ပြီး ခဲ့သည့် နှစ် မတ် လ က အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် ဆန်ဖို့ ဒ်တွင်
အာဖရိကန်-အမေရိကန် လူငယ် ထရေဗွန် မာတင် အား မိမိကိုယ်ကို ခုခံ ကာကွယ်
သည် ဟု ဆို ကာ သေနတ် ဖြင့် ပစ် သတ် ခဲ့ သည့် ဂျော့ ဇီမာမန်း အား မနေ့  က ခြောက်
ဦး ထိုင် အမျိုး သမီး တရား သူ ကြီး သုံး ဦး က အပြစ် မရှိ ကြောင်း စီရင် ချက် ချ ပြီး နောက်
ချက် ခြင်း ဆို သလို ပင် မိုင်ယာမီ ၊ ချီကာဂို ၊ နယူးယောက် ၊ ဆန်ဖရန် စစ္စကို ၊ အုခ်လန် ၊
အတ္တလန်တာ နှင့် လောစ်ဇင်း ဂျလိစ် မြို့  များ တွင် ဆန္ဒ ပြ မှု များ ပေါ် ပေါက် ခဲ့သည်။
ကာလီဖိုးနီးယား ပြည်နယ် ရှိ မြို့  တိုင်း တွင် ထရေဗွန် မာတင် အတွက် တရား မျှ တ မှု
ဆန္ဒပြ ပွဲ များ ပေါ် ပေါက် နေ ပြီး လောစ်ဇင်း ဂျလိစ် ဆန္ဒ ပြ မှု တွင် ရဲ နှင့် ဆန္ဒ ပြ သူ တို့ 
ပြင်းပြင်းထန်ထန် ပဋိပက္ခ များ ဖြစ် ပွား ခဲ့သည်။
အမေရိကန် အရှေ့  နှင့် အနောက် ဆက်သွယ် ထားသည့် I 10 အဝေး ပြေး လမ်း (LA)
ကို ဆန္ဒ ပြ သူ များ က ပိတ် ဆို့  ထား ပြီး မြို့  တွင်း လမ်း အချို့  ကို လည်း ပိတ် ဆို့  ထား
သည်။
အမေရိကန် တရား ရေး ဌာန က ဇီမာမန်း အား စီရင် ချ က် ချ သည့် အမှု ကို ပြန် လည် သုံး
သပ် ပါ မည် ဟု တနင်္ဂနွေေ န့  က သတင်း ထုတ် ပြန် ခဲ့သည်။
LA၊ ချီကာ ဂို နှင့် နယူး ယောာက် ရှိ ဆန္ဒ ပြ မှု များ ကို ဦးဆောင် ခဲ့သည့် HoddiesUp က နိုင်ငံ
အနှံ့  အထွေ ထွေ သပိတ် ကျင်း ပ ရန် ဆော် သြ ထားသည်။
ထရေဗွန် မာတင် သေဆုံး ရမှု သည် လူမျိုးရေး ခွဲခြားသည့် အပြု အမူ သဖွယ် ဖြစ်နေကြာင်း
MC Hammer, Wyclef Jean, Gabriel Union, Anderson Cooper စသည့် အကျော်
အမော် များ က ထောက်ပြ ကြ သည်။
၂၀၁၂ ခုနှစ် ဖောဖေါ်ဝါရီ လ ၂၆ ရက်နေ့ က ကုန်စုံ ဆိုင်မှ သကြားလုံး ၊ ကော်ဖီ ၀ယ်ပြီး ပြန်လာ သည့်
ထရေဗွန် မာတင် ကို ဂျော့ ဇီမာမန်း က ခေါင်းစွပ် စောင်း ထား ပြီး သူ့  ကို ခုခံ သောကြောင့်
ဟု ဆို ကာ ပစ်သတ် ခဲ့ သည်။
ဇီမာမန်း က မူ မိမိ ကိုယ် ကို ခုခံ ကာကွယ် ခြင်း ဖြစ်သည် ဟု ချေ ပခဲ့ သည်။ အမှု စတင် ဖြစ်ပွား
စဉ် က ဇီမာ မန်း ကို ဖမ်းဆီး ခြင်း တရား စွဲ ဆို ခြင်း မရှိ သော ကြောင့် အုံ ကြွ ဆန္ဒ ပြ မှု များ
ပေါ် ပေါက် ခဲ့သည်။
ယနေ့  ဖလော်ရီဒါ တွင် ဒါရိုက်တာ စပိုက်လီ၊ သရုပ် ဆောင် ဂေဘရီယလ် ယူနီယံ ၊ လူမည်း
ဘုန်းတော်ကြီး နှင့် လူ့  အအခွင့် အရေး တက် ကြွ လှုပ်ရှား အယ်(လ) ရှပ်တန် တို့  ဦးဆောင်
ဆန္ဒ ပြ ကြသည်။
LA ဆန္ဒ ပြမှု တွင် ဖမ်းဆီး မှု များ ရှိ ပြီး ၊ အုခ်လန် ဆန္ဒ ပြ မှု တွင် ဆန္ဒ ပြသူ များ က ရဲ မော်
တော် ကား များ ကို ရိုက် နှက် ဖျက် ဆီး ခဲ့ ကြသည်။
နယူးယောက် တွင် လည်း ဆန္ဒ ပြသူ များ ကို ဖမ်းဆီး မှု ရှိ ပြီး ဆန္ဒ ပြသူ များ က ဇီမာမန်း ကို
အပြစ် မရှိ ကြောင်း ဆုံး ဖြတ် မှု သည် လူ မျိုး ရေး ခွဲ ခြား မှု ဖြစ် သည် ဟု အော်ဟစ် ဆန္ဒ ပြ
ခဲ့ကြသည်။
Related articles
- Anti-Zimmerman Demonstrators Disrupt Traffic On 10 Freeway, Crenshaw Boulevard (losangeles.cbslocal.com)
- Zimmerman Acquittal Spurs Protests In Leimert Park (losangeles.cbslocal.com)
- 10 Freeway Blocked in Trayvon Martin Protest (PHOTO) (blogs.laweekly.com)
- Photos: Protesters Rally Against George Zimmerman Acquittal, Shut Down Metro Stop (laist.com)
- 1 arrest made in Los Angeles amid Trayvon Martin protests – @LANow (latimes.com)











One thought on “ဇီမာမန်း ကို အပြစ် မရှိ ကြောင်း ဆုံး ဖြတ် ပြီး နောက် အမေရိကန် မြို့  ကြီး တွေ မှာ ဆန္ဒပြ မှု တွေ ပေါ်ပေါက်”
Comments are closed.