက် အလုပ်ကြွေးပြုရမှာလား ၊ နိင်ငံတော်
အတွက်အလုပ်ကြွေးပြုရမှာလား ဆိုတာ မေးခွန်းထုတ်တတ်နေပြီ။
ခေတ် လူသား များ။ ဘာသာရေးနဲ့နိင်ငံရေးကို သူတို့  ခွဲခြား စဉ်းစားနိင်စွမ်းရှိလာကြပါတယ်။
အနောက်နိင်ငံတွေအားလုံးနီးပါးဟာ ခရစ်ယန်ဘာသာကို ကိုးကွယ်ကြပါတယ်။ ဒါပေမဲ့ 
အလွန်အကြွံမလုပ်ပဲ။ သမမျှတစွာလူအဖွဲ့ စည်းနဲ့ ပေါင်းစပ်ထားနိင်ကြပါတယ်။
ဥပမာ – သမကျမ်းစာမှာ ကမ္ဘာကြီးကို ဘုရားသခင်က ဖန်တီးတယ်လို့ ဆိုပါတယ်။ ဒါကိုယုံရပါတယ်။
ဒါကိုယုံကြည်မှာခရစ်ယန်ဖြစ်တာပါ။ ဒါကို ဖန်တီးရှင်ကိုယုံကြည်မှု ၀ါဒ ( Creationism) လို
့ခေါ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းက ကျောင်းတိုင်းနဲ့ပညာရေး လောက တော့ ဆင့်ကဲဖြစ်စဉ်
( Evolution) ကို သင်ရတာဖြစ်ပါတယ်။ အဓိပါယ်ကတော့ သင်ဟာ ခရစ်ယန်ဘာသာဝင်လား။
ဒါဆို ကမ္ဘာကြီးကိုဘုရားသခင်ဖန်တီးတယ်ဆိုတာ အိမ်မှာ ပဲ ထားပါ။ ကျောင်းမှာတော့ ကမ္ဘာကြီး
ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ ပညာရှင်တွေရဲ့ ယူဆချက်တွေကို လက်ခံရတာဖြစ်ပါတယ်။
အဓိပါယ်ကတော့ ပညာရေးတိုင်းကို ဘာသာရေး ကနေ ကင်းရှင်းစွာ ရပ်တည် ခြင်းဖြစ်ပါတယ်။
ဒါကိုလစ်ဘရယ်ပညာရေး ( Liberal Art) လို့  ခေါ်ကြတာဖြစ်ပါတယ်။
အနောက်နိင်ငံတွေက ကျောင်းတိုင်းမှာတော့ ကမ္ဘာကြီးဟာ ဆင့်ကဲဖြစ်စဉ် (၀ါ) တဖြေးဖြေးပြောင်း
လဲတိုးတက်မှုဖြစ်စဉ် ( Evolution ) ကိုသာ သင်ကြားဖို့  ၁၉ ၀၀ ကျော်လောက်ကတည်းက
အစိုးရတိုင်းက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအချက်က အနောက်တိုင်း ပညာရေးဟာ
အရှေ့ ကိုရောက်သွားစေခဲ့တာဖြစ်ပါတယ်။ အရှေ့ ထက်သာသွားစေခဲ့တာဖြစ်ပါတယ်။
၁၆ ရာစုလောက်နေစပြီး အနောက်တိုင်း ဟာ ဘာသာရေးနဲ့နိင်ငံရေးကို စတင်စည်းခြား ဖို့ 
ဆွေးနွေးကြတယ်။ ပြောဆိုလာကြတယ်။ ၁၉ ရာစုလောက်မှာတော့ ဘာသာရေးဟာ နိင်ငံရေး
နဲ့ လုံးလုံးလားလား ကင်းစင်သွားတယ်။
အာရပ်ကမ္ဘာ အပြောင်းအလဲ ။
အာရှမှာတော့ ၂၁ရာစုထဲကိုအရောက်မှာ အာရပ်နွေဦးကြီးက အစ္စလမ်ဘာသာကို နိင်ငံရေး လက်နက်အဖြစ်
အသုံးချနေတာတွေကို မူစလင်လူထုက မေးခွန်းတွေထုတ်လာကြပြီဖြစ်တယ်။ အဖိနိပ်ခံထားရတဲ့
အမျိုးသမီးတွေအကြောင်းကို လူထုမီဒီယာ ( Social Media ) တွေမှာ တင်ပြလာကြတယ်။
မကြာသေးခင်က အီဂျစ်နိင်ငံက သမတ မိုဟာမက် မောစေး ဟာလဲ လူထုတိုက်ပွဲ ကြောင့်
နှုတ်ထွက် ပေးလိုက်ရပါတယ်။ သူက လဲ အာရပ်နွေဦး လူထုတိုက်ပွဲကြီးကို ကိုယ်ကျိုးအတွက်သုံးခဲ့သူပါ။
သူသမတဖြစ်လာတာနဲ့  အခြေခံဥပဒေကို ပြင်ပါတယ်။အခြေခံဥပဒေမှာ အစ္စလန်ဘာသာဝင်မှ
သမတဖြစ်ရမယ် လို့  ပြောင်းဖို့ ကြိုးစားတယ်။ ဒါကို အီဂျစ်လူထုက လက်မခံဘူး။ အီဂျစ်လူထုအများစုက
အစ္စလန်ဘာသာဝင်တွေပါ။ မောစေး က အတွက်မှားတာက မူစလင်ညီအကိုများအဖွဲ့ တွေကျေနပ်အောင်
လုပ်ပေးလိုက်ရင် သူထောက်ခံမှုပိုရမယ် လို့ ယူဆလိုက်မိတာပါ။ အာဏာပို ရလာမယ်လို့  ထင်မိတာပါ။
တွက်ကိန်းမှားသွားပါတယ်။
ဆိုလိုတာကတော့ ဒီနေ့ ကမ္ဘာဟာ ဘာသာရေးနဲ့ နိင်ငံရေးရောထွေးမှုကို အဓိက
ဆန်ကျင်လာတဲ့ကမ္ဘာကြီး ဖြစ်လာတယ်ဆိုတာကို သတိပြုနိင်ဖို့ ပါပဲ။
ကမ္ဘာ့သွင်တူဖြစ်စဉ် ( Globalization) က သိပ်ကို စွမ်းပကား ကြီးမားလွန်း နေပါတယ်။
စစ်အေးတိုက်ပွဲကာလ က ဒီမိုကရေစီရေး နဲ့ လူအခွင့်အရေးဟာ နစ်ပေါင်းများစွာ
နောက်တန်းကိုရောက်ခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်၊ ဘာသာရေးအခြေခံဝါဒီများ နဲ့
အမျိုးသားရေးဝါဒီများဟာ အရှင်းရှင်စနစ်နဲ့ မဟာမိတ်ဖြစ်ခဲ့ကြတယ်။
ဒီနေ့ သူတို့ မဟာမိတ်ကြီးက သူတို့ ကိုမလိုခြင်တော့ပါဘူး။
ဒါကို သဘောပေါက်ရင် ကိုယ်အနာဂတ်ကို ကိုယ် ဖန်တီးနိင်မှာဖြစ်ပါတယ်။
တကယ်တော့ဒီလိုဖြစ်ရပ်တွေဟာ စစ်မှန်တဲ့ ခရစ်ယန်၊ အစ္စလမ်နဲ့ ဗုဒဘာသာ တွေ တန်ဖိုးတွေပျောက်ကွယ်တာမဟုတ်ပါဘူး။ အနှစ်သာရတွေမကွယ်သွားပါဘူး။ ဒါဟာ ဘာသာရေးကို မှားယွင်းစွာ အသုံးချသူတွေနဲ့  ဘာသာတရားရဲ့ အဆုံးမ တွေကို ကိုယ်နာမည်ကြီးဖို့ ၊ ကိုယ်မိသားစုကောင်းစားဖို့  ကြံစည်သူတွေရဲ့  ကျဆုံးမှုမျှသာဖြစ်ပါတယ်။
မြန်မာ နိင်ငံ
မြန်မာပြည်မှာလဲ ဘာသာရေးနဲ့နိင်ငံရေး တွေရောထွေးတဲ့ကာလတွေရှိခဲ့တယ်။ ဦးနုကို ဘုန်းကြီးတချို့  က ဗုဒဘာသာနိင်ငံအဖြစ်ကြေညာဖို့ ဝိုင်းဖိအားပေးမှုတွေခံခဲ့ရတယ် လို့  ဦးနုက တာတေစနေသားမှာဝံခံထားပါတယ်။
အင်္ဂလိပ်နယ်ချဲ့  ကျူးကျော်လာစဉ်က ကနောင်မင်းသားရေမြုပ်မိုင်းနဲ့ ခုခံဖို့ ပြင်ဆင်တယ်။ ရေမြုပ်မိုင်းကြောင့်
သတ္တ၀ါတွေသေစေမယ်လို့ မင်းဆရာတော်ဘုန်းကြီးက ကန့် ကွက်တယ်။ ဘုရင်မင်းတုန်းမင်းက ညီတော်က
နောင်ကိုရေမြုပ်မှိုင်းစမ်းသပ်မှုကို ရပ်စေတယ်။ နိင်ငံတော်လုံခြုံရေး ထိခိုက်သွားပါတယ်။
ဘာသာရေး နဲ့ နိင်ငံရေး ဆိုတာ တခါတရံမှာ ပြဒါးတလမ်းသံတလမ်း သွားတဲ့သဘောရှိတယ်။
ဒီကာလတွေဟာ နိင်ငံတော်ကို အကြပ်ဆိုက်စေခဲ့တယ်။
ကရင်လူမျိုးတွေလွတ်မြောက်ရေးအတွက် နစ်ပေါင်း ၅၀ ကျော် တိုက်ပွဲဝင်ခဲ့ကြတယ်။
အသက်ပေါင်းများစွာ စတေးခဲ့ကြတယ်။
စည်းလုံးညီညွတ်နေတဲ့ ကရင်လွတ်မြောက်ရေးလှုပ်ရှားမှုထဲမှာ အက်ကြောင်း ( Fault Line )
တခုရှိလာတယ်။ ဒါက ဘာသာရေးပဲ။ ခရစ်ယန်နဲ့  ဗုဒဘာသာ။ ဒီနှစ်ခုအားပြိုင်မှုတစတစကြီးလာတယ်။
နှစ်ဖွဲ့ ကွဲသွားတယ်။ ဘာသာနှစ်ခု အားပြိုင်မှုက ကရင့် နိင်ငံရေးထဲမှာ အပြုသဘောမဆောင်တော့…။
ကရင်တော်လှန်ရေး။ ခရီးဆုံးပန်းတိုင်..။ေ၀၀ါးသွားချေပြီ။
အခု မြန်မာ ပြည်မှာ ဘာတွေဖြစ်နေသလဲ။ ဘာကြောင့်ဖြစ်နေတာလဲ။ ရေစီးကြောင်းက တိုးတက်တိုက်စားလာချေပြီ။
ကမ္ဘာကြီး အပြောင်းလဲတိုင်းက နိင်ငံတိုင်းကို ပြောင်းလဲစေတယ်။ ပြောင်းလဲမှုခရီးက စက်မှုတော်လှန်ရေးကနေ
ဆော့ဝဲတော်လှန်ရေးအထိ ဘယ်သူကိုမှချန်မထား။ ဘယ်သူကိုမှမျက်နာသာမပေး။ အပြောင်းလဲမှာ တချို့  က အဟောင်းကို သွေးရူးသွေးတန်းဖက်တွယ်ထားခြင်လာကြတယ်။ စနစ်ဟောင်းထဲမှာ အခွင့်ထူးခံရတွေက
အများအပြားရှိနေကြတယ်။
ထူးခြားတာကတော့ စနစ်ဟောင်းမှာ ဘာအခွင့်အရေးမှမခံစားရပဲ ဒုက္ခပဲ ခံစားနေရတဲ့လူတချို့ ကလဲ
အပြောင်းအလဲကို မလိုလားခြင်းဖြစ်တယ်။ ဒီလိုဖြစ်ရတာတော့ စနစ်ဟောင်းရဲ့  ယဉ်ကျေးမှု
အဟောင်းက သူမျိုးဗီဇ ထဲအထိ ဦးကျိုးသွားအောင်အလုပ်ခံရမှု ( Culture ) လိုက်ရတာဖြစ်တယ်။
အခု မြန်မာပြည်မှာဖြစ်နေတဲ့ ဘာသာရေး အစွန်းရောက်မှုတွေက ငြိမ်းချမ်းရေး၊ သုခနဲ့  ဖွင့်ဖြိုးမှုတွေကို
ဆိတ်သုဉ်းမဲ့အလားလာရှိနေပြီဖြစ်ပါတယ်။ မလုံခြုံမှု၊ စိုးရိမ်ပူပင်မှုတွေ လူတွေ စတင်ခံစားလာနေရပြီဖြစ်တယ်။
မြန်မာ ပြည်မှာ အမျိုးသမီး တွေဟာ လုံခြုံမှုအကင်းမဲဆုံး ဘ၀တွေကို နေစဉ်ဖြတ်သန်းနေရတယ်။
မလုံခြုံ မှုက ဘာတွေလဲ ဘ၀လုံခြုံမှုမရှိဘူး။ စီးပွားရေးအရလုံခြုံမှုမ၇ှိဘူး။ နိင်ငံရေးအရလွတ်လပ်မှုမရှိဘူး။
ဒီနေ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ နိင်ငံရေး ပြသနာ ၊ စီးပွားရေး ဒဏ်ရာဒဏ်ချက်တွေ အမျိုးသမီးတွေအခံရဆုံးပဲ။
ဒီလို ဘ၀ ခါးသီးနေရတဲ့အမျိုးသမီးတွေလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရမဲ့အစား အမျိုးသမီးထုကို ရန်ပြုလာတဲ့
လုပ်ရပ်ဟာ လက်ခံလို့ မရတဲ့လုပ်ရပ်ဖြစ်တယ်။ စေ့စပ်ရမဲ့အရာမဟုတ်ဘူး။ လိုအပ်မယ်ဆိုရင် တန်ဖိုးတခုတော့ပေးရနိင်တယ်။
၁။ ဥရာပမှာ ဘာသာအစွန်းရောက်တွေကို ကျဆုံးခဲ့ပြီ။
၂။ အရှေ့ အလယ်ပိုင်းမှာ ဘာသာရေးအစွန်းရောက်တွေ ကျဆုံးစပြုနေပြီ။
၃။ မြန်မာပြည်မှာ ဘာသာအစွန်းရောက်မှုတွေဟာ လဲ ကျဆုံးရမှာဖြစ်တယ်။
ကမ္ဘာ့သမိုင်းဖြစ်ရပ်တွေ၊ လက်ရှိကမ္ဘာကြီး သွားနေတဲ့ရေစီးကြောင်းအရ ဒစ်ဂျစ်တယ်
ခေတ် လူသားဟာ ပိုမိုလွတ်လပ်မှုတွေကို တောင်းဆိုလာနေပြီဖြစ်တယ်။ ဒါက
ပင်မရေစီးကြောင်းဖြစ်လာနေတယ်။ ဒီရေစီးကြောင်းကို ဟန်ချက်ညီမပေါင်းစပ်နိင်ရင်တော့
ဘာသာတရားကိုသွေးရူးသွေးတန်း ကြွေးကြော်ရင်း ကျဆုံးမယ်။
ရေစီးကြောင်းကိုတားစီးဖို့ ကြိုးစားရင် တော့ ..။
တားဆီးတဲ့သူဟာ လွှင့်မျောပျောက်ကွယ်သွားလိမ့်မယ်။
ရေစီးကြောင်းကြီးရဲ့တိုက်စားမှုကို ခံရမယ်။
ရေစီးကြောင်းက ကြီးတယ်။ ပြင်းထန်တယ်။ ဦးတည်ချက်ရှိတယ်။
လူသားရဲ့ ခန်းနားထယ်ဝါမှု နေ့ များ မဝေးတော့ပါဘူး။
မြန်မာနိင်ငံသားတွေရဲ့  ခန်းနားထယ်ဝါမှုနေရက်များ မဝေးတော့ချေပြီတကား။
ကမ္ဘာကြီးကား .. ပိုငြိမ်းချမ်းသောအရပ်ဆီသို့ ။ အတိုင်းမသိနက်ရှိုင်းတဲ့ လူလူခြင်းမေတ္တာတရားများ ဆီသို့ …။
ဗုဒ္ဓ၊ ခရစ်တော်နှင့် တမန်တော်မိုဟာမက်တို့  ဟောကြားခဲ့တဲ့တရား စစ် တရားမှန်များ
ကိုထွင်းဖေါက်နားလည်ခြင်း ဆီသို့  …။
မိုးသီးဇွန်
FNG ၏ သူ့  အတွေး သူ့  အမြင် ကဏ္ဍ
