အာဖဂန် နစ္စတန် နိုင်ငံ ကန်ဒါဟာ မြို့  တွင် ၂၀၁၂ ခုနှစ် မတ်လ က အမျိုးသမီး ၃ ဦး
နှင့် ကလေး ၉ ဦး အပါ အ၀င် အရပ်သား ၁၆ ဦး ပစ်ခတ် ခဲ့သည့် အမေရိကန် ကြည်း
တပ် တပ် ကြပ်ကြီး ရောဘတ် ဘေးလ် ကို ၀ါရှင်တန် ရှိ လူဝီ မက်ဟော့ ပူးတွဲ စစ်စခန်း
တွင် ထောင်ဒဏ် တစ်သက် တစ် ကျွန်း ချ မှတ် လိုက်သည်။
အသက် ၃၉ နှစ် အရွယ် ရှိ တပ် ကြပ်ကြီး သည် ခံဝန် ကတိ ဖြင့် အကျဉ်းထောင် ပြင်
ပ နေ ထိုင် ခွင့် ခံစား ခွင့် မပါ ဟု တရား ရုံး က အမိန့် ချမှတ်သည်။
ရောဘတ် ဘေလ်း အား တရားစီရင် မှု တွင် အာဖဂန် နစ္စတန် မှာ သေဆုံးသူ မိသားစု များ
၊ မျက်မြင် သက် သေ များ ကို အမေရိကန် အစိုးရ က အထူးလေယာဉ် ဖြင့် စီစဉ် ပြီး တရား
ခွင် တွင် ထွက် ဆို ခွင့် များ ပေး ခဲ့သည်။
မိုင် ၇၀၀၀ အကွာ မှ ရောက် လာသည့် အာဖဂန် နစ္စတန် များ ကို တည်းခိုရေး ၊ စားသောက်
ရေး နှင့် စကား ပြန်လည်း ငှားရမ်း ပေး ခဲ့သည်။ မတ်လ ၁၁ ရက် နေ့  က ပစ်ခတ်မှု ဖြစ်ပြီး
သမ္မတ အိုဘားမား က တောင်းပန်း စကား ဆို ပြီး အမေရိကန် ကာ ကွယ်ရေး ၀န်ကြီးဌာန က
အမေရိကန် ဒေါ်လာ ခြောက်သိန်း ရှစ်သောင်း ကရုဏာကြေးပေးခဲ့သည်။
ပစ်ခတ် မှု တွင် မိသားစု ၀င် ၁၁ ဦး အသပ် ဆုံး ရှုံးခဲ့သည့် Hajji Mohammad Wazir က သူ့ 
ကို ကြိုးပေး သတ်ဖြတ် ဖို့  တောင်းဆို ပါတယ်။ ကျွန်တော် က မိသားစု ၁၁ ယောက် ဆုံးရှုံး ခဲ့
သူ ပါ ဟု ပြောသည်။
ဆာဂျင်ကြီး ရောဘတ် ဘေးလ်း က မူ သေဆုံးသူများ အတွက် တောင်းပန် စကား ကို တည်တည်
ငြိမ်ငြိမ် ဖြင့် ပြောခဲ့သည်။
ရောဘတ်ဘေးလ် ၏ အကို ၊ မိခင် နှင့် ဇနီး တို့  လည်း တရား ခွင် ကို လာရောက်ခဲ့သည်။
Related articles
- Villagers unsatisfied by life sentence for Bales (kfwbam.com)
- Afghan villagers unsatisfied by massacre sentence (metronews.ca)

မြန်မာစာရေးဆရာ ကဗျာဆရာများ ရေးသားသော စာပေများကို သီးခြားဖတ် ရှုလိုပါသည်။