ခွေးခိုးဂိုဏ်း တွေ အမြစ် ပြတ် နှိမ်နှင်းမှု မှာ ဆိုင်ရာ က ပါဝင် မှု အားနည်းနေ

မြန်မာ နိုင်ငံ က ခွေးတွေ အများ အပြား တရုတ် နိုင်ငံ ကို တင် ပို့  ခံ ရ မှု မှာ သက် ဆိုင်ရာ
တာဝန် ရှိ သူ တွေ ထဲထဲ ၀င်ဝင် ပါ ၀င် နေ ကြောင်း မန္တလေး မြို့  က ခွေးလေ ခွေး လွင့် ကယ်
တင် သူ တစ်ဦး က FNG ကို ပြော ပါတယ်။

တရုတ် နိုင်ငံ ကို ခွေး တွေ တင် ပို့  မှု မှာ သတို့  သမီး လောင်း နဲ့  နွား တွေ လို တရားမ၀င်
ခိုးဝှက် တင်ပို့  တာ မဟုတ် ပဲ သွင်းကုန် – ထုတ် ကုန် လိုင် စင် တွေ နဲ့  ဆောင် ရွက် တာ ဖြစ်
ပါတယ်။

မန္တလေး မှာ ညဘက် ခွေးတွေ ကို ဆိုင်ကယ် ဘေး တွဲ နဲ့  လိုက် ဖမ်းတာ ပိုင် ရှင် မဲ့ တွေ ရော
ပိုင် ရှင် ရှိ တွေ ရော အခု ပုလိပ် က ဦးထွန်းလင်း ခြံ ထဲ မှာ အကုန် ပြန် တွေ့  ပြီ။ ဦးထွန်းလင်း
ကို ဖမ်းတော့ သူ က ဘယ်သူ့ အဆက် အသွယ် တွေ ရှိ တယ် ဆိုတဲ့ အကြောင်း တောင် ရဲ
တွေ ကို ပြန် ဟောက် တာ ၊ ခွေး တင် ပို့  မှု နဲ့  မဟုတ် ဘူး ၊ တရားမ၀င် မော်တော် ဆိုင် ကယ်
လက် ၀ယ် တွေ့ ရှိ မှု နဲ့  အရေးယူတာ လို့  ပလိပ် မြို့  က ခွေး ချစ်သူ တစ်ဦး က ပြောပါတယ်။

ပလိပ် ခြံ ထဲ မှာ ဖမ်းထား တဲ့ ခွေး တွေ ကို ပြန် လည် ကယ် တင် နိုင် ခဲ့ ပြီး အချို့ ကို သူတို့  ရဲ့ 
မူလ ပိုင် ရှင် တွေ က လာရောက် ခေါ်ဆောင် နိုင်ခဲ့ တယ်လို့  ဆို ပါတယ်။

တရုတ် ကို ခွေး တင် ပို့  တဲ့ အဖွဲ့  တစ်ခု နှိမ် နှင်း လိုက် နိုင် ပေမယ့် အခြား အဖွဲ့  နှစ် ခု လောက် က
တော့ ရန်ကုန် နဲ့  မန္တလေး  မှာ ဆက် လက် လှုပ် ရှား နေ တယ် လို့  လဲ ဆို ပါတယ်။

ခွေး တွေ ဖမ်း ပလိပ် မှာ လှောင် ထား ပြီး တရုတ် ကို တင် ပို့  တဲ့ ဦးထွန်းလင်း ဟာ ပြည်ထောင်
စု ကြံ့ခိုင် ရေး နဲ့  ဖွံ့  ဖြိုး ရေး ပါတီ ၀င် တစ်ဦး ဖြစ်တယ် လို့  လဲ ပလိပ် မြို့  ဆေးရုံ က ၀န်ထမ်း
တစ်ဦး က ပြောပါတယ်။

တစ်ခါက တော့ လားရှိုး ဘက်မှာ အခု လို တရုတ် ကို ခွေး ပို့  တဲ့ လူ ကို ဒေသခံ တွေ က ဖမ်း မိတော့
တိရိစ္ဆာန် ညှင်းပန်း နှိပ် စက် မှု နဲ့  အရေး ယူပေး ပါ လို့  ပြော တော့ ” တာဝန် ကျ ရဲ က တိရိစ္ဆာန် ညှင်းပန်း
နှိပ် စက် ရေး ဥပဒေ မရှိ ဘူး ၊ အကုန် ဖမ်းချုပ် လိုက် မယ် ” ပြော လို့  စခန်း က  ပြန် ထွက် ပြေး လာ
ရတယ် လို့  လားရှိုး ဒေသခံ တစ်ဦး က FNG ကို ပြောပါတယ်။

Photo : Ko Kyaw Thu

မုံရွာ မြို့  မှ လမ်းဘေး ခွေး များ ကို အစာ ကျွေးသူ ဂျပန်စကားပြောသင်တန်းကျောင်းက ဆရာဦးခင်မောင်ဆန်း ဓာတ်ပုံ - ကျော်ဇေလတ်
မုံရွာ မြို့  မှ လမ်းဘေး ခွေး များ ကို အစာ ကျွေးသူ ဂျပန်စကားပြောသင်တန်းကျောင်းက ဆရာဦးခင်မောင်ဆန်း ဓာတ်ပုံ – ကျော်ဇေလတ်
ပုလိပ် မှာ အဖမ်းခံ ထား ခဲ့ ရတဲ့ ခွေးများ Photo - Saving Homeless Dogs Association - from mdy
ပုလိပ် မှာ အဖမ်းခံ ထား ခဲ့ ရတဲ့ ခွေးများ Photo – Saving Homeless Dogs Association – from mdy

2 thoughts on “ခွေးခိုးဂိုဏ်း တွေ အမြစ် ပြတ် နှိမ်နှင်းမှု မှာ ဆိုင်ရာ က ပါဝင် မှု အားနည်းနေ

Comments are closed.